Exit print mode Print Data A+ A- Undo all

Bedevilled (2010)

Nothing is more deadly than a woman seeking revenge.
Bedevilled (2010)Bedevilled (2010)

Synopsis:

Unicode

ရုံးလုပ်ငန်းတွေမှာ အဆင်မပြေဖြစ်နေတဲ့
ဟေဝန်း တစ်ယောက်
ငယ်ငယ်က နေခဲ့ဘူးတဲ့ကျွန်လေးကို
အားလပ်ရက်ယူပြီး အလည်ထွက်လာခဲ့တယ်

ကျွန်းကိုရောက်တော့ ငယ်သူငယ်ချင်း ဘုတ်နမ်း က လာကြို
ကျွန်းမှာနေကြတဲ့ သူတွေကလည်း ၁၀ ယောက်တောင်မပြည့်
ဘုတ်နမ်းရယ် ၊ သူ့သမီးလေးရယ် ၊ သူ့ ယောက်ျားရယ်၊ သူ့ ခဲအိုရယ်၊
သူ့ ယောက္ခမရယ် နောက်ပြီး လေးငါးယောက်ပဲ တွေ့တယ်

ဘုတ်နမ်းရဲ့သမီးကလေးက သနားစရာလေးပါ
အဝတ်အစားစုတ်စုတ်ပြတ်ပြတ်လေးနဲ့
သူ့ယောက္ခမကြီးကတော့ အာကြမ်း လျှာကြမ်းကြီးပေါ့
သူ့ ယောက်ျားနဲ့ ခဲအိုတို့ကလည်း တိရစ္ဆာန်လုံးလုံးပဲ
အိပ်မယ် စားမယ် လိင်ဆက်ဆံမယ်
မိန်းမနဲ့ဆက်ဆံလို့ အာသာမပြေရင် မြို့က ပြည့်တန်ဆာခေါ်တယ်
ပြီးရင် အိမ်က မိန်းမကို အပျင်းပြေ ရိုက်မယ် နှိပ်စက်မယ်
ဘုတ်နမ်းဆိုတဲ့ မိန်းကလေးကတော့
ခါးစီးခံနေရတာပေါ့

ဟေဝန်း အနေနဲ့ကလည်း ဘာလုပ်ပေးနိုင်မှာလဲ
ဒါကလည်း သူ့ဘဝမှ မဟုတ်ပဲလေ
ဘုတ်နမ်းကတော့ သူကိုခင်ရှာပါတယ်
ဒီဘဝထဲကနေ ဆွဲခေါ်ပေးဖို့ ပြောရှာတယ်
အကူအညီတောင်းရှာတယ်
ဟေဝန်း ကတော့ အင်းမလုပ် အဲမလုပ်ပေါ့

ဒီလိုနဲ့ ဘုတ်နမ်းတစ်ယောက် သမီးလေးကိုခေါ်ပြီး
မြို့ကိုထွက်ပြေးဖို့ စက်လှေဆိပ်အရောက်
သူ့ယောက်ျားနဲ့ မိပြီး စကားများရန်ဖြစ်ကြရာကနေ
ယောကျ်ားလုပ်သူက သမီးလေးကို ကိုင်ပေါက်လိုက်တာ
သေပါလေရော …. အဲဒီနောက်မှာတော့

မိခင်တစ်ယောက်ရဲ့ မေတ္တာတရားပျက်စီးခံရမှု
ဖျက်ဆီးခံရမှုကနေ အစွန်းရောက်လူသားတစ်ယောက်
ဖြစ်သွားစေတာကို သဘာဝကျတဲ့ လူတန်းစားတွေနဲ့
တည်ဆောက်ပြထားတဲ့အခါမှာ
ကျွန်တော်တို့ဟာ သူမရဲ့အပြုအမူတွေကို
လက်ခံသွားနိုင်မလားဆိုတာကတော့ ……..

( သွေးထွက်သံယိုအခန်းတွေများပြီ 18+ အခန်း နည်းနည်းပါတယ်နော်)

ဇာတ်ကားကိုကြည့်ချင်ရင်တော့ CB ကနေ လှမ်းတောင်းပါခင်ဗျ ။
အိုခီနော် …….???

#ဘစွာ

 

Zawgyi

႐ုံးလုပ္ငန္းေတြမွာ အဆင္မေျပျဖစ္ေနတဲ့
ေဟဝန္း တစ္ေယာက္
ငယ္ငယ္က ေနခဲ့ဘူးတဲ့ကၽြန္ေလးကို
အားလပ္ရက္ယူၿပီး အလည္ထြက္လာခဲ့တယ္

ကၽြန္းကိုေရာက္ေတာ့ ငယ္သူငယ္ခ်င္း ဘုတ္နမ္း က လာႀကိဳ
ကၽြန္းမွာေနၾကတဲ့ သူေတြကလည္း ၁၀ ေယာက္ေတာင္မျပည့္
ဘုတ္နမ္းရယ္ ၊ သူ႔သမီးေလးရယ္ ၊ သူ႔ ေယာက္်ားရယ္၊ သူ႔ ခဲအိုရယ္၊
သူ႔ ေယာကၡမရယ္ ေနာက္ၿပီး ေလးငါးေယာက္ပဲ ေတြ႕တယ္

ဘုတ္နမ္းရဲ့သမီးကေလးက သနားစရာေလးပါ
အဝတ္အစားစုတ္စုတ္ျပတ္ျပတ္ေလးနဲ႔
သူ႔ေယာကၡမႀကီးကေတာ့ အာၾကမ္း လၽွာၾကမ္းႀကီးေပါ့
သူ႔ ေယာက္်ားနဲ႔ ခဲအိုတို႔ကလည္း တိရစၧာန္လုံးလုံးပဲ
အိပ္မယ္ စားမယ္ လိင္ဆက္ဆံမယ္
မိန္းမနဲ႔ဆက္ဆံလို႔ အာသာမေျပရင္ ၿမိဳ႕က ျပည့္တန္ဆာေခၚတယ္
ၿပီးရင္ အိမ္က မိန္းမကို အပ်င္းေၿပ ရိုက္မယ္ ႏွိပ္စက္မယ္
ဘုတ္နမ္းဆိုတဲ့ မိန္းကေလးကေတာ့
ခါးစီးခံေနရတာေပါ့

ေဟဝန္း အေနနဲ႔ကလည္း ဘာလုပ္ေပးနိုင္မွာလဲ
ဒါကလည္း သူ႔ဘဝမွ မဟုတ္ပဲေလ
ဘုတ္နမ္းကေတာ့ သူကိုခင္ရွာပါတယ္
ဒီဘဝထဲကေန ဆြဲေခၚေပးဖို႔ ေျပာရွာတယ္
အကူအညီေတာင္းရွာတယ္
ေဟဝန္း ကေတာ့ အင္းမလုပ္ အဲမလုပ္ေပါ့

ဒီလိုနဲ႔ ဘုတ္နမ္းတစ္ေယာက္ သမီးေလးကိုေခၚၿပီး
ၿမိဳ႕ကိုထြက္ေျပးဖို႔ စက္ေလွဆိပ္အေရာက္
သူ႔ေယာက္်ားနဲ႔ မိၿပီး စကားမ်ားရန္ျဖစ္ၾကရာကေန
ေယာက်္ားလုပ္သူက သမီးေလးကို ကိုင္ေပါက္လိုက္တာ
ေသပါေလေရာ …. အဲဒီေနာက္မွာေတာ့

မိခင္တစ္ေယာက္ရဲ့ ေမတၱာတရားပ်က္စီးခံရမႈ
ဖ်က္ဆီးခံရမႈကေန အစြန္းေရာက္လူသားတစ္ေယာက္
ျဖစ္သြားေစတာကို သဘာဝက်တဲ့ လူတန္းစားေတြနဲ႔
တည္ေဆာက္ျပထားတဲ့အခါမွာ
ကၽြန္ေတာ္တို႔ဟာ သူမရဲ့အျပဳအမူေတြကို
လက္ခံသြားနိုင္မလားဆိုတာကေတာ့ ……..

( ေသြးထြက္သံယိုအခန္းေတြမ်ားၿပီ 18+ အခန္း နည္းနည္းပါတယ္ေနာ္)

ဇာတ္ကားကိုၾကည့္ခ်င္ရင္ေတာ့ CB ကေန လွမ္းေတာင္းပါခင္ဗ် ။
အိုခီေနာ္ …….???

#ဘစြာ

Original title
Bedevilled
Director
Jang Cheol-soo
Stars
Bae Seong-woo, Baek Su-Ryeon, Hwang Geum-hee, Hwang Min-Ho, Je Min, Lee Ji-Eun, Oh Yong, Park Jeong-hak, Seo Young-hee, Son Young-soon
Release Date
02 Sep 2010 (South Korea)
Rated
n/A
Runtime
115 min
Awards
16 wins & 16 nominations.
Country
South Korea
Budget
USD $700 000,00
Popularity
10.731
Status
Released
ID IMDb.com
tt1646959
IMDB Rating
7.3
IMDB votes
13,078
ID Themoviedb.org
59421
TMDb Rating
7.3
TMDb votes
213