အာလာဒင္ ဆိုတာ မသိသူမရွိသေလာက္ ေက်ာ္ၾကားခဲ႔တဲ႔ ပံုျပင္ ကာတြန္းတစ္ပုဒ္ပါ။ မၾကည့္ဖူးရင္ေတာင္ အာလာဒင္နဲ႔ မီးခြက္ေစာင့္ဘီလူးဆိုတာ ၾကားဖူးလိမ္႔မယ္၊ ဒီကျပန္ဆြဲတဲ႔ ကာတြန္းစာအုပ္ေတြ ဖတ္ဖူးလိမ္႔မယ္။ အဲဒီကြ်န္ေတာ္တို႔ ငယ္ငယ္က ႀကိဳက္ခဲ႔ ရင္းနီးခဲ႔ရတဲ႔ ဒီဇာတ္ေကာင္ေတြဟာ ရုပ္ရွင္အျဖစ္နဲ႔ ေငြေရာင္ပိတ္ကားေပၚ ျပန္ေရာက္လာခဲ႔ပါၿပီ။
ကြ်န္ေတာ္ ဒီရုပ္ရွင္ၾကည့္ေတာ႔ စစခ်င္း ၁၅ မိနစ္ေလာက္ထိ သိပ္သေဘာမက်ပါဘူး။ ကိုယ္ကိုယ္တိုင္က serious ကားေတြ၊ ရုပ္ရွင္ေတြပဲၾကည့္၊ plot hole ေတြလိုက္ရွာနဲ႔ လုပ္ေနက်ဆိုေတာ႔ ဒီလိုကေလးဆန္ၿပီး silly ျဖစ္တဲ႔၊ plot hole ေတြမ်ားတဲ႔ကား ဆိုတာ႔ စစၾကည့္ၾကည့္ခ်င္း အဝင္မေခ်ာခဲ႔ဘူး။ အက်င့္ပါေနတာကိုး။ ဒါေပမဲ႔ အာလာဒင္ မီးခြက္ရတဲ႔အခ်ိန္ကစၿပီး ၾကည့္ရတာ အက်င့္သားရသြားခဲ႔တယ္။ တစ္ကားလံုး ေပ်ာ္ခဲ႔ရတယ္။ လႊတ္ရယ္ခဲ႔ရတယ္။ Disney ရဲ႕ လန္ထြက္ေနတဲ႔ VFX ေတြနဲ႔ music and song တို႔ၾကားမွာ လြင့္ေမ်ာခဲ႔ရတယ္။ တစ္ေလွ်ာက္လံုးနီးပါး ပ်င္းစရာမရွိခဲ႔ဘူး။ ကြ်န္ေတာ္ကိုယ္တိုင္က အာလာဒင္ကာတြန္းအေၾကာင္း သိပ္မမွတ္မိေတာ႔လို႔။ မွတ္မိတဲ႔လူတြအတြက္ဆို childhood ျပန္ေရာက္သြားသလို ျဖစ္လိမ္႔မယ္ထင္တယ္။
အာလာဒင္က ကေလးၾကည့္ပံုျပင္တစ္ပုဒ္။ ဆိုေတာ႔ သူ႔မွာ တကယ့္ fairytale လိုပဲ ဇာတ္လမ္းရွိတယ္။ ဇာတ္ေကာင္ေတြက silly ျဖစ္ခ်င္ျဖစ္ေနမယ္။ Plot hole ေတြ ပါခ်င္ပါေနမယ္။ ဒီကားကလည္း ဒီအခ်က္ေတြကိုေျပာင္းၿပီး လူႀကီးေတြႀကိဳက္ေအာင္လုပ္ရိုက္ထားတဲ႔ကားမဟုတ္ဘူး။ မူရင္းအတိုင္းနီးပါးကိုမွ upgrade လုပ္ထားတဲ႔ကား။ ဆိုေတာ႔ လူတိုင္းလည္းႀကိဳက္ခ်င္မွႀကိဳက္လိမ္႔မယ္။ ဒါေပမဲ႔ ကြ်န္ေတာ္တို႔လို အာလာဒင္နဲ႔ တျခား disney ကာတြန္းေတြနဲ႔ ႀကီးလာတဲ႔လူေတြအတြက္ေတာ႔ ေပ်ာ္စရာပါပဲ။ တခါတေလလည္း serious ေတြးေန၊ ခံစားေနစရာမလိုပဲ ဒီလိုေပါ႔ေပါ႔ပါးပါး ေပ်ာ္ဖို႔ေကာင္းတဲ႔ကားေတြလည္း ၾကည့္ရဦးမွပဲ မဟုတ္လား။
Visual ပိုင္းမွာေတာ႔ Disney ကေတာ႔ Disney ပါပဲ။ A Whole New World ဆိုတဲ႔အတိုင္း လံုးဝအစအဆံုး ဖန္တီးထားခဲ႔တယ္။ ၿမိဳ႕ထဲမွာ အာလာဒင္ ထြက္ေျပးတယ္၊ မ်က္စိတစ္ဆံုး ၿမိဳ႕ႀကီးကိုျမင္ရမဲ႔အျပင္ အဝတ္လွန္းေနတဲ႔လူေတြ၊ ေရာင္စံု ပိတ္စနဲ႔ ပစၥည္းေတြ အစံုျမင္ရမယ္။ ဆင္ေတြ ျမင္းေတြနဲ႔ ကေနတဲ႔အကြက္ေတြဆိုလည္း choreographer နဲ႔ costume design က ရွယ္။ Sultan ရဲ႕ နန္းတြင္းအျပင္အဆင္ကိုလည္း ျမန္မာဘုန္းႀကီးေက်ာင္းတစ္ေက်ာင္း ပံုစံယူၿပီး ဖန္တီးထားတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာထားတယ္။ ဒီ production quality အကုန္လံုးက ေတာ္ေတာ္အကုန္အက်ခံ အပင္ပန္းခံ ျပင္ဆင္ထားတယ္။ Will Smith ရဲ႕ Genie က တစ္မ်ိဳးေတာ႔တစ္မ်ိဳးပဲ။ ဒါေပမဲ႔ ျပႆနာမရွိပါဘူး။ သူ႔နည္းသူ႔ဟန္နဲ႔ေတာ႔ အဆင္ေျပတယ္ၾကည့္ရတာ။
Review Credit to Datshin Facebook Page
(Unicode)
အာလာဒင် ဆိုတာ မသိသူမရှိသလောက် ကျော်ကြားခဲ့တဲ့ ပုံပြင် ကာတွန်းတစ်ပုဒ်ပါ။ မကြည့်ဖူးရင်တောင် အာလာဒင်နဲ့ မီးခွက်စောင့်ဘီလူးဆိုတာ ကြားဖူးလိမ့်မယ်၊ ဒီကပြန်ဆွဲတဲ့ ကာတွန်းစာအုပ်တွေ ဖတ်ဖူးလိမ့်မယ်။ အဲဒီကျွန်တော်တို့ ငယ်ငယ်က ကြိုက်ခဲ့ ရင်းနီးခဲ့ရတဲ့ ဒီဇာတ်ကောင်တွေဟာ ရုပ်ရှင်အဖြစ်နဲ့ ငွေရောင်ပိတ်ကားပေါ် ပြန်ရောက်လာခဲ့ပါပြီ။
ကျွန်တော် ဒီရုပ်ရှင်ကြည့်တော့ စစချင်း ၁၅ မိနစ်လောက်ထိ သိပ်သဘောမကျပါဘူး။ ကိုယ်ကိုယ်တိုင်က serious ကားတွေ၊ ရုပ်ရှင်တွေပဲကြည့်၊ plot hole တွေလိုက်ရှာနဲ့ လုပ်နေကျဆိုတော့ ဒီလိုကလေးဆန်ပြီး silly ဖြစ်တဲ့၊ plot hole တွေများတဲ့ကား ဆိုတာ့ စစကြည့်ကြည့်ချင်း အဝင်မချောခဲ့ဘူး။ အကျင့်ပါနေတာကိုး။ ဒါပေမဲ့ အာလာဒင် မီးခွက်ရတဲ့အချိန်ကစပြီး ကြည့်ရတာ အကျင့်သားရသွားခဲ့တယ်။ တစ်ကားလုံး ပျော်ခဲ့ရတယ်။ လွှတ်ရယ်ခဲ့ရတယ်။ Disney ရဲ့ လန်ထွက်နေတဲ့ VFX တွေနဲ့ music and song တို့ကြားမှာ လွင့်မျောခဲ့ရတယ်။ တစ်လျှောက်လုံးနီးပါး ပျင်းစရာမရှိခဲ့ဘူး။ ကျွန်တော်ကိုယ်တိုင်က အာလာဒင်ကာတွန်းအကြောင်း သိပ်မမှတ်မိတော့လို့။ မှတ်မိတဲ့လူတွအတွက်ဆို childhood ပြန်ရောက်သွားသလို ဖြစ်လိမ့်မယ်ထင်တယ်။
အာလာဒင်က ကလေးကြည့်ပုံပြင်တစ်ပုဒ်။ ဆိုတော့ သူ့မှာ တကယ့် fairytale လိုပဲ ဇာတ်လမ်းရှိတယ်။ ဇာတ်ကောင်တွေက silly ဖြစ်ချင်ဖြစ်နေမယ်။ Plot hole တွေ ပါချင်ပါနေမယ်။ ဒီကားကလည်း ဒီအချက်တွေကိုပြောင်းပြီး လူကြီးတွေကြိုက်အောင်လုပ်ရိုက်ထားတဲ့ကားမဟုတ်ဘူး။ မူရင်းအတိုင်းနီးပါးကိုမှ upgrade လုပ်ထားတဲ့ကား။ ဆိုတော့ လူတိုင်းလည်းကြိုက်ချင်မှကြိုက်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အာလာဒင်နဲ့ တခြား disney ကာတွန်းတွေနဲ့ ကြီးလာတဲ့လူတွေအတွက်တော့ ပျော်စရာပါပဲ။ တခါတလေလည်း serious တွေးနေ၊ ခံစားနေစရာမလိုပဲ ဒီလိုပေါ့ပေါ့ပါးပါး ပျော်ဖို့ကောင်းတဲ့ကားတွေလည်း ကြည့်ရဦးမှပဲ မဟုတ်လား။
Visual ပိုင်းမှာတော့ Disney ကတော့ Disney ပါပဲ။ A Whole New World ဆိုတဲ့အတိုင်း လုံးဝအစအဆုံး ဖန်တီးထားခဲ့တယ်။ မြို့ထဲမှာ အာလာဒင် ထွက်ပြေးတယ်၊ မျက်စိတစ်ဆုံး မြို့ကြီးကိုမြင်ရမဲ့အပြင် အဝတ်လှန်းနေတဲ့လူတွေ၊ ရောင်စုံ ပိတ်စနဲ့ ပစ္စည်းတွေ အစုံမြင်ရမယ်။ ဆင်တွေ မြင်းတွေနဲ့ ကနေတဲ့အကွက်တွေဆိုလည်း choreographer နဲ့ costume design က ရှယ်။ Sultan ရဲ့ နန်းတွင်းအပြင်အဆင်ကိုလည်း မြန်မာဘုန်းကြီးကျောင်းတစ်ကျောင်း ပုံစံယူပြီး ဖန်တီးထားတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောထားတယ်။ ဒီ production quality အကုန်လုံးက တော်တော်အကုန်အကျခံ အပင်ပန်းခံ ပြင်ဆင်ထားတယ်။ Will Smith ရဲ့ Genie က တစ်မျိုးတော့တစ်မျိုးပဲ။ ဒါပေမဲ့ ပြဿနာမရှိပါဘူး။ သူ့နည်းသူ့ဟန်နဲ့တော့ အဆင်ပြေတယ်ကြည့်ရတာ။
Review Credit to Datshin Facebook Page