Bharat Ane Nenu (2018) မြန်မာစာတန်းထိုး
Bharat Ane Nenu (2018) ဇာတ်ကားဟာဆိုရင် အိန္ဒိယနိုင်ငံရဲ့ အကျင့်ပျက် ခြစားတဲ့ နိုင်ငံရေးစနစ်ကို မီးမောင်းထိုးပြ ရိုက်ကူးထားတဲ့ အသိပညာပေး ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်…
ဇာတ်ကားထဲမှာ.Bharat ဆိုတဲ့ ကောင်လေးက မိခင်ကို ပေးထားတဲ့ကတိအတိုင်း သမာသမတ်ကျတဲ့ နိုင်ငံရေး အကြီးအကဲတစ်ယောက် ဖြစ်လာခဲ့ပါတယ် တစ်ဖက်မှာ Damu ဆိုတဲ့ လူက နိုင်ငံအကြီးအကဲတွေကို ဖားပြီး ကျေးရွာတွေမှာ ရမ်းကားချင်တိုင်း ရမ်းကားတယ် ဖြစ်ချင်တော့ သူ့သားက MLAရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်ဖြစ်သွားတော့ ပိုဆိုးသွားတာပေါ့
သူတို့ရဲ့ နှိပ်စက်မှုဒဏ်ကို မခံနိုင်တဲ့ ရွာသားတွေက ဝန်ကြီးချုပ် Bharat ကို အကူအညီတောင်းရင်းက…. (ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားသာ ကြည့်လိုက်တော့) ပြီးတော့ ဝန်ကြီးချုပ် Bharat ကလဲ အိန္ဒိယနိုင်ငံရဲ့ တစ်ဖက်ပိတ်နိုင်ငံရေးဝါဒကို ခေါင်းဆောင်ကောင်း ပီသစွာ ဘယ်လိုတွေ ပြင်မှာလဲ… ပြည်သူလူထုတို့ရဲ့ အကျိုးစီးပွားထက် မိမိအကျိုးစီးပွားကို ပိုပြီး ဦးစားပေးတဲ့ ဝန်ကြီးတွေ အမတ်တွေရဲ့ ဇာတ်သိမ်းက ဘယ်လိုဖြစ်မလဲ…နိုင်ငံရေးနဲ့ အချစ်ရေးကိစ္စကို ယှဉ်လာတဲ့အခါ ဝန်ကြီးချုပ်အနေနဲ့ အကြီးအကဲ ခေါင်းဆောင်ပီပီ ဘယ်လို စွန့်လွှတ်မှုတွေ လုပ်သွားမှာလဲ…အဓိကက နိုင်ငံရေးခေါင်းဆောင်တိုင်း ကျင့်ကြံရမယ့် ကျင့်ဝတ်နဲ့ လုပ်ဆောင်ချက်တွေကို ဇာတ်ကွက်ကျကျ ပုံဖော်ရိုက်ကူးပြထားတာကြောင့် ကြည့်မယ်ဆိုရင် လုံးဝ အကျိုးမယုတ်မယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ကြောင်းပြောချင်ပါတယ်
Movie Review Credit FOF Myanmar