Burmese Subtitle
BluRay 1080p 6CH 3 Idiots (2009)
Report error

3 Idiots (2009)

3 Idiots    

PG-13 170 min BollywoodComedyDrama

8.4
IMDB: 8.4/10 305,618 votes

, , , , , , , , ,

26 wins & 13 nominations.

India

3951

Report error

3 idiots ကို ဘယ်လိုရိုက်ခဲ့ကြလဲ?
ဘယ်လောက်ထိ အောင်မြင်ခဲ့လဲ?

2009 မှာ ထွက်ရှိခဲ့တဲ့ 3 idiots ဟာ ၂၀၁၉ မှာ ၁၀ နှစ်ပြည့်ပါပြီ။

3 idiots ကို မသိတဲ့သူ မကြည့်ဖူးသူ မရှိသလောက်ဖြစ်မှာပါ။ အကောင်းဆုံးပညာပေးရုပ်ရှင်ကားတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ဇတ်ကားထဲက ဇတ်ဝင်ခန်းနဲ့ ဒိုင်ယာလော့ဒ်တွေကလည်း တစ်ခုမှ ပစ်ရက်စရာမရှိအောင်ကို ကောင်းလွန်းတယ်။ရယ်ရတယ်။ ငိုရတယ်၊ ဝမ်းနည်း၊ ဝမ်းသာဖြစ်ရတယ်၊ ကြည်နှုးရတယ်၊ ရသစုံကို ပေးနိုင်ဇတ်ကားကောင်းလို့ ပြောနိုင်တယ်။ သူငယ်ချင်းအစစ်အမှန်ဆိုတဲ့အဓိပ္ပယ်ကိုလည်း ပြသွားသလို သားသမီးတွေက သူတို့ရည်ရွယ်ချက်အတိုင်း မလိုက်ရပဲ မိဘတွေဖြစ်စေချင်သလို လိုက်လျောပေးနေရတာ၊ ပညာသင်တယ်ဆိုတာ မည်ကာမတ္တသင်ကြားရုံ၊ အမှတ်ကောင်းတွေရရုံ သင်တာမဟုတ်ဘဲ အသုံးချတတ်အောင် ပြည့်ပြည့်၀၀နားလည်သဘောပေါက်အောင် သင်ပေးတတ်ရတယ်ဆိုတာကိုလည်း ပြသွားသလို အာရှနိုင်ငံတွေအများစုရဲ့ ပညာရေးသင်ကြားမှုပုံစံအားနည်းချက်တွေကို ထိထိမိမိ လှလှပပ သရော်ပြထားတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ ကြည့်ပြီးသူတွေအားလုံး သိကြမှာပါ။

အဲဒါကြောင့်လည်း ဒီရုပ်ရှင်ဟာ ရုပ်ရှင်ဝေဖန်သုံးသပ်သူတွေရဲ့ Rotten Tomatoes မှာ 100% အမှတ်ပြည့်ရတဲ့ ရုပ်ရှင်ဖြစ်သလို ပြည်ပရုံတင်ဝင်ငွေအများဆုံးရုပ်ရှင်ကား ၁၀ ကားထဲမှာ ၁၀ ခုမြောက်နေရာမှာ ရရှိသည်အထိ အောင်မြင်မှု ရရှိထားဆဲပါ။

3 idiots နောက်ကွယ်က
သင်မသိသေးတဲ့အချက် ၁၂ ချက်

၁။ 3 idiots ဟာ Chetan Bhagat ရဲ့ Five Point Someone ဆိုတဲ့ ဝတ္ထုကို မီငြမ်းပြီး ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။

၂။ 3 idiots ရဲ့ Main Character ရမ်ချိုနေရာမှာ သရုပ်ဆောင်ဖို့ ပထမဆုံး ရှရောခန်းနဲ့ ရိုက်ဖို့ စီစဉ်ထားတာပါ။ ရိုက်ရက်ငြိမရ၊ အဆင်မပြေဖြစ်တာကြောင့် ငြင်းပယ်လိုက်ပြီး အမိခန် Aamir Khan နဲ့သာ ရိုက်ဖြစ်သွားခဲ့ပါတယ်။

၃။ Aamir Khan ဟာ ဒီဇတ်ကားမတိုင်ခင် Weigh တက်အောင်လုပ်ပြီးရိုက်ထားတဲ့ Gajini 2008 ကို ရိုက်ထားတာဖြစ်တာကြောင့် 3 idiots ရိုက်နေစဉ်မှာ diet လုပ်ပြီး ရိုက်ခဲ့ရပါတယ်။ သူ့မွေးနေ့မှာတောင် ဝိတ်တက်မှာစိုးလို့ Birthday Cake ကို မစားဘဲ နွားနို့လောက်ပဲ သောက်ပြီး နေခဲ့ပါသတဲ့။

၄။ ဝိတ်တက်နေမှန်း မသိသာအောင် 3 idiots တစ်ကားလုံးမှာ Aamir Khan ဟာ အင်္ကျ ီ အပွတွေကိုသာ ဝတ်ဆင်ပြီး ရိုက်ခဲ့ပါတယ်။

၅။ 3 idiots ထဲက အင်ဂျင်နီယာကောလိပ် Imperial College of Engineering ICE ကောလိပ်အစစ်နဲ့တူနေတာဟာ Bangalore မြို့က Indian Institute of Managent (IIMB ) ကော်လိပ်အစစ်မှာ သွားရောက်ရိုက်ကူးထားတာကြောင့် ဖြစ်ပါတယ်။

၆။ 3 idiots တစ်ကားလုံးမှာ ရန်ချိုဟာ ဟိုသွားလိုက်သည်လာလိုက် ဂဏာမငြိမ်တာတာကို တွေ့ခဲ့ရမှာပါ။ Aamir Khan ဟာ သူ့ရဲ့ တူတော်မောင် ပြုမှုလုပ်ရှားပုံကို သတိထားမိခဲ့ပြီး ယခုခေတ်လူငယ်ဇတ်ရုပ်နဲ့ ပိုမိုပီပြင်အောင် လှုပ်လှုပ်ရှားရှားပုံစံနဲ့ တမင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

၇။ ဖာဟန်နဲ့ ရာဂျူးဟာ ကျောင်းအုပ်ကြီးဗိုင်းရပ်စ်ရဲ့ အရှက်ခွဲတာခံရပြီး စိတ်ညစ်ညစ်နဲ့ ၃ ယောက်သား အရက်သောက်ကြတဲ့အခန်းဟာ အမှန်တကယ် အရက်သောက်ပြီး ရိုက်ခဲ့ကြတာဖြစ်ပါတယ်။

၈။ 3 idiots မှာ ရာဂျူးနဲ့ ဖာဟန်က ရန်ချိုဆီ သွားကြတဲ့ အခန်းတွေကို အရင်ရိုက်ခဲ့ပြီး နောက်ကြောင်းပြန်တဲ့ တက္ကသိုလ်က အခန်းတွေကို နောက်မှ ရိုက်ခဲ့တာဖြစ်ပါတယ်။

၉။ 3 idiots ဟာ ကမ္ဘာကျော်ဒါရိုက်တာ Steven Spielberg ရဲ့ ချီးကျူးမှုကို ရရှိခဲ့ပြီး သူကိုယ်တိုင်လည်း ၃ ကြိမ်တောင် ကြည့်ခဲ့ပါတယ်တဲ့။

၁၀။ 3 idiots ဟာ အိန္ဒိယအကယ်ဒမီဖြစ်တဲ့ Filmfare Awards ၆ ဆုထိရခဲ့ပြီး နိုင်ငံတကာဆုတွေလည်း အများအပြားရခဲ့တဲ့အပြင် နိုင်ငံတကာ ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။

၁၁။ 3 idiots ကို တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်နဲ့ အရှေ့အာရှနိုင်ငံများမှာ ရုံတင်စပြတုန်းက အချိန်ကြာမြင့်စွာပြသခဲ့ရသည်အထိ
အောင်မြင်မှုရရှိခဲ့ပြီး အထူးသဖြင့် Aamir Khan ဟာ တရုတ် fan အများကြီး စတင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ Aamir Khan ဟာ Lagaan နဲ့ နာမည်ကြီးလာတာဖြစ်ပေမယ့် ဒီကားကြောင့် နိုင်ငံတကာက ပိုသတိထားမိခဲ့တာပါ။

၁၂။ 3 idiots ကို Tollywood က Nanban အမည်နဲ့
Remake ပြန်ရိုက်ခဲ့ပြီး Mexican ကလည်း 3 idiotas အမည်နဲ့ ရိုက်ခဲ့ပါတယ်။

3 idiots 2009
IMDB 8.4
Rotten Tomatoes 100%

Ref – Hindustan Time, Wikipedia

3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
3 Idiots (2009)
No downloads available

Related movies