Burmese Subtitle
BluRay 1080p 6CH Annihilation (2018)
Report error

Report error

ဒီကနေ့တော့ စိတ်ကူးယဉ် သိပ္ပံ ဇာတ်လမ်းလေးတွေ သဘောကျ တဲ့ ပရိသတ်တွေအကြိုက်တွေ့ မယ့် ဇာတ်ကားလေး ဖော်ပြလိုက် ပါတယ်။

သန္ဓေပြောင်း သတ္တဝါတွေ၊ သစ်ပင်ပန်းမန်တွေနဲ့ သီးခြားရှိနေ တဲ့ ဆန်းကြယ်တဲ့ နယ်မြေတစ်ခု ဆီကို သုတေသနပြုဖို့သွားကြတဲ့ သိပ္ပံပညာရှင်တွေ ကြုံဆုံရမှာကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါ တယ်။

လီနာဟာ အမေရိကန်စစ် သားဟောင်းဖြစ်သလို ကလာပ် စည်း ဇီဝဗေဒပါမောက္ခတစ်ဦး လည်းဖြစ်ပါတယ်။ တစ်ရက်မှာ တော့ လီနာရဲ့ခင်ပွန်း ကိန်းဟာ စစ်ဆင်ရေးတစ်ခု သွားရင်း ပျောက်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ အိမ်ပြန်ရောက်လာခဲ့ပြီး ကိန်းဟာ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လုံးဝသတိမရသလို အိမ်ကို ဘယ်လိုပြန်ရောက်လာ မှန်းလည်းမသိဖြစ်ကာ ချက်ချင်းဆိုသလို သတိလစ်မေ့မြောသွား ပါတယ်။

ထူးဆန်းတဲ့ အခြေအနေမို့ အစိုးရအထူးလုံခြုံရေးအဖွဲ့ဟာ ကိန်းကို ကန့်သတ်နယ်မြေတစ်ခု မှာ စမ်းသပ်စစ်ဆေးမှုတွေ လုပ် ခဲ့ပါတယ်။ ကိန်းဟာ ဘယ်လိုမှ သတိမရတော့ဘဲ ကိုမာဖြစ်သွား ခဲ့ပါတယ်။ တကယ်တော့ ကိန်းနဲ့ အဖွဲ့ဟာ The Shimmer (ခေါ်) Area X ဆိုတဲ့ တံလျှပ်တွေလို တလျှပ်လျှပ်ဖြစ်နေတဲ့နေရာတစ် ခုဆီကို စစ်ဆင်ရေးသွားခဲ့ကြတာ ဖြစ်ပြီး ကိန်းတစ်ယောက်သာ အ သက်ရှင်လျက်ပြန်ရောက်လာ တာ ဖြစ်ပါတယ်။

အဲဒါနဲ့ အန္တရာယ်ရော၊ စိန် ခေါ်မှုရော အများကြီးရှိနေတဲ့ Area X ကို သွားရောက်လေ့လာ ဖို့အတွက် လီဟာနာ ဒေါက်တာ ဗန်းထရက်စ်ရဲ့အဖွဲ့နဲ့ ပူးပေါင်း ခဲ့ပါတယ်။ Area X မှာဆိုရင် သန္ဓေပြောင်းသတ္တဝါတွေရှိသလို တစ်ခါမှ မမြင်ဖူးတဲ့ ပန်းပင်တွေ၊ သစ်ပင်တွေလည်း ရှိနေတာပါ။ လီနာတို့အဖွဲ့တွေဟာ မြင်သမျှ ဆန်းကြယ်မှုတွေကို လိုက်လံသု တေသနလုပ်ရင်း သတ္တဝါဆန်းကြီးတွေရဲ့ရန်ပြုခြင်းခံရပါတယ်။

လီနာတို့အဖွဲ့တွေ Area X မှာ ဘယ်လို အန္တရာယ်တွေကြုံရ မှာလဲ။ ကိန်းရဲ့ ရောဂါဆန်းကို ကော ကုသနိုင်မယ့် နည်းလမ်းရှာ တွေ့မှာလား။ Area X ကနေ လွတ်မြောက်ခွင့်ရပါ့မလားဆို တာကိုတော့ ကိုယ်တိုင်ဆက် ကြည့်လိုက်ဦးနော်။

ဒီဇာတ်ကားမှာ လီနာအဖြစ် နာတာလီပို့တ်မန်းက အဓိက သရုပ်ဆောင်ထားပြီး ဂျန်နဖာဂျေ ဆင်လေး၊ ဂီနာရော့ဒရီဂူဇ်၊ တက် ဆာသော်ပ်ဆန်၊ တူဗာနိုဗော့နီ၊ အော်စကာအိုက်စက် စသူတွေ ပါဝင်ပါတယ်။

(အညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားတာဖြစ်ပါတယ်။)

File Size – 1.82 GB
Quality – Blu-Ray 1080P 6CH
Running Time – 1h 55min
Format – mp4
Genre – Adventure, Drama, Horror
Subtitle – Myanmar (Hard Sub)
Translator – Aung Khant
Encoded By – K#/4nt_M1nn_K0

Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
Annihilation (2018)
  • Download Links Server Size Quality