Burmese Subtitle
BluRay 1080p 6CH A Taxi Driver (2017)
Report error

A Taxi Driver (2017)

A Taxi Driver    

NOT RATED 137 min ActionDramaHistory

7.8
IMDB: 7.8/10 7,892 votes

, , , , , , , , ,

16 wins & 21 nominations.

South Korea

35

Report error

A Taxi Driver(2017) ကို ဒါရိုက်တာ ဂျန်ဟွန်း ရိုက်ကူးထားပြီး ဆောင်းကန်ဟိုမှ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Gwangju Democratization Movement, Gwangju Uprising, Gwangju Massacre လို့ လူသိများတဲ့ ဂွမ်ဂျူးမြို့မှာဖြစ်ပွားခဲ့တဲ့ ၁၉၈၀ မေ၊ ၁၈ အရေးအခင်း အား ရိုက်ကူးထားတဲ့ သမိုင်းဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ သတင်းထောက် Jurgen Hinzpeter (ကွယ်လွန်) ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ပြောကြားချက်မှ ရိုက်ကူးထားခြင်းပါတယ်။

ဒီရုပ်ရှင်ကားနဲ့ပတ်သတ်ပြီး Personal Feeling အနေနဲ့ ဆိုရင်တော့
1. Character Developing
2. သရုပ်ဆောင်စွမ်းရည်
3. ဇာတ်ညွှန်း(ဇာတ်လမ်းဖွဲ့စည်းမှု) တို့ကို ပြောချင်ပါတယ်။
ပြောခဲ့တဲ့အတိုင်း ကိုရီးယားနိုင်ငံက ဒီအဖြစ်အပျက်ဟာ မြန်မာပြည်က ၈၈အရေးအခင်း၊ စက်တင်ဘာအရေးအခင်း နဲ့ ဆင်တူလှပါတယ်။ အစိုးရမှ မတရားမှုနဲ့ ဖိနှိပ်လာတဲ့ အခါ ပြည်သူတွေဟာ ပိုပြီးစည်းလုံး တတ်ကြပါတယ်။ စာသင်ခန်းထဲက ကျောင်းသားလေးဟာလည်း သူများအတွက် အသက်စွန့်ဝံ့သူတစ်ယောက် ဖြစ်လာနိုင်ပြီး ကိုယ့်မိသားစု တဖို့တည်း ကြည့်တတ်တဲ့ တက္ကစီမောင်းသမားဟာလည်း သေနတ်ရှေ့ကို မကြောက်မရွံ့ တိုးလာတတ်ပါတယ်။

ဒါဟာ သူတို့ နိုင်ငံရေးကို နားလည်လို့၊ တချိန်မှာ ဟီးရိုးတွေအဖြစ် နာမည်ကြီးလာဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေရှိလို့ကြောင့် မဟုတ်ပဲ မတရားမှုဟာ လူတိုင်းဂုတ်ပေါ်ခွစီးထားတာကို မျက်ဝါးထင်ထင် ကြုံခဲ့ရတဲ့အချိန်မှာ သူတို့ရဲ့ မတရားတာကို တွန်းလှန်ချင်စိတ်က မောင်းနှင်ခဲ့လို့ပါပဲ။

ဒီကားမှာ လည်း အဓိကသရုပ်ဆောင် ဆောင်းကန်ဟို ရဲ့ မုဆိုးဖို၊ သမီးတယောက်အဖေ၊ နိုင်ငံရေးကို န ကန်းတလုံးတောင် နားမလည်တဲ့ အခြေခံလူတန်းစား တက္ကစီကားသမား ကို ဖော်ညွှန်းရာမှာ ပီပြင်လွန်းလှပါတယ်။ ဆန္ဒပြပွဲတွေ မြင်ရင် ကိုယ့်စီးပွားပျက်တယ်လို့ မြင်ပြီး ဆန္ဒပြတဲ့လူတွေကို သူအလုပ်လုပ်ခဲ့တဲ့ ဆော်ဒီ ကို ပို့ချင်တယ်ဆိုတဲ့ လူတယောက်ကနေ သေနတ်နဲ့ အုပ်ချုပ်နေတဲ့အရပ်မှာ စစ်တပ်ကအလိုရှိတဲ့ လူတယောက်ကို စစ်တပ်ကို ဖြတ်ပြီး(အပြန်) ပို့ဆောင်ပေးတဲ့ သတ္တိရှိသူ တစ်ယောက် အဖြစ် ဇာတ်ကောင်စရိုက်ကို ဖော်ညွှန်းရာမှာ ကျနော်တို့ မြင်နေတွေ့နေကျ ပေါ်လစီကားတွေထဲကလို အကြီးကြီးတွေပြောမနေပါဘူး။ သာမာန် တက္ကစီကားသမား တစ်ယောက်ပုံသာ သူသရုပ်ဆောင်ခဲ့ပါတယ်။

ကားမှာပါဝင်တဲ့ မစ္စတာပီတာ(Thomas Kretschmann)၊ ကင်မန်ဆူရဲ့ သူငယ်ချင်းအိမ်ရှင်ဖြစ်သူ(Ko Chang-seok)၊ အိမ်ရှင်ဇနီး စန်းဂူ အမေ(Jeon Hye-jin)၊ ကင်မန်ဆူရဲ့ သမီး အွန်ဂျောင်း(Yoo Eun-mi)၊ ကျောင်းသားလေး ဂျေဆစ်(Ryu Jun-yeol)၊ ဂွမ်ဂျူးတက္ကစီဆရာ ဟွမ်တေးဆူ(Yoo Hae-jin) တို့ဟာ သူတို့ရဲ့ ဇာတ်ကောင်စရိုက် အလိုက် ကျရာအခန်းမှာ ပီပြင်စွာ A Taxi Driver ကို ရုပ်လုံးကြွအောင် ပုံဖော်ထားကြပါတယ်။

ဒီကားကို ကြည့်ပြီးတဲ့အခါမှာ ဇာတ်ကားကြောင့် ထိထိခိုက်ခိုက် ခံစားရပါတယ်။ ထပ်ပြီးခံစားမိတာကတော့ ဇာတ်ကားနဲ့ ဆက်စပ်ကာ ထပ်မံ ကြေကွဲပြီး ယူကျုံးမရဖြစ်တာပါပဲ။ ကျနော်တို့ နိုင်ငံမှာလည်း ဒီလို ဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ၈၈ အရေးအခင်းမှာ မွေးလာတဲ့လူတယောက်ဖြစ်တဲ့ ကျနော်အဖို့ ၈၈ ကိုမမီပေမယ့် ဥက္ကလာသားတစ်ယောက်ဖြစ်လို့ စက်တင်ဘာအရေးအခင်းနဲ့ လက်တကမ်း ကိုယ်တွေ့ကြုံလာခဲ့ရပါတယ်။ ဒီကားကို ကြည့်မိတဲ့အခါမှာ စက်တင်ဘာအရေးအခင်းတုန်းက ခံစားမှုတွေဟာ တဖန်ပြန်ပေါ်လာပါတယ်။

ဒီလိုမျိုး လက်နက်ရှိသူက လက်နက်မဲ့ကို အနိုင်ကျင့်တာ၊ ဆန္ဒပြသူတွေကို ရိုက်နှက်ဖြိုခွင်းတာတွေကို အပိုအလိုမရှိတင်ဆက်နိုင်ခဲ့ပြီး ကြည့်ရှုသူကို ဂုတ်က ဆွဲခေါ်ကာ အဲဒီအရေးအခင်းထဲကို ပစ်ချလိုက်သလို ခံစားမိစေပါတယ်။ ဘယ်အရေးအခင်းမှာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးတွေ ရှိပါလား ဆိုတာကို နားလည်ရလောက်အောင် A Taxi Driver(2017) ဟာ အနုပညာမြောက်လှပါတယ်။

ခုနကပြောတဲ့ ယူကျုံးမရဖြစ်ပြီး ကြေကွဲဝမ်းနည်း ရပါတယ်ဆိုတဲ့ Second Feeling ကတော့ ကျနော်တို့ မှာ ဒီလိုမျိုးဖြစ်ရပ်တွေ ရှိခဲ့ပေမယ့် ၈၈ အောက်မေ့ခြင်း အခမ်းအနားကို ရယ်သွမ်းသွေးရလောက်အောင် မသိတဲ့၊ စာပေလွတ်လပ်ခွင့်ဆိုတာ စစ်အစိုးရကနေ ပြောင်းလာတဲ့အစိုးရကပဲ ပေးသယောင်ယောင် နားမလည်ကြတဲ့၊ ကျနော်တို့ရဲ့ နောက်ပိုင်း မျိုးဆက်တွေဟာ ကြောက်ခမန်းလိလိ များလာတာကို တွေ့လာရပါတယ်။ ဒီလူငယ်တွေ မသိတာ အပြစ်လို့လည်း ပြောလို့မရပါဘူး၊ ကျနော်တို့ဆီမှာ မျိုးဆက်သစ်တွေ သမိုင်းခါးဆက်ပြတ်ရလောက်အောင် ကို စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာတွေဟာ သမိုင်းကို ဖော်ကျူးနိုင်စွမ်း အားနည်းခဲ့ကြပါတယ်။

ကျနော်တို့ဆီမှာက ဟံသာဝတီဦးဝင်းတင်ထက် ပန်ဆယ်လို နဲ့ ဘူးလက်လှဆွေ ဟာ လူသိများနေတာကိုး၊ ရုပ်ရှင် အနုပညာ ဘက်ကိုကြည့်ရင်လည်း ဒီလိုကားမျိုးတွေ ထွက်လာဖို့ မပြောနဲ့၊ “ဇွတ်ကျား” နဲ့ ဒစ်လည်နေကြတာ ဆိုတော့ ကျနော်ဟာ ဒီရုပ်ရှင်အပြီးမှာ မြန်မာ့ရုပ်ရှင်လောကအတွက်ရော၊ ခေတ်အဆက်ဆက် Democratization လှုပ်ရှားမှုတွေမှာ အသက်စွန့်ခဲ့ရတဲ့ အမေ့အလျော့ခံ သာမာန်ပြည်သူတွေ၊ ကျောင်းသားတွေ အတွက်ရော ယူကျုံးမရဖြစ်ပြီး ကြေကွဲဝမ်းနည်းမိတာ မလွန်ဘူးလို့ထင်ပါတယ်။
Trivia များကို အောက်ကပုံများကို ဖိ၍ ဖတ်ရှုနိုင်ပါတယ်။

အညွှန်းကိုတော့ M-MDB Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 2.16 GB
Quality- Blu-Ray 1080p 6CH
Running Time – 2hr 17min
Format – mkv
Genre – Action, Drama, History
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – Htet Aung Moe

A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
A Taxi Driver (2017)
No downloads available

Related movies