Arjun Reddy (2017) မြန်မာစာတန်းထိုး
***********************************
Google Users – 94%
IMDB – 8.5/10
(အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတာ ကျန်တာတွေကို ဂရုစိုက်စရာမလိုဘူး
အေး…တစ်ခုတော့ရှိတယ်နော် ကိုယ်နဲ့မဆိုင်ရင် အဝေးမှာ နားနေလိုက်
လက်သီးက ဥပုဒ်စောင့်ထားတာ မဟုတ်လို့ လူရွေးမှာမဟုတ်ဘူး……)
မှတ်ချက်။ ။ တစ်ကားလုံးတွင် ဆေးလိပ်သောက်ခန်းများစွာနှင့် အရက်သောက်ခန်းများစွာ ပါဝင်သောကြောင့်
အသက် ၁၈ မကျော်သေးသော်သူများ မကြည့်ရှုသင့်ပါ။
စတာ…စတာ…. ကလေးတွေလည်း ကြည့်ပေါ့
ကိုယ်လုပ်မှ ကိုယ်ဖြစ်တာပါ……
အညွန်း
******
ဒီဇာတ်ကားလေးကိုကြည့်ပြီးတော့ ဘာကိုသွားသတိရလည်းဆိုတော့ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးထားတဲ့
” ဆုံးရှူံး ရသည်ဆိုထက်
အဓိပ္ပါယ်ရှိရှိ ချစ်ပြတတ်ခဲ့ခြင်းပါလို့
မြင်စေ့ချင်တယ် ခိုင် ”
အာဂျန်ဆိုတဲ့ ဆေးကျောင်းသားက လူမိုက်…
ဒါပေမယ့် လူရမ်းကားတော့မဟုတ်ဘူး
သတ္တိရှိပြီး…မှန်တာကိုလုပ်ရဲ့တဲ့သူတစ်ယောက်….
ဇာတ်လမ်းအစမှာ အာဂျန်ဆိုတဲ့ စီနီယာဆေးကျောင်းသားက
ပရီသီဆိုတဲ့ ဂျူနီယာ ဆေးကျောင်းသူကို အသေအလူးအလှဲ ကြိုက်ခဲ့တာ
သူ့ရဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပုံကြီးက နည်းနည်းတော့ထူးဆန်းတယ်
မိန်းကလေးရဲ့ သဘောကိုမေးမနေတော့ဘူး သူလုပ်ချင်တာလုပ်သွားတယ်..
ပါးကိုနမ်းသွားတယ်…
ကစ်ဆင်ဆွဲသွားတယ်…
ခံရတဲ့ ကောင်မလေးမှာ ရုပ်အတည်ကြီးနဲ့ သူကတော့အေးဆေးပဲ အချစ်ဆိုတာ
ကိုယ်က ချစ်နေရဖို့ပဲလိုတယ်ဆိုတဲ့ပုံစံကြီးနဲ့
နောက်ပိုင်း ကောင်မလေးက ဘယ်လိုမှ အိနြေ္ဒမဆယ်နိုင်တော့ဘဲနဲ့
အာဂျန်ကို စောက်ရမ်းပြန်ချစ်သွားတယ်…….
သူတို့ချစ်ခြင်းက စောက်ရမ်းထူးဆန်းတယ်…..
အာဂျန်ရဲ့ အကွက်လေးတွေကို ကျွန်တော်တောင် မှတ်ထားတယ်…
ကိုယ်ကြိုက်တဲ့ ကောင်မလေးတွေ့ရင် အဲ့လိုလုပ်ပစ်ဦးမှာ…
အညွန်းကိုလည်း အရှည်ကြီး မရေးပေးချင်တော့ဘူးဗျ
ဘာလို့လည်းဆိုတော့… ကုလားကားမကြိုက်တဲ့ ကျွန်တော်တောင်…
ဒီလိုအချစ်ဇာတ်ကားလေးနဲ့ တွေ့ပြီးတော့ ပြီးတဲ့အထိ ကြည့်မိသွားတယ်….
ဇာတ်လမ်းထဲမှာတွေ့ရမှာတွေက…. ဘ၀ပညာပေး အချစ် အက်ရှင် စတာတွေကို တ၀ကြီး
ကြည့်ရမှာဖြစ်ပြီးတော့ တခြားကုလားကားတွေလို အုပ်စုလိုက် ကတာတွေ တစ်ခန်းမှမပါဝင်ပါဘူး
ဒီဇာတ်ကားလေးကို ဘာသာပြန်ပေးထားတဲ့သူကတော့
အချစ်အကြောင်းအရာတွေကို ဖွဲ့နွဲ့ပြီးရေးလေ့ရှိတဲ့ ကဗျာဆရာကြီး…. ကိုဗရှိန်းဖြစ်ပြီးတော့
1080p Web-HD ဖြင့် စိုင်းဝဏ္ဏ မှတင်ဆက်ပေးထားပါတယ်ခင်ဗျာ
Size ကြီးတယ်လို့မပြောပါနဲ့
အဓိကက Original Movie ရဲ့အရသာ(ပြောတာပြောတာ နားမလည်တဲ့သူတွေကရှိဦးမယ် :3 ) ကိုခံစားတတ်စေဖို့ရယ် ကွာလတီကြောင့် ဂျင်းထည့်မခံရစေဖို့ရယ်ကြောင့်
တင်ဆက်ပေးလိုက်ပါတယ်..
File Size – 2.89 GB
Quality – 1080p Web-HD
Running Time – 3:02:02
Format – mkv
Genre – Action, Drama, Romance
Subtitle – Myanmar (Hard Sub)
Translator – Ko Ba Shane
Encoded By – Sai Wunna