Burmese Subtitle
BluRay 1080p 6CH Annabelle Comes Home (2019)
Report error

Annabelle Comes Home (2019)

Annabelle Comes Home    

R 106 min Conjuring UniverseHorrorMysteryThriller

6.0
IMDB: 6.0/10 30,216 votes

, , , , , , , , ,

N/A

USA

590

Report error

[Unicode]

ကျွန်တော် Annabelle:Comes Home ကိုreview မလုပ်သေးခင် အရုပ်ကလေးရဲ့နာမည် ကိုအသေချာမိတ်ဆက်ပေးချင်ပါတယ်။ သူ့နာမည်က “အန်နာဘယ်လ်” ပါ။ တွေ့နေ ကြားနေရတဲ့တချို့တွေခေါ်သလို “အန်နာဘီလီ”တို့ “အန်နာဘဲလာ”တို့ မဟုတ်ပါဘူး။ အဲ့ဒီနာမည်က ဒီအရုပ်ကိုစတင်ဖန်တီးပြုလုပ်ခဲ့တဲ့Dollmaker “Mullins”ရဲ့ သမီးလေး “Annabelle Bee Mullins” ရဲ့ ရှေ့ဆုံးနာမည်ပါ။ အဲ့အကြောင်းကို နောက်နောင်များမှာအလျင်းသင့်လျှင်သင့်သလိုဖော်ပြပေးသွားပါဦးမယ်။

ဆိုတော့ကာ အခု Annabelle:Comes Home ဆီကိုသွားဖို့အတွက် Conjuring Universe အကြောင်းကို နည်းနည်းလေးပြောပြချင်တယ်။
C U မှာ ပထမဦးဆုံးအစပြုတဲ့ဇာတ်ကားက 1952 က Romania နိုင်ငံရဲ့ Saint Cartha ဘုန်းတော်ကြီးကျောင်းမှာ သီလရှင်တစ်ပါးသေဆုံးမှုနဲ့ ဇာတ်လမ်းစတဲ့ The NUN ပဲ ဖြစ်ပါတယ်။ အဲ့ဇာတ်ကားရဲ့ အဆုံးမှာ လယ်သမားMaurice Frenchie ဆီကို spiritပူးကပ်ပါသွားတာကိုအားလုံးသိကြမှာပါ။ အဲ့ဒီအဆက်ဟာ နှစ်၂ဝကြာပြီးတဲ့နောက် Edနဲ့Lorraine Warrenတို့နှစ်ယောက်က လယ်သမား Maurice ကို exorcism လုပ်နေတာကို University Seminar တစ်ခုမှာ presentation လုပ်ပေးနေတာနဲ့ ပြန်ပြီး အစချီထားတဲ့ The Conjuring ပါ ။ 1971 က တကယ့်ဖြစ်ရပ်မှန်ကို based on လုပ်ထားတဲ့ 2013 ခုနှစ်ထွက်The Conjuring က C U ရဲ့အဖွင့်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
အဲ့တော့ The Conjuring ဟာ ခုနကပြီးသွားတဲ့The Nun ကနေ transpire ဖြစ်လာတယ်။ ကျွန်တော်တို့အခုသွားမယ့်အကြောင်းရင်း Annabelle Comes Home က Time line အရဆိုရင် 1952 က The NUN အပြီး နဲ့ 1973 က The Curse of La Lloronaမလာမီ ကြားထဲမှာ ဖြစ်သွားတဲ့ sequence ပါ။ Annabelle series မှာ ပထမဦးဆုံးထွက်တဲ့ကားက 1967 ဇာတ်ကြောင်းကို ပုံဖော်ထားတဲ့ Annabelle (2014) ပါ ၊ အဲ့ဒါပြီးတော့ ဒုတိယဇာတ်ကားအဖြစ် 1955 ဇာတ်လမ်း Annabelle:Creation(2017) ၊ နဲ့ အခုတတိယမြောက် 1971 ရဲ့ ဇာတ်ကြောင်းအဖြစ် The Legend of The Annabelle Doll ကို based on လုပ်ထားတဲ့ Annabelle:Comes Home (2019) ဖြစ်ပါတယ်။

အညွှန်းကတော့ Behind the Movie မှကူးယူဖော်ပြထားတာဖြစ်ပြီး ကျွန်တော် Arrow ကဘာသာပြန်တင်ဆက်ပေးထားပါတယ်။

 

[Zawgyi]

ကၽြန္ေတာ္ Annabelle:Comes Home ကိုreview မလုပ္ေသးခင္ အ႐ုပ္ကေလးရဲ့နာမည္ ကိုအေသခ်ာမိတ္ဆက္ေပးခ်င္ပါတယ္။ သူ႔နာမည္က “အန္နာဘယ္လ္” ပါ။ ေတြ႕ေန ၾကားေနရတဲ့တခ်ိဳ႕ေတြေခၚသလို “အန္နာဘီလီ”တို႔ “အန္နာဘဲလာ”တို႔ မဟုတ္ပါဘူး။ အဲ့ဒီနာမည္က ဒီအ႐ုပ္ကိုစတင္ဖန္တီးျပဳလုပ္ခဲ့တဲ့Dollmaker “Mullins”ရဲ့ သမီးေလး “Annabelle Bee Mullins” ရဲ့ ေရွ႕ဆုံးနာမည္ပါ။ အဲ့အေၾကာင္းကို ေနာက္ေနာင္မ်ားမွာအလ်င္းသင့္လၽွင္သင့္သလိုေဖာ္ျပေပးသြားပါဦးမယ္။

ဆိုေတာ့ကာ အခု Annabelle:Comes Home ဆီကိုသြားဖို႔အတြက္ Conjuring Universe အေၾကာင္းကို နည္းနည္းေလးေျပာျပခ်င္တယ္။
C U မွာ ပထမဦးဆုံးအစျပဳတဲ့ဇာတ္ကားက 1952 က Romania နိုင္ငံရဲ့ Saint Cartha ဘုန္းေတာ္ႀကီးေက်ာင္းမွာ သီလရွင္တစ္ပါးေသဆုံးမႈနဲ႔ ဇာတ္လမ္းစတဲ့ The NUN ပဲ ျဖစ္ပါတယ္။ အဲ့ဇာတ္ကားရဲ့ အဆုံးမွာ လယ္သမားMaurice Frenchie ဆီကို spiritပူးကပ္ပါသြားတာကိုအားလုံးသိၾကမွာပါ။ အဲ့ဒီအဆက္ဟာ ႏွစ္၂ဝၾကာၿပီးတဲ့ေနာက္ Edနဲ႔Lorraine Warrenတို႔ႏွစ္ေယာက္က လယ္သမား Maurice ကို exorcism လုပ္ေနတာကို University Seminar တစ္ခုမွာ presentation လုပ္ေပးေနတာနဲ႔ ျပန္ၿပီး အစခ်ီထားတဲ့ The Conjuring ပါ ။ 1971 က တကယ့္ျဖစ္ရပ္မွန္ကို based on လုပ္ထားတဲ့ 2013 ခုႏွစ္ထြက္The Conjuring က C U ရဲ့အဖြင့္႐ုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။
အဲ့ေတာ့ The Conjuring ဟာ ခုနကၿပီးသြားတဲ့The Nun ကေန transpire ျဖစ္လာတယ္။ ကၽြန္ေတာ္တို႔အခုသြားမယ့္အေၾကာင္းရင္း Annabelle Comes Home က Time line အရဆိုရင္ 1952 က The NUN အၿပီး နဲ႔ 1973 က The Curse of La Lloronaမလာမီ ၾကားထဲမွာ ျဖစ္သြားတဲ့ sequence ပါ။ Annabelle series မွာ ပထမဦးဆုံးထြက္တဲ့ကားက 1967 ဇာတ္ေၾကာင္းကို ပုံေဖာ္ထားတဲ့ Annabelle (2014) ပါ ၊ အဲ့ဒါၿပီးေတာ့ ဒုတိယဇာတ္ကားအျဖစ္ 1955 ဇာတ္လမ္း Annabelle:Creation(2017) ၊ နဲ႔ အခုတတိယေျမာက္ 1971 ရဲ့ ဇာတ္ေၾကာင္းအျဖစ္ The Legend of The Annabelle Doll ကို based on လုပ္ထားတဲ့ Annabelle:Comes Home (2019) ျဖစ္ပါတယ္။

အညႊန္းကေတာ့ Behind the Movie မွကူးယူေဖာ္ျပထားတာျဖစ္ၿပီး ကၽြန္ေတာ္ Arrow ကဘာသာျပန္တင္ဆက္ေပးထားပါတယ္။

Annabelle Comes Home (2019)
Annabelle Comes Home (2019)
Annabelle Comes Home (2019)
Annabelle Comes Home (2019)
Annabelle Comes Home (2019)
Annabelle Comes Home (2019)
No downloads available

Related movies