Burmese Subtitle
BluRay 1080p 6CH After.Life (2009)
Report error

Report error

ချစ်သူနဲ့ စကားများပြီး
မိုးရွာထဲ ကားမောင်းထွက်လာတဲ့
အလယ်တန်းပြ ကျောင်းဆရာမ
အန်နာ တစ်ယောက်
ပြင်းထန်တဲ့ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားပြီး
အသုဘအခမ်းအနားအတွက် ပြင်ဆင်နေသူရဲ့ရှေ့မှာ
ပြန်လည်နိုးထလာခဲ့တယ်
ထိုသူက သူမကို သေသွားပြီလို့ပြောပေမယ့်
စိတ်ရှုပ်ထွေးမှု ထိတ်လန့်တုန်လှုပ်မှုတွေနဲ့
အသက်ရှင်လျက်ရှိနေသေးတယ်လို့
ခံစားနေရတဲ့ အန်နာ ဟာ
သူမသေဆုံးတယ်ဆိုတာကို မယုံကြည်ဘူး
နောင်တမလွန်ဘဝကူးကောင်းဖို့အတွက်
အသုဘအခမ်းအနားပြင်ဆင်သူရဲ့
တကယ်သေပြီဆိုတဲ့ အာမခံချက်ရှိသော်လည်း
သူမကိုယ်သူမ သေဆုံးတယ်လို့
ထပ်ပြီး လုံးဝမယုံကြည်ခဲ့ပြန်ဘူး
ဒီလိုနဲ့ အန်နာတစ်ယောက်
အသုဘအခမ်းအနားပြင်တဲ့အိမ်မှာ ပိတ်မိနေပြီး
အာသုဘအခမ်းအနားပြင်ဆင်သူက
လူသေတွေနဲ့ ဆက်သွယ်နိုင်စွမ်းရှိပြီး
သူမကို ကူညီပေးနိုင်တဲ့
တစ်ယောက်ထဲသောသူ ဖြစ်တယ်ဆိုတာကို
ယုံကြည်တစ်ဝက် မယုံကြည်တစ်ဝက်
ဖြစ်လာခဲ့ပြီးနောက်မှာတော့ ……
ဒီရုပ်ရှင်ရဲ့အဓိကအကြောင်းရင်းက
သေတဲ့အခါ ဘာဖြစ်လာမလဲ
သေခြင်းနဲ့ သင်္ဂြိုဟ်ခြင်းတို့အကြား
အကူးအပြောင်းကာလမှာ
အတိတ်ကို ပြန်ပြောင်းသုံးသပ်ပြီး
စဉ်းစားတွေးတော ဆင်ခြင်နိုင်စေမယ့်
ရုပ်ရှင် ကားကောင်းတစ်ကား
ဖြစ်တယ်/မဖြစ်ဘူး ဆိုတာကတော့
အဆုံးထိကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်ပါလို့ ….
အညွှန်းနဲ့ဘာသာပြန်သူကတော့ Kyaw Swar Winn Thant (ဘစွာ) ပဲဖြစ်ပါတယ်

After.Life (2009)
After.Life (2009)
After.Life (2009)
After.Life (2009)
  • Download Links Server Size Quality