၁၉၉၉ ခုနှစ်ထုတ် American Beauty ဆိုတဲ့ဇာတ်ကားကို မြည်းစမ်းကြည့်ကြပီလား
လူတိုင်းလှို့ဝှက်ချက်ကိုယ်စီရှိကြတယ်
ကျနော်တို့အထင် အပွင့်လင်းဆုံးဆိုတဲ့ အမေရိကန်တွေ
တောင်မှ လှို့ဝှက်ချက်ရှိတယ် ( သူတို့ကပိုများမယ်ထင်တယ် ) ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တွေမှာလည်းတူတူပဲ
အမေရိကန်ယဉ်ကျေးမှုဆိုတာ ဒါမျိုးတွေဖြစ်ဖို့တွန်းအားပေး
တယ်..ဆိုတဲ့ အမြင်ကို မီးမောင်းထိုးပြလိုက်တာပဲ
ပြသချိန် ၂ နာရီအတွင်း ဇတ်ကွက်တခုမှ အချိတ်အဆက်မမိတာမရှိဘူး။
ကြည့်နေရင်း တစ်ချို့အခန်းတွေက မမျှော်ထားတော့ ရှော့ရသွားတယ်?
ဇာတ်ကောင်တစ်ယောက်ချင်းရဲ့ ဇရိုက် သရိုပ်မှန်ကို နောက်ဆုံးပိုင်း ၁၀ မိနစ်အလိုကျမှသိရတယ်
မထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့ ရုပ်ရှင်ကြည့်သူကို ဆွဲခေါ်သွားလိုက်တာ ဇတ်လမ်းဆုံးမှ အော်..ဒီလိုပါလားဆိုပီး တစ်ပွဲလုံးကို ခြုံငုံ သုံးသတ်မိတော့တယ်။
ဇာတ်လမ်းကို Spoil လိုက်လို့ အရသာပျက်သွားမှာစိုးတယ်။
ဒီဇာတ်ကားကို
၁ ရှေးရိုးစွဲသမားတွေ မကြည့်သင့်ဘူး
၂ နားရှက်တတ်သူတွေမကြည့်သင့်ဘူး
ဘာသာပြန်တဲ့နေရာ အတတ်နိုင်ဆုံး ယဉ်ကျေးထားပါတယ်
လွဲမှားတာရှိရင် ခွင့်လွှတ်ကြပါကုန်
ကျနော်တယောက်တည်းရဲ့အမြင်ဖြစ်လို့ မှန်တယ်မှားတယ် မပြောလိုပါဘူး
ကိုယ်တိုင်ကြည့်ပီး ဆုံးဖြတ်ကြပါ။
ကျနော့်ကို ဒီဇာတ်ကားကြည့်ဖို့ တိုက်တွန်းတဲ့မိတ်ဆွေကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျ၊
(အညွန်းကိုတော့ Ko Phyo Nyi Nyi ရဲ့ Facebook Account မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)
File Size – 1.93GB
Quality – Blu-Ray 1080P 6CH
Running Time – 2h 02min
Format – mkv
Genre – Drama
Subtitle By – Wai Linn Kyaw
Encoded By – Htet Aung Moe