Apollo11(2019)ကတော့ ဒါရိုက်တာ Todd Douglas Miller မှတည်းဖြတ်၊ ထုတ်လုပ်ပြီး ရိုက်ကူးထားတဲ့
ဖြစ်ရပ်မှန် 2019 American Documentary ကားတစ်ကားဗျ ဒီကားကို ၁၉၆၉ Apollo 11 mission ရဲ့
နှစ်၅၀ပြည့်အထိန်းမှတ်အဖြစ်ထုတ်လွှင့်ခဲ့ဆိုတော့ ဘယ်သရုပ်ဆောင်တစ်ဦးတစ်ယောက်မှတော့မပါဘူးဗျ
အကြောင်းရာကလဲ ကျွန်တော်တို့အားလုံးသိရှိပြီးဖြစ်တယ် လပေါ်ကို ပထမဦးဆုံးရောက်ရှိခဲ့တဲ့
အာကသယာဥ်မှူး ၃ယောက် အကြောင်းလေးဆိုတော့ စိတ်၀င်စားဖို့တော့ အင်မတန်ကောင်းတယ်ဗျ
အရင်ကကျနော် Documentary Type တွေကြည့်လေ့ကြည့်ထမရှိပေမယ့်ခုတကြိမ်တော့ စိတ်၀င်စားတာနဲ့
ကြည့်မှ ပထမဆုံးခြေလှမ်းချခွင့်ရတဲ့သူရဲ့ အတွေးထဲ အယ့်ဒီချိန်မှာဖြစ်ပျက်နေမယ့် ရင်တွင်းခံစားချက်ကို
ခံစားမိခြင်လာတာတော့အမှန်ဘဲဗျာ သူတော်တော်ပီတိဖြစ်နေမှာမလွဲဧကန်ဘဲဗျာ ကြည့်ကြည့်ပါ
ဇာတ်ကားတွက် ပေးလိုက်ရတဲ့ အချိန် ၂ နာရီနဲ့တန်တဲ့ ပီတိမျိုးကို ခံစားရမှာပါ.
ဘက်ခ်အန်ဒရင်း၊ နီးလ်အမ်းစထရောင်း နှင့် မိုက်ကယ်ကောလင်း ဆိုတဲ့ ၃ဦးကျတာ့
Apollo Program နဲ့ လကမ္ဘာပေါ်ခြေချခွင့်ရခဲ့သူ ၃ ဦးပေါ့နော် နော်ပြီး
ခု Documentary လေးထဲမှာ ထိုပုဂ္ဂိုလ် ၃ဦးလုံးကို မြင်ခွင့်ရမှာဆိုတော့
ဒီ Documentary လေးကလက်မလွှတ်သင့်တဲ့အရာတခုပေါ့ဗျာ
ကျနော့လိုဇာတ်ကားချေးများတဲ့သူတောင်ကြည့်တဲ့ Apollo 11(2019)
အညွှန်းရေးသားသူကတော့ ကျွန်တော် Zun Moe ဖြစ်ပြီးတော့ Htet Naung Oo ကအကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်။