A.I. Rising (2018)
The Future Is PresentSynopsis:
နည်းပညာတွေ တိုးတက်လာခဲ့တဲ့ခေတ်မှာ
AI လို့ ခေါ်တဲ့ Artificial Intelligence
(အသိဥာဏ်အတု) ဟာလည်း
တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။
AI ကို စက်ရုပ်တွေမှာ အများစု
အသုံးချလာကြပါတယ်။
ဒီတော့ တိုးတက်လာတဲ့ အသိဥာဏ်အတုဟာ
မှတ်ဥာဏ်တင်မဟုတ်ဘဲနဲ့ ခံစားတတ်တဲ့နှလုံးသားပါ
ရှိလာခဲ့မယ်ဆိုရင်….
အဲ့လိုမျိုး စဉ်းစားဖူးပါရဲ့လား?????
စက်ရုပ်နဲ့လူနဲ့ ချစ်ကြတဲ့ ဇာတ်လမ်းတွေ
အရင် ရှိခဲ့ဖူးပါတယ်။
ဒီဇာတ်လမ်းကလည်း စက်ရုပ်မလေးနဲ့
အာကာသယာဉ်မှူးကြီးရဲ့
အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
အချစ်ဆိုတာ ချစ်နေရုံနဲ့ မပြီးပါဘူး။
ရမ္မက်ကလေးကည်း ပါပါသေးတယ်။
လူနှစ်ယောက် တွယ်တာနှောင်ငြိတာဟာ
မထူးဆန်းပေမယ့် စက်ရုပ်နဲ့လူနဲ့ ငြိတွယ်ခဲ့တဲ့အခါ…..
စက်ရုပ်ကို လူသားထင်ပြီး
ချစ်ခင်စုံမက်လာခဲ့တဲ့အခါ…..
တိုးတက်လာတဲ့ စက်ရုပ်ရဲ့
အသိဥာဏ်ဟာ မှတ်သားတတ်ရုံတင်မဟုတ်ဘဲ
ခံစားတတ်လာတယ်ဆိုတာ ဟုတ်ပါ့မလား?
အာကာသယာဉ်မှူးကြီး စက်ရုပ်မလေးကို
လူအဖြစ် ဖန်တီးအသက်သွင်းချင်လာခဲ့တဲ့အခါ…..
သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးဟာ
သာယာဖြောင့်ဖြူးပါ့မလား?????
ဒီဇာတ်လမ်းမှာ
ကျွန်တော်သဘောကျတာတစ်ခု ရှိပါတယ်။
ယောက်ျားနဲ့မိန်းမကြားက အချစ်၊ သံယောဇဉ် နဲ့
ရမ္မက်ကို တွေးစရာဖြစ်အောင် ရိုက်ပြသွားနိုင်တဲ့
ဇာတ်ကွက်တချို့ပါပါတယ်။
ကြည့်ကြည့်ပါဗျာ။
သိပ္ပံအချစ်ဇာတ်လမ်းလေးဆိုတော့ မရိုးရပါဘူး။
IMDB 6.4 ရထားပြီးတော့
ဆုပေါင်း (၈)ဆုတိတိ ရရှိထားပါတယ်။
တစ်ခုတော့ သတိပေးထားပါရစေဦး။
တချို့ဇာတ်ကွက်တွေကိုတော့
၁၈ ယောက် ပြည့်မှ ကြည့်ကြပါလို့။
Review Credit to Channel Myanmar