Exit print mode Print Data A+ A- Undo all

Badla (2019)

Badla (2019)Badla (2019)

Synopsis:

[Unicode]

Amitabh Bachchan နဲ့
Mulk ကားထဲက မင်းသမီးချော Taapsee Pannuတို့
ပါဝင်သရုပ်ဆောင်ထားတဲ့
IMDb ratings 8.5/10 ရထားတဲ့
Drama,Thrillor ဇာတ်ကားကြီး ဖြစ်ပါတယ်။

စင်စစ် ဒီကားဟာ
2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ စပိန်ရုပ်ရှင်
The Invincible Guest ကားရဲ့
Adaptation ဖြစ်ပါတယ်။

Production budget ₹10 crore
အသုံးပြုရိုက်ကူးခဲ့ရာမှာ Box Office မှာ
₹137 crore ပြန်ရခဲ့တာမို့ Positive Review ပေါင်းများစွာကို ရရှိခဲ့ပါတယ်။
တွဲဖက်ထုတ်လုပ်သူအနေနဲ့ ရှားရွတ်ခမ်းလည်း ပါပါသေးတယ်။

ဇာတ်လမ်းက ရိုးရှင်းပါတယ်။
နိုင်နာဆိုတဲ့ ငယ်ငယ်ချောချောနဲ့
အောင်မြင်နေတဲ့ စီးပွားရေးသမတစ်ယောက်
ဟော်တယ်အခန်းတစ်ခုထဲမှာ
သတိလစ်မေ့မြောနေရာကနေ သတိပြန်ရလာချိန်မှာ
သူ ့ချစ်သူ အာဂျွန်း သေဆုံးနေတာကို တွေ ့လိုက်ရတယ်။
အခန်းကို သော့ခတ်ထားတာတွေ၊
အခင်းဖြစ်နေရာမှာ တွေ ့ရတဲ့ လက်ဗွေတွေကြောင့်
သူမရဲ့ တိတ်တိတ်ပုန်း ချစ်သူ အာဂျွန်းကို
သတ်တဲ့အမှုနဲ့ စွဲချက်အတင် ခံရပါတယ်။
ဒါပေမယ့် နိုင်နာကတော့
ဒါဟာ အမည်မသိ ငွေညှစ်သူတစ်ယောက်ရဲ့
လက်ချက်ဖြစ်ကြောင်း ၊ အာဂျွန်းကို
သူမသတ်ခဲ့ကြောင်း တွင်တွင်ငြင်းပါတယ်။

ဒီကြားထဲမှာ
ဆန်နီဆိုတဲ့ ချာတိတ်တစ်ယောက် ပျောက်ဆုံးနေတဲ့ ကိစ္စပါ ပေါ်လာပါတယ်။

ဒီအမှုကို လိုက်ပေးဖို့
သူမရဲ့ ရှေ့နေဖြစ်တဲ့ ဂျင်မီက
နိုင်နာ့ကို အာမခံနဲ့ ထုတ်ပေးပြီး
အထင်ကရ ရှေ့နေကြီးတစ်ဦးဖြစ်တဲ့
မစ္စတာဘာဒါးလ်ဂု(ပ်)တာ့ကို ငှါးလိုက်ပါတယ်။

ဇာတ်ကားက ဇာတ်လမ်းကျောရိုး ရိုးရှင်းပေမယ့်
အမှုတည်ဆောက်ပုံတွေ၊ အမှုသည်နဲ့ သံသယတရားခံပြောတဲ့ စကားတွေနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ဖမ်းစားထားတာပါ။

နိုင်နာ ၊ အာဂျွန်း နဲ့ ဆန်နီ
နောက်ပြီး အမည်မသိ ငွေညှစ်သမား
ရှေ့နေကြီး ဂု(ပ်)တာ၊
ပါဝင်ထားတဲ့ ဇာတ်ကောင်က
လက်ချိုးရေတွက်လို့ ရလောက်ပေမယ့်
သင့်ကို ထိုင်ရာမထ ကြည့်ချင်အောင်
ဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်သွားမယ့်
ဇာတ်ကားတစ်ကားသာ ဖြစ်ပါကြောင်း။

အညွှန်းကိုတော့ Movie Like – Movie Choice မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

.

[Zawgyi]
Amitabh Bachchan နဲ့

စင်စစ် ဒီကားဟာ
Adaptation ဖြစ်ပါတယ်။



ဒီကြားထဲမှာ



ရှေ့နေကြီး ဂု(ပ်)တာ၊


Original title
Badla
Director
Ankit Dahiya, Chandrika Chandran, Dane Ross, Shome Makhija, Sujoy Ghosh
Stars
Amitabh Bachchan, Amrita Singh, Denzil Smith, Manav Kaul, Taapsee Pannu, Tanveer Ghani, Tony Luke
Release Date
08 Mar 2019
Rated
Not Rated
Runtime
118 min
Awards
N/A
Country
India
Popularity
5.167
Status
Released
ID IMDb.com
tt8130968
IMDB Rating
8.0
IMDB votes
13,659
ID Themoviedb.org
581361
TMDb Rating
7.6
TMDb votes
37