ဦးဆုံးပြောချင်တာတော့ ရေရေလည်လည်မိုက် ပက်ပက်စက်စက်ကောင်းတဲ့ စစ်ကား၊ ကြည့်နေရင်း မနက် ၃ နာရီထိုးလို့ထိုးသွားမှန်းမသိလိုက်ဘူး
တခြား စစ်ကားတွေမှာ မမြင်ရတဲ့အကွက်တွေမြင်ရမယ်၊ send in the cavalry ဆိုတာ အခုခေတ်မှာ သံချပ်ကာတို့ ဟယ်လီကော့ပတာတို့ကို စီးပြီးဝင်တာ၊ ဒါပေမယ့် ဒီကားမှာ တကယ့်သံချပ်ကာတွေမပေါ်ခင်ခေတ်ကလို send in the cavalry မြင်ရမယ်၊ မြင်းတွေနဲ့ တက်ပြီး ရန်သူ့ဖက်က တင့်ကားတွေ စက်သေနတ်တွေကြားထဲ တက်ထိုးတာ ရေလည်မိုက်။ အာဖဂန်စစ်ဘုရင်တွေရဲ့ စစ်တိုက်တဲ့ စတိုင်ထူးထူးဆန်းဆန်းကို မြင်ရမယ်။
ဇာတ်လမ်းကတော့ 9/11 World Trade Center ကိုတိုက်ခိုက်မှုအပြီးမှာ အာဖဂန်မှာ တာလီဘန်နဲ့ အယ်လ်ကေဒါတွေကို တန်ပြန်ထိုးစစ်ဆင်တဲ့စစ်ပွဲမှာ အာဖဂန်ထဲကို ပထမဦးဆုံးပို့လွှတ်ခံရတဲ့ ၁၂ ယောက် အထူးတပ်စုအကြောင်း တကယ့်ဖြစ်ရပ်မှန်
တာလီဘန်တွေရဲ့ အရေးအပါဆုံးမြို့ကို သိမ်းဖို့အတွက် ဒေသခံ စစ်ဘုရင်တစ်ယောက်နဲ့ ပေါင်းပြီးတော့ လေကြောင်းပစ်ကူအတွက်ကူညီပေးဖို့ ၀င်သွားရပြီး ထူးခြားတဲ့ အာဖဂန်စစ်ပွဲတွေ တိုက်ခိုက်ပုံ၊ စစ်ဘုရင်တွေကြားက ပြိုင်ဆိုင်မှုတွေ နဲ့ အခက်အခဲတွေကို အကောင်းဆုံးပြသွားနိုင်တဲ့ စစ်ကားပဲ။ အာဖဂန်အကြောင်းဒီလောက် ထင်ရှားအောင်ရိုက်ပြသွားနိုင်တဲ့စစ်ကား မကြည့်ဖူးသေးဘူး။
အကြိုက်ဆုံးကတော့ အပေါ်မှာပြောခဲ့သလိုပဲ မြင်းတွေစီးပြီးဝင်တာ အခုခေတ်တခြားစစ်ပွဲတွေမှာ မတွေ့ရနိုင်တဲ့ တိုက်ခိုက်ပုံပဲ။
အဓိပ္ပါယ်ရှိတာမရှိတာ၊ အမေရိကန်စစ်ကားထုံးစံ သူတို့ကောင်းတာချည်းပဲရိုက်ပြထားတာတွေ ဖယ်လိုက်မယ်ဆို မတရားကောင်းတဲ့စစ်ကားပါ။ မထင်မှတ်ထားတဲ့နေရာမှာ အားရပါးရ ရီရမယ့် ဟာသလေးတွေလဲပါတယ်။ စစ်ကားကြည့်ချင်တဲ့စိတ်ကို အာသာပြေသွားရလောက်အောင် ကောင်းတယ်လို့ ညွှန်းချင်တယ်။
မင်းသားကတော့ Thor မင်းသား Chris Hemsworth ဖြစ်လို့ အထူးညွှန်းစရာမလိုဘူး။
Review Credit to Original
File Size – 2.06 GB
Quality – Blu-Ray 1080P 6CH
Running Time – 2h 10min
Format – mkv
Genre – Action, Drama, History
Subtitle – Myanmar (Hard Sub)
Translator – Sanyo
Encoded By – K#/4nt_M1nn_K0