Exit print mode Print Data A+ A- Undo all

Baby’s Day Out (1994)

No Bib. No Crib. No Problem.
Baby’s Day Out (1994)Baby’s Day Out (1994)

Synopsis:

Baby’s Day Out (1994)

 

၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Baby’s Day Out ရုပ်ရှင်ကို မသိသူ မရှိသလောက် ဖြစ်မှာပါ။ ဒါပေမယ့် Baby’s Day Out ထဲက မြို့အနှံ့လျှောက်သွားနေတဲ့ ကလေးလေးက ဘယ်သူလဲ? ဘယ်လိုရိုက်ကူးခဲ့လဲ စတဲ့ စိတ်ဝင်စားစရာ အချက်တွေကိုတော့ လူသိနည်းပါလိမ့်မယ်။ ဒါ့ကြောင့် ပြောချင်လွန်းလို့က Baby’s Day Out ဇာတ်ကားရဲ့ လူသိနည်းတဲ့ အချက်တွေကို စုစည်းဖော်ပြပေးပါရစေ။

၁. အဓိကဇာတ်ကောင် ကလေးလေး Baby Bink အတွက် အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Adam Robert နှင့် Jacob Joseph Worton တို့နှစ်ယောက်လုံးနဲ့ ရိုက်ကူးခဲ့တာပါ။

၂. စတန့်ကွက်တွေအတွက် အစားထိုး သရုပ်ဆောင်ခဲ့သူကတော့ Austin Power ကားတွေမှာ Mini-Me အဖြစ် လူသိပိုများတဲ့ Verne Troyer ဖြစ်ပါတယ်။ ဒါပေမယ့် Verne Troyer ကို Credit စာရင်းထဲမှာ မဖော်ပြခဲ့ပါဘူး။ ကလေးအစစ်မဟုတ်ဘူးဆိုတာ သိသွားရင် ပရိသတ်က တစ်မျိုးခံစားရမှာ စိုးလို့ ထင်ပါတယ်။

၃. ဒီဇာတ်ကားဟာ Adam နဲ့ Jacob Worton တို့ညီအစ်ကိုရဲ့ တစ်သက်လုံးမှာ တစ်ကားတည်း သရုပ်ဆောင်ဖူးတဲ့ ရုပ်ရှင်ပါ။ သူတို့ဟာ နောက်ထပ် ဘာကားမှ ထပ်မရိုက်ခဲ့ပါဘူး။

၎. Baby’s Day Out ကို အခုချိန်မှာ ဂန္တဝင်ဟာသကားတစ်ကားလို သဘောထားပေမယ့် ထွက်ရှိချိန်မှာတော့ ကလေးကို အန္တရာယ်ကြီးမားတဲ့ နေရာတွေ လျှောက်သွားပုံ ရိုက်ထားတဲ့အတွက် ဝေဖန်ခံရပြီး Box Office မှာ အရှုံးပေါ်ခဲ့တယ်။

၅. ဘတ်ဂျက်ဒေါ်လာသန်း ၅၀ နီးပါး သုံးစွဲခဲ့တာဖြစ်လို့ ၁၉၉၀ ပြည့်နှစ်တွေ စံနှုန်းနဲ့ဆိုရင် ပိုးစိုးပက်စက် ငွေကုန်ခံခဲ့တဲ့ ရုပ်ရှင်ကားပါ။ ဒါ့အပြင် နာမည်ကြီး ဦးဆောင်မင်းသား၊ မင်းသမီးလည်း မပါခဲ့ဘဲ Baby Bink ကသာ အဓိကသရုပ်ဆောင်ဖြစ်တာကြောင့် ပိုထူးဆန်းပါတယ်။ ကုန်ကျငွေအများစုဟာ ဆက်တင်နဲ့ ကွန်ပြူတာ အထူးပြုလုပ်ချက်တွေကြောင့် ဖြစ်ပါလိမ့်မယ်။

၆. ဒါပေမယ့် Box Office မှာတော့ ဝင်ငွေ ၁၆.၇ သန်းသာ ပြန်ရခဲ့ပါတယ်။

၇. Box Office ရုံဝင်ငွေ ထင်သလောက် မရခဲ့တာကြောင့် အစက “Baby’s Trip to China” အမည်နဲ့ နောက်ဆက်တွဲ Sequel ဆက်ရိုက်မယ့် အစီအစဉ် ဖျက်လိုက်ရပါတယ်။ မဟုတ်ရင် ပြောချင်လွန်းလို့တို့ဟာ အနည်းဆုံး Baby’s Day Out နှစ်ကားကြည့်ရမှာ ဖြစ်တယ်။

၈. နာမည်ကျော်ရုပ်ရှင်ဝေဖန်ရေးသမား Roger Ebert ဟာ သူ့ရဲ့အိန္ဒိယခရီးစဉ်အကြောင်း ပြန်ရေးသားခဲ့တဲ့ ၂၀၀၉ ခုနှစ်က အက်ဆေးထဲမှာ အိန္ဒိယရုပ်ရှင်ရုံတွေရဲ့ သမိုင်းတလျှောက် အအောင်မြင်ဆုံး ရုပ်ရှင်ဟာ Star Wars မဟုတ်ဘဲ Baby’s Day Out ဖြစ်နေလို့ အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။

၉. ထိုစဉ်က အိန္ဒိယရုပ်ရှင်ရုံတွေမှာ Baby’s Day Out ကိုတစ်နှစ်ကျော်ကြာအောင် ရုံတင်ပြသခဲ့တယ်လို့ ဆိုတာကြောင့် Box Office ဂဏာန်းဟာ သံသယရှိစရာ ကောင်းပါတယ်။ ဒါ့အပြင် အိန္ဒိယက ၁၉၉၅ ခုနှစ်မှာ Sisindri ဆိုတဲ့ အမည်နဲ့ ပြန်ရိုက်ခဲ့သေးတယ်။

၁၀. ရုပ်ရှင်ရဲ့ အစိတ်အပိုင်း အများစုကို ၂၀ ရာစုမြေခွေး စတူဒီယိုရဲ့ စတိတ်စင်တွေပေါ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Cotwell ခြံဝန်း၊ ချီကာဂို တိရစ္ဆာန်ရုံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် အခန်းတွေကိုပါ စတူဒီယိုထဲမှာ ဆက်တင်ဆင်ပြီး ရိုက်ကူးခဲ့တာပါ။

Movie Review Credit From nanmalgyi.com

Original title
Baby's Day Out
Director
Patrick Read Johnson
Stars
Adam Robert Worton, Anna Levine, Brian Haley, Cynthia Nixon, Jacob Joseph Worton, Joe Mantegna, Joe Pantoliano, John Neville, Lara Flynn Boyle, Matthew Glave
Release Date
01 Jul 1994
Rated
PG
Runtime
99 min
Awards
N/A
Country
USA
Budget
USD $50 000 000,00
Revenue
USD $16 671 505,00
Popularity
8.81
Status
Released
ID IMDb.com
tt0109190
IMDB Rating
6.0
IMDB votes
40,618
ID Themoviedb.org
11212
TMDb Rating
5.9
TMDb votes
578