Exit print mode Print Data A+ A- Undo all

8 Mile (2002)

Every moment is another chance
8 Mile (2002)8 Mile (2002)

Synopsis:

8 Mile (2002) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး

Rap God ဖြစ်တဲ့ Eminem ရဲ့

ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ

Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။

Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊

Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့

77% ရရှိထားပါတယ်။

ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း

Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊

မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်

အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက်

စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။

Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊

ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာက

အတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။

ဇာတ်လမ်းအသွားကတော့

သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့

လူငယ် rapper လေးတစ်ယောက်က

သူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။

ဒါပေမယ့် သူ့မှာရှိနေတဲ့ ပြဿနာတွေက သူ့ကို သံသယပွားစေခဲ့ပါတယ်။

သူက လူလွတ်တစ်ယောက်ဖြစ်နေခဲ့ပြီး

သူ့မှာအသိဆိုလို့ သူငယ်ချင်း နည်းနည်းနဲ့

အရက်စွဲနေတဲ့ အမေရယ်ပဲ ရှိတာပါ။

စုတ်ချာလှတဲ့ သူ့ဘဝကနေ လွတ်လမ်းဆိုလို့ သူ့ရဲ့

ပင်ကိုယ်ပါရမီဖြစ်တဲ့ rap ရွတ်တာပဲရှိပါတယ်။

ဒတ်ထရိုက်မြို့ခံတွေကတော့ 8 Mile ဆိုတာ မြို့ရဲ့

နယ်နိမိတ်၊ နယ်ခြားမျဉ်း၊ စည်းလို့ပဲ သတ်မှတ်ကြပါတယ်။

ဒါပေမယ့် Jimmy Smith Jr.(Eminem) အတွက်ကတော့

သူ့ရဲ့ ဖြစ်ချင်မှုဆန္ဒတွေဆီကနေ စည်းခြားထားတဲ့

လိုင်းတစ်လိုင်းလည်းဖြစ်နေပါတယ်။

သူ့ရဲ့အခွင့်အလမ်းကို အမိအရယူမလား၊

လက်လွတ်အဆုံးရှုံးခံမလားဆိုတာကတော့….

Credit Review

Original title
8 Mile
Director
Curtis Hanson, David K. Riebel, Eric Heffron, Eva Z. Cabrera, Michael J. Moore
Stars
Anthony Mackie, Brittany Murphy, De'Angelo Wilson, Eminem, Evan Jones, Kim Basinger, Mekhi Phifer, Michael Shannon, Omar Benson Miller, Taryn Manning
Release Date
8 November 2002
Rated
R
Runtime
110 min
Awards
Won 1 Oscar. Another 14 wins & 21 nominations.
Country
USA
Budget
USD $41 000 000,00
Revenue
USD $242 875 078,00
Popularity
16.772
Status
Released
ID IMDb.com
tt0298203
IMDB Rating
7.1
IMDB votes
238,247
ID Themoviedb.org
65
TMDb Rating
7
TMDb votes
4004