Exit print mode Print Data A+ A- Undo all

A Private War (2018)

The Most Powerful Weapon Is The Truth
A Private War (2018)A Private War (2018)

Synopsis:

မင်းသမီး Rosamund Pike ရဲ့ သင်အကြိုက်ဆုံးဇာတ်ကားကို ပြန်စဉ်းစားလိုက်။ Pride & Prejudice လား၊ An Education လား၊ ဒါမှမဟုတ် Gone Girl လား။ ကျွန်တော့်အတွက်ကတော့ အခု A Private War ဇာတ်ကားပါပဲ။ 2018 အတွင်းမှာ နိုင်ငံရေးသမိုင်းတွေနဲ့ ပတ်သက်ပြီး သူမဆီက ဇာတ်ကား ၄ ကားတောင် ကျွန်တော်တို့ ကြည့်ခဲ့ကြရတယ်။ The Man with the Iron Heart တို့ ၊ Beirut တို့ ၊ Entebbe နဲ့ အခု A Private War ဆိုတဲ့ ဇာတ်ကား ၄ ကား။
.

စစ်သတင်းထောက်အမျိုးသမီးတစ်ယောက်က မေးခွန်းတွေကိုပြန်လည်ဖြေကြားနေတဲ့အချိန်။ အနောက်နို်င်ငံကလူေ တွ ရောက်မသွားခဲ့တဲ့ နေရာတစ်ခု။ ဘယ်မင်းသမီးက ဘယ်ပွဲမှာ ဘာဝတ်တာတို့ ၊ ဘယ်မင်းသားနဲ့ ဘယ်မင်းသမီးက ဘာဖြစ်နေတာတို့ ၊ အိမ်တစ်အိမ်မှာလူသတ်ခံသွားရတာတို့ ၊ ကားတိုက်မှုတို့  ခိုးမှု၊ လုယက်မှုတွေလောက်သာ တင်ပြနေတဲ့ နေ့ စဉ်သတင်းတွေထက် အပြင်ကမ္ဘာက ကျွန်တော်တို့ လူသားတွေမသိပဲ ထိုစစ်ပွဲတွေထဲမှာ အပြစ်မဲ့စွာသေကြေပျက်စီးနေကြတဲ့ သိန်းပေါင်းများစွာသော လူသားတွေရဲ့ အနာဂတ်တွေ၊ အသက်ရှင်ခြင်းတွေနဲ့ ဘဝတွေအတွက် ထိုစစ်သတင်းထောက်တွေဟာ သူတို့ ရဲ့ အသက်နဲ့ ထိုလူတွေရဲ့ အသက်ကို လဲလှယ်ပေးခဲ့ကြတယ်။ ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် စစ်သတင်းထောက် Marie Colvin ကို မေးခဲ့တဲ့ interview မှာ Marie Colvin က “I cared enough to go to these places and write in a way to make someone else care about it.” လို့ ပြန်လည်ဖြေကြားခဲ့တယ်။
.

Colvin ကိုအပြင်မှာ မြင်ခဲ့ဖူးတဲ့သူတွေက သူမကို သူမရဲ့ သင်္ကေတဖြစ်တဲ့ ဟိုးတုန်းကပင်လယ်ဓားပြတွေလိုပုံစံမျိုး မျက်စိတစ်ဖက်အုပ်နဲ့ တွဲမြင်ခဲ့ကြတယ်။ သူမက တစ်ကယ့်ကို အကြောက်အရွံ့ မရှိခဲ့တဲ့ လူသားတစ်ယောက်။ ထိုမျက်စိတစ်ဖက်အုပ်ရတဲ့ အခြေအနေကလည်း 2001 တုန်းက သီရိလင်္ကာရဲ့ ပြည်တွင်းစစ်ပွဲမှာ ဗုံးဒဏ်ထိပြီး မျက်စိတစ်ဖက် ကွယ်ခဲ့ရတာကြောင့်ပါ။ သူမတစ်သက်တာမှာ ထိုအချိန်ကဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအမြောက်အမြားကို သူမရောက်ခဲ့ဖူးတယ်။ Chechnya, Kosovo, Sierra Leone, Tunisia, Egypt, Zimbabwe, Sri Lanka, East Timor, Iran, Iraq, Syria, Libya အစရှိတဲ့နိုင်ငံတွေအတွင်းက နိုင်ငံရေးစစ်ပွဲပဋိပက္ခဖြစ်ရပ်တွေမှာ သူမ ဝင်ရောက်သတင်းယူနိုင်ခဲ့တယ်။ 1999 ခုနှစ်တုန်းကလည်း အရှေ့ တီမောနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ စုစုပေါင်းအယောက် 1500 ကျော်ကို အင်ဒိုနီးရှားထောက်ပံ့ထားတဲ့ တပ်တွေဝိုင်းထားတဲ့ကြားထဲက ကယ်တင်နိုင်ခဲ့တဲ့အတွက် ဆုတွေရခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းကလည်း တစ်ခြားသတင်းထောက်တွေ၊ အနောက်နိုင်ငံက နိင်ငံရေးသမားတွေ အကုန်ပြန်ပြေးခဲ့တဲ့အချိန်မှာ သူမနဲ့ တစ်ခြား အမျိုးသမီးသတင်းထောက် နှစ်ယောက်သာ ကျန်နေရစ်ခဲ့ပြီး ထိုဒုက္ခသည်တွေရဲ့  အဖြစ်ကို ကမ္ဘာကသိအောင် သတ္တိရှိရှိနဲ့ ချပြခဲ့ကြတယ်။ “Bravery is not being afraid to be afraid,” ကြောက်ဖို့ အတွက် မကြောက်တာက ရဲရင့်ခြင်းသတ္တိတရားပဲလို့ သူမပြောခဲ့ဖူးတယ်။ ထို့ အပြင် 1986 ခုနှစ်တုန်းကလည်း သူမဟာ သမိုင်းမှာ Muammar Gaddafi ကို ပထမဆုံး interview ခဲ့ရတဲ့ စစ်သတင်းထောက် အဖြစ် သူတို့ သတင်းထောက်လောကမှာ လေးစားခြင်းကို ခံရတယ်။ 2012 မှာ Syria မှာ သတင်းယူနေစဉ်အတွင်း Homs မြို့ မှာအပြစ်မဲ့ ပြည်သူတွေ ဗုံဒဏ်အလူးအလဲ ခံနေရတယ်လို့ သိလိုက်ရချိန်မှာ Homs မြို့ ပျက်အထိ သူမသွားရောက်ခဲ့တယ်။ ထိုဗုံးတွေက အကြမ်းဖက်သမားတွေဆီက မဟုတ်ပဲ Gaddafi အလွန် Bashar Assad တို့ အစိုးရသစ်က ကိုယ့်ပြည်သူတွေကို ကြဲနေတဲ့ဗုံးဆိုတာကို အနောက်နိုင်ငံကလူတွေ သိအောင် သူမကြိုးပမ်းခဲ့ပြီး ထိုဗုံးတွေနဲ့ ပဲ သူမအသက် ဆုံးရှုံးခဲ့ရတယ်။
.

Colvin က ထိုအန္တရယ်များပြားလွန်းတဲ့ နေရာတွေကို သိသိကြီးနဲ့ ထပ်ထပ်သွားခဲ့တယ်။ ဘာလို့ လဲဆိုတော့ သူမပြောပြချင်တဲ့၊ ကမ္ဘာကြီးကိုတင်ပြချင်တဲ့ ဇာတ်လမ်းတွေ၊ အကြောင်းအရာတွေ ရှိလို့ ပဲ။ အင်အားကြီးမားတဲ့ အုပ်စုတွေ၊ လက်နက်ကိုင်အုပ်စုတွေ၊ အစိုးရတွေ အစရှိတဲ့ အင်အားကြီးမားတဲ့ အဖွဲ့ အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေ၊ အမိန့် တွေဟာ အားနည်းတဲ့သာမာန်လူသားတွေရဲ့  ဘဝတွေကို ဘယ်လိုအကျိုးသက်ရောက်ပြီး ခံစားကြရသလဲဆိုတာ ကျွန်တော်တို့ တွေသိအောင် သူမထိုနေရာတွေသွားပြီး သတင်းရယူခဲ့တယ်။ ဒီဇာတ်ကားက သူမဘဝဖြစ်စဉ်နဲ့ သူမဆောင်ရွက်ခဲ့တဲ့ သတင်းထောက်ဘဝကို အပြည့်အစုံမတင်ပြခဲ့ပေမဲ့ ဇာတ်ကားနာမည်ရဲ့ A Private War ဆိုတဲ့အတိုင်း သူမရဲ့ အသိစိတ်ထဲမှာ သူမကိုယ်ပိုင်ရင်ဆိုင်နေရတဲ့ သီးသန့် စစ်ပွဲလေးတစ်ခုကို အဓိကထားပြီးပြသခဲ့တယ်။ ထို Colvin ဆိုတဲ့ အမျိုးဟာ နေ့ စဉ်နဲ့ အမျှ သူမရဲ့ အသက်ကိုစွန့် ပြီး သတင်းယူနေတဲ့ သတ္တိရှိနေတယ်လို့ အပြင်ပန်းမှာ မြင်နိုင်ပေမဲ့ လူသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် ရင်တွင်းမှာ ခံနိုင်ရည် ကုန်ဆုံးနေရတဲ့ လူတွေမသိတဲ့ သူမကိုယ်ပိုင်ခံစားချက်တွေကို မြင်ခဲ့ရတယ်။ ရုပ်ရှင်ထဲက Colvin ကတော့ ထိုခံစားချက်တွေ၊ အိပ်မက်ဆိုးတွေပျောက်အောင် သူမတတ်နိုင်တဲ့ နည်းလမ်းတွေနဲ့  တစ်ခါတစ်ရံ အရက်သောက်လိုက်ခြင်းဖြစ်ဖြစ်၊ တစ်ခါတစ်ရံတော့ အမျိုးသားတွေနဲ့ one night stand အိပ်လိုက်တာပဲဖြစ်ဖြစ်နဲ့ သူမကြိုးပမ်းပြီး ဖျောက်တယ်။ ယခု A Private War ဇာတ်ကားကို Cartel Land တို့ City of Ghosts တို့ လို Documentary ဇာတ်ကားတွေပဲ ရိုက်ကူးလေ့ရှိခဲ့တဲ့ Matthew Heineman က ရိုက်ကူးခဲ့တယ်။ ဒါဟာ ရုပ်ရှင်ဇာတ်ကားအနေနဲ့ Director အဖြစ် ပထမဆုံးရိုက်ကူးခဲ့တာပါ။
.

ကျွန်တော်တို့ ဘေးကသာမာန်လူတွေက တစ်ခါတစ်လေ Journalism သမားတွေ၊ Reporters သမားတွေကို ပျက်ရယ်ပြုတတ်ကြတယ်။ နိုင်ငံရေးသမားတွေနဲ့ ရှေ့ နေတွေလို ယုံကြည်ဖို့ မသင့်တဲ့ လူလိမ်တွေဆိုပြီး။ ဒါပေမဲ့ထို ဂျာနယ်လစ်သမားတွေ၊ သတင်းထောက်သမားတွေကပဲ စစ်ပွဲတွေကို သွားခဲ့တယ်။ အနိဌာရုံတွေကို မြင်ခဲ့ကြရတယ်။ ဒုက္ခကို ဒုက္ခမှန်းသိအောင် တင်ပြပေးခဲ့ကြတယ်။ သူတို့ အတွက်ထိုဒုက္ခတွေဟာ ရှောင်ပြေးလို့ လည်း မရသလို မေ့ပျောက်လို့ လည်း ရကြမှာ မဟုတ်ဘူး။ Colvin က သူမဘာကို အစိုးရိမ်ဆုံးလည်းဆိုတော့ သူမတင်ပြခဲ့တဲ့ ထိုစစ်သတင်းတွေက စာဖတ်သူတွေဆီကို တစ်ကယ်ရောက်ရှိသွားခဲ့တာတောင် စာဖတ်သူတွေကတော့ ဂရုမစိုက်ပဲ နေကြမှာကိုပဲတဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော်တို့ တွေ TV က သတင်းတွေပဲဖြစ်ဖြစ်၊ internet ကဖြစ်ဖြစ်၊ သတင်းစာကပဲဖြစ်ဖြစ် ထိုစစ်သတင်းတွေကြောင့် ပျက်စီးသွားကြရတဲ့ အပြစ်မဲ့တဲ့လူတွေရဲ့ သတင်းကို ကြားသိခဲ့ရလည်း တခဏတာ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ နောက်တော့လည်း မေ့သွားပြီး ထိုသတင်းတွေကို ဂရုမစိုက်ဖြစ်လာကြတော့ဘူး။ အခု ဒီဇာတ်ကား ကြည့်ပြီးတော့ ကျွန်တော်တို့ ဘာတွေလုပ်ပေးနိုင်ခဲ့သလဲ။ ပြီးတော့ သေချာစဉ်းစားကြည့်ကြမယ်ဆိုရင် ကျွန်တော်တို့ တွေ မသိလိုက်ပဲ ထိုစစ်ပွဲတွေမှာ အသက်ဆုံးရှုံးသွားကြရတဲ့ သတင်းထောက်တွေဟာ ဘယ်နှစ်ယောက်တောင် ရှိနေပြီလဲဆိုတာ။ သူတို့ တွေက တစ်ခြားပြည်သူတွေရဲ့ အသက်တွေအတွက် ဂရုစိုက်ခဲ့ကြပေမဲ့ သူတို့ အသက်တွေကိုတော့ ကျွန်တော်တို့ တွေ ဂရုမစိုက်ခဲ့ကြပါဘူး။

အညွှန်းကိုတော့ Movies-we watch,we feel ကနေပြီးကူးယူတင်ပြထားပါတယ်။

File Size – 1.75 GB
Quality- BluRay 1080p 6CH
Running Time – 1hr 51min
Format – mkv
Genre – BiographyDramaWar
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoder – Robinn Hood

Original title
A Private War
Director
Matthew Heineman
Stars
Alexandra Moen, Corey Johnson, Faye Marsay, Hilton McRae, Jamie Dornan, Nikki Amuka-Bird, Raad Rawi, Rosamund Pike, Stanley Tucci, Tom Hollander
Release Date
16 Nov 2018
Rated
R
Runtime
110 min
Awards
N/A
Country
UK, USA
Popularity
15.476
Status
Released
ID IMDb.com
tt2368254
IMDB Rating
6.7
IMDB votes
4,684
ID Themoviedb.org
475132
TMDb Rating
6.9
TMDb votes
52