BS ပရိတ်သတ်စစ်စစ်တွေအတွက်… DC ရဲ့ Justice League ကျတော့ 4K HDR တင်ပြီး
MCU ပိုင်းက မတင်ဘူးလားလို့ ပြောနေကြလို့ တောင်းဆိုတာများတဲ့ Infinity War ကို 4K HDR နဲ့ တင်ဆက်ပေးထားပါတယ်ခင်ဗျာ
ကြည့်ရှုလို့ ပြီးသွားရင်တော့ အရင်က ကြည့်ခဲ့ဖူးတဲ့ 1080p ကိုတောင် မေ့သွားနိုင်ပါတယ်….အေးဆေးဇိမ်ခံချင်တဲ့သူတွေအတွက်ကတော့ အမှန်အကန် ဇိမ်နဲ့ နှပ်လို့ရပြီဗျာ…….
ရုံတင်ရုပ်ရှင်အညွှန်း – Infinity War
=======================
MCU ရဲ့ ဆယ်နှစ်ကြာ ခရီးလမ်းမှာ ဒီဇာတ်ကားရဲ့ Event ကိုရောက်လာအောင်
တောက်လျှောက်တည်လာခဲ့တာ ဖြစ်တဲ့အတွက် ရုပ်သံစီးရီးတစ်ခုရဲ့ ဇာတ်ရှိန်အမြင့်ဆုံး
အပိုင်းကို ကြည့်ရသလိုလည်း ခံစားရပါတယ်။
(( ဇာတ်လမ်းအကျဉ်း ))
စကြာဝဠာရဲ့ ထောက်တိုင်တွေလို့ ရည်ညွှန်းကြတဲ့ Power, Reality, Mind, Soul, Time
နဲ့ Space တို့ကို ကိုယ်စားပြုတဲ့ Infinity Stone တွေဟာ တစ်ခုချင်းဆီမှာ တခြားဘယ်အရာနဲ့
မှ မတူတဲ့ စွမ်းအားတွေရှိသလို အားလုံးကို စုစည်းနိုင်ခဲ့ရင်တော့ စကြာဝဠာ တစ်ခုလုံးကို
မိမိစိတ်အလိုရှိသလို ပုံသွင်းနိုင်မယ့် အခွင့်အရေးကို ရရှိသွားမှာပါ။
တိုက်တန်ဂြိုဟ်ပေါ်က Mutant တစ်ယောက်ဖြစ်တဲ့ Thanos ဟာ Mind stone ကို
ပိုင်ဆိုင်ထားပြီး ကမ္ဘာမြေပေါ်မှာရှိတဲ့ Space stone ကိုရရှိဖို့ Loki ကို ဦးဆောင်ပြီး
စေလွှတ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တဲ့နောက် (ပထမဆုံး Avengers ကားတွင်ကြည့်ရန်)
သူကိုယ်တိုင် infinity stone ခြောက်ခုကို လိုက်ရှာပြီး သူ့ဘဝရဲ့ တစ်ခုတည်းသော
ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားပါတော့တယ်။
သူ့ရဲ့ အန္တိမ ရည်မှန်းချက်ကတော့ လူဦးရေသိပ်ထူထပ်ပြီး သယံဇာတရင်းမြစ်တွေကို
စည်းလွတ်ဝါးလွတ်ဖြုန်းတီးနေတဲ့ စကြာဝဠာကို Balance ဖြစ်သွားအောင်၊ ပိုပြီး ရှည်ကြာစွာ
တည်ရှိနိုင်လာအောင် စကြာဝဠာရဲ့ လူဦးရေတစ်ဝက်တိတိကို ဖျက်ဆီးဖို့ပါပဲ။
Review Creit ~ Motaku
File Size – 3.29 GB
Quality – 4K HDR Blu-Ray 8CH
Running Time – 2h 29min
Format – mkv
Genre – Action, Adventure, Fantasy
Translator – Sai Wunna & Khant Min Ko
Encoded By – Sai Wunna