Exit print mode Print Data A+ A- Undo all

211 (2018)

Your life can change in an instant.
211 (2018)211 (2018)

Synopsis:

ကဲ ဒီမင်းသားကြီးဟာ မကြာခင်မှာ မြန်မာနိုင်ငံကို ဇာတ်ကားလာရိုက်တော့မှာဖြစ်ပါတယ်…..

အဲ့ဒါကြောင့် နောက်ဆုံးထွက်ထားတဲ့ ကားလေးကို မေ့နေမှာစိုးလို့ တင်ပေးလိုက်ပါတယ်….

 

ဒီတစ်ခါမှာတော့ မြန်မာပြည်ကပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးနေစရာတောင်မလိုအောင်

ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ရဲ့ မကြာသေးခင်ကမှ

ထွက်ရှိထားတဲ့ 211 ဆိုတဲ့ Crime Action ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့

မင်းသားကြီး Nicolas Cage က တာဝန်ကျေပွန်တဲ့ရဲသားကြီး Mike Chandler နေရာမှာ

ပါဝင်သရုပ်ဆောင်ထားပါတယ်။

Mike Chandler ဟာ တာဝန်ကျေပွန်လှတဲ့ ရဲသားကြီးတစ်ဦးပါ။ သမီးဖြစ်သူရဲ့ ခင်ပွန်းသည်

Steve ဟာလည်း ရဲသားတစ်ယောက်ဖြစ်ပြီးMike အနဲ့အတူ ကင်းလှည့်ရတဲ့ တွဲဖက်ဖြစ်ပါတယ်။

တစ်ရက်မှာ
အထက်တန်းကျောင်းက ကျောင်းသားတစ်ဦးဖြစ်တဲ့ Kenny ဟာ

ကျောင်းမှာခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရဲစခန်းမှာလုပ်အားပေးရမယ်ဆိုပြီး ဒဏ်ပေးခံရပါတယ်။

အဲဒီမှာ Kenny ဆိုတဲ့ကျောင်းသားဟာ
Mike တို့နဲ့အတူ ကင်းလှည့်ရမှာ လိုက်ပါဖို့ အကြောင်းဖန်လာပါတော့တယ်။

ဒီလိုနဲ့ သူတို့သုံးဦးဟာ ကင်းလှည့်ရင်း ကားမရပ်ရနေရာမှာ ရပ်ထားတဲ့ကားတစ်စီးကို

မသင်္ကာတာကြောင့် ၀င်စစ်ဆေးကြည့်ရမှာ ကြေးစားစစ်သားအဟောင်းတွေ ပေါင်းပြီး ဘဏ်ဓားပြတိုက်နေတာကို

သိသွားတဲ့အခါမှာတော့…….။

Nicolas Cage ဟာ အကြွေးတွေပတ်လည်ဝိုင်းနေတာကြောင့် လာကမ်းလှမ်းသမျှဇာတ်ကားပေါင်းစုံကို

မငြင်းနိုင်ဘဲ ရိုက်နေရတာကြောင့် ဇာတ်နိမ့်မင်းသားတစ်ဦးဖြစ်လာပါတော့တယ်။

ရုပ်ရှင်ဝေဖန်ရေးတွေရဲ့အထုအထောင်းကိုလည်း တော်တော်ခံခဲ့ရပါတယ်။

သို့ပေမယ့်လည်း ဒီဇာတ်ကားဟာတော့ အတော်လေးကြည့်လို့ကောင်းတဲ့ဇာတ်ကားပဲဖြစ်ပါတယ်..

ဇာတ်ကားအညွှန်းမူရင်းရေးသားထားသော် Brilliant Star  အား Credit ပေးပါတယ်ခင်ဗျာ..

 

Translator — Aung Myint Oo

Encoder — Sai Wunna

Original title
211
Director
Maria Djidrova, Milena Mihaylova, Vessela Bannzurkova, York Alec Shackleton
Stars
Aaron Cohen, Amanda Cerny, Cory Hardrict, Dwayne Cameron, Michael Rainey Jr., Nicolas Cage, Ori Pfeffer, Petar Mitev, Sophie Skelton, Weston Cage
Release Date
08 Jun 2018
Rated
R
Runtime
86 min
Awards
N/A
Country
USA, Bulgaria
Popularity
16.275
Status
Released
ID IMDb.com
tt4976192
IMDB Rating
4.4
IMDB votes
4,294
ID Themoviedb.org
500919
TMDb Rating
5.2
TMDb votes
122