47 Ronin (2013)
47 Ronin ဟာ ဇာတ်လမ်းဇာတ်အိမ်က ရိုးရှင်းပေမယ့်
နောက်ခံ အကြောင်းအရာတွေက စိတ်ဝင်စားဖွယ်ရာပါ ..
ဒီဇာတ်လမ်းဟာ ၁၈ ရာစုဂျပန်ပြည်မှာ ဖြစ်ခဲ့တဲ့ ဒဏ္ဍာရီပမာအဖြစ်အပျက် ကို ရုပ်ရှင်အဖြစ်
ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ် ..
.
ဆာမူရိုင်း ဆိုတာ အရှင်သခင်တစ်ဦး လက်အောက်က အမှုထမ်းဓားသမား တွေကို ခေါ်ကြခြင်းဖြစ်ပါတယ် ..
အဲ့လို အရှင်သခင် မရှိတော့တဲ့ ဆာမူရိုင်းဓားသမားတွေကို ရိုနင်(Ronin-将軍) လို့ခေါ်ဆိုကြပါတယ် ..
ဒီနေရာမှာ ဆာမူရိုင်းတွေရဲ့ စံချိန်တင်လောက်စရာ သစ္စာတရား နဲ့ ဂုဏ်သိက္ခာက ..
တကယ်လို့ အဲ့ဒီအရှင်သခင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားခဲ့ရင်
အဲ့ဒီအရှင်သခင်လက်အောက်က ဆာမူရိုင်း တွေဟာ တခြားအရှင်သခင်ဆီ မပြောင်းလဲတတ်ကြဘဲ
ရိုနင် အဖြစ်ခံယူလိုက်ကြပါတယ် ..
.
ဒါက ဇာတ်လမ်းရဲ့ နောက်ခံ အကြောင်းအရာတချို့ပါ ..
.
ဇာတ်လမ်းအကျဉ်း ကတော့ ပြောခဲ့ပြီးတဲ့အတိုင်း တကယ်ရိုးရှင်းပါတယ် ..။
.
အရှင်သခင်ဖြစ်သူ ရဲ့ မတော်မတရား လုပ်ကြံခံရပြီး သေဆုံးခဲ့ရတဲ့ အဖြစ်ကို
လက်စားချေဖို့ ကြိုးစားကြတဲ့ ဆာမူရိုင်းဟောင်းတွေအကြောင်းကို
နှစ်လိုဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားခြင်းပါပဲ ..။
.
ဂျပန်ပြည်ရဲ့ ရိုးရာဒဏ္ဍာရီ ရိုနင် ၄၇ ယောက် အကြောင်းကို ရိုက်ကူးပုံဖော်ခဲ့တာ
ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး ..
47 Ronin (1941) .. The Loyal 47 Ronin (1958) .. 47 Samurai (1962) ..
Ako-jo Danzetsu (1978) .. 47 Ronin (1994) .. နဲ့ .. Sligo no Chushingura (2010) ဆိုပြီး
အရှေမှာ ခြောက်ကား တိတိထွက်ခဲ့ပြီးဖြစ်ပါတယ် ..
Movie Review Credit FOF Myanmar