Burmese Subtitle
BluRay 1080p 6CH A Star Is Born (2018)
Report error

A Star Is Born (2018)

A Star Is Born    

R 136 min DramaMusicRomance

8.0
IMDB: 8.0/10 144,110 votes

, , , , , , , , ,

1 nomination.

USA

295

Report error

ဒီကနေ့ကဏ္ဍလေးမှာတော့ အ မေရိကန်ဂီတအချစ်ဒရာမာဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ မင်းသား ဘရက်ဒလေကူးပါး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်သ လို ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး၁၉၃၇ က နာမည်တူအတိုင်းထွက်ရှိခဲ့တဲ့ ဇာတ်ကားကိုပြန်လည်ဆန်း သစ်ထားတာလည်း ဖြစ်ပါတယ်။

ဂျက်ဆင်မိန်းဟာ သူ့ဂီတဖျော်ဖြေပွဲတိုင်း လက်မှတ်ရောင်း မလောက်တဲ့အထိကို အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ် ပြီး အသောက်အစားစွဲလမ်းသူ လည်းဖြစ်ပေမယ့် ဒီအချက်ကို တော့ ပရိသတ်ကို ဖုံးကွယ်ထား နိုင်ခဲ့ပါတယ်။ ဂျက်ဆင်ရဲ့အစ်ကိုကြီး ဘော့ဘီက မန်နေဂျာတစ် ယောက်အဖြစ်နဲ့ အနီးကပ်စောင့် ရှောက်ပေးနေတာ ဖြစ်ပါတယ်။

အယ်လိုင်ကတော့ တက်သစ်စ သီချင်းရေးဆရာ၊ အဆို တော်တစ်ဦးဖြစ်ပြီး ဘ၀အခြေအနေအရ ဘားမှာ စားပွဲထိုးအ လုပ်ဝင်လုပ်နေသလို တစ်ခါတလေမှာ ဘားမှာ သီချင်းဆိုလေ့ ရှိပါတယ်။ တစ်ရက်မှာတော့ ဂျက်ဆင်ဟာ သူ့ဖျော်ဖြေပွဲအပြီး ဘားမှာ သောက်စားတုန်း အယ်လိုင် သီချင်းဆိုတာနဲ့ ကြုံခဲ့ပြီး အယ်လိုင်ရဲ့အစွမ်းအစကို သတိပြုမိခဲ့ ပါတယ်။

အဲဒီနောက် အယ်လိုင်နဲ့ မိတ်ဆက်စကားပြောပြီး ဂျက်ဆင်က အယ်လိုင်ကို သူနဲ့အတူ သီချင်းတွေလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အယ်လိုင်နဲ့ ရင်းနှီးသွားပြီးနောက် မှာတော့ ဂျက်ဆင်က သူ့ရှိုးပွဲတစ် ခုကိုလာဖို့ အယ်လိုင်ကို ဖိတ်ကြားခဲ့ပါတယ်။

အယ်လိုင်မသွားဘူးလို့လုပ် ထားပေမယ့် သူ့သူငယ်ချင်း ရေမွန် နဲ့အတူ သွားဖြစ်ခဲ့ပြီး ဟိုရောက်တဲ့အခါမှာတော့ ဂျက်ဆင်က သူနဲ့အတူ သီချင်းဆိုဖို့ အယ်လိုင် ကို စင်ပေါ်ခေါ်တင်ရာကနေ အယ်လိုင်တစ်ယောက် ဆိုရှယ်မီဒီယာမှာပါ နာမည်ကြီးသွားခဲ့ပါတော့ တယ်။

အယ်လိုင်ဟာ ဂျက်ဆင်နဲ့ အတူ ရှိုးပွဲအတော်များများအတူ ဖျော်ဖြေအပြီးမှာတော့ သူ့တို့နှစ်ယောက် မေတ္တာရှိသွားခဲ့ကြပါ တယ်။ ဂျက်ဆင်ဟာ အယ်လိုင် ကို အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ကြယ်တစ်ပွင့်ဖြစ် တဲ့အထိ ထောက်ပံ့ကူညီပေးပြီး နောက်ဆုံးမှာတော့ အယ်လိုင် တစ်ယောက် ဂရမ်မီဆုအထိပါ  ရခဲ့ပါတယ်။

အယ်လိုင်အောင်မြင်နေချိန် မှာ ဂျက်ဆင်ကတော့ စိတ်အလို လိုက်ပြီး သောက်စားတာတွေ အထိန်းအကွပ်မရှိ လုပ်ပြီးနောက် မှာတော့ ပြန်လည်ထူထောင်ရေး စင်တာရောက်တဲ့အထိပါ ဖြစ် သွားခဲ့ပါတယ်။

အနုပညာကြယ်တစ်ပွင့်အ ဖြစ် ရပ်တည်နိုင်သွားတဲ့ အယ်လိုင်နဲ့ ဂျက်ဆင်တို့ရဲ့ မေတ္တာ ဇာတ်လမ်းက ဘယ်လိုအဆုံး သတ်မှာလဲ၊ အောင်မြင်တဲ့ ဂီတလမ်းကြောင်းပေါ်ရောက်ဖို့ ဘယ်လိုတွေ ကြိုးစားအားထုတ်ခဲ့ရ သလဲဆိုတာတွေကို ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား ဘရက်ဒလေကူးပါးနဲ့အတူ အ ဆိုတော် လေဒီဂါဂါက အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ် ပါတယ်။

အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 2.17 GB
Quality- Blu Ray 1080p 6CH
Running Time – 2hr 16min
Format – mkv
Genre – DramaMusicRomance
Subtitle – Myanmar (Hard Sub)
Translator – Su Myat Kyaw Linn
Encoded By – Ye Thant Oo

A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
A Star Is Born (2018)
No downloads available

Related movies