Netflix ရဲ့ Bird Box ဟာ A Quiet Place နဲ့ ဆင်ပါတယ်။ A Quiet Place မှာ လူတွေက အသံထွက်လို့မရသလို Bird Box မှာ မြင်မိလို့မရပါဘူး။ အဲဒီ ဘာမှန်းမသိရတဲ့ အကောင်ကြီးတွေကို မြင်မိလိုက်တာနဲ့ လူတွေဟာ ချက်ချင်း ကိုယ့်ကိုယ်ကို နည်းမျိုးစုံနဲ့ သတ်သေကြပါတယ်။ မကြည့်ခင်ကတော့ တော်တော်လေး မိုက်လောက်မဲ့ အနေအထားလို့ ထင်ခဲ့ရပေမဲ့ တကယ်တမ်းတော့ အလုပ်မဖြစ်ခဲ့ပါဘူး။
အဲဒီ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ concept က အသစ်အဆန်းကြီးမဟုတ်ပါဘူး။ 2008 က ထွက်ခဲ့တဲ့ မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “The Happening” မှာ ရှိခဲ့ဖူးတယ်။ အဲကားမှာတော့ လေတိုက်လို့ ရှူမိသွားတဲ့လူတွေ အကုန်လုံး ကွကိုယ်သတ်သေကုန်ကြလို့ လေမရှူမိအောင် အလုံပိတ်နေပြီး ထွက်ပြေးကြရတဲ့ ကားပါ။ ဒီမှာတော့ အပြင်ကို မကြည့်ရဘူးပေါ့။
နောက် အဲဒီ မြင်လို့ မရဘူးဆိုတဲ့ idea မိုက်ပေမဲ့ တကယ်တမ်းရိုက်ပြ တင်ဆက်ထားတဲ့အခါမှာတော့ တခြားကားတွေလို suspense, thrill မဖြစ်ခဲ့ဘူး။ အိမ်အပြင်ကကောင်တွေ မမြင်ရရင် ပြီးရောဆိုတော့အိမ်ကို အလုံပိတ်ပြီး နှပ်နေကြတယ်လေ။ သီချင်းလေးဖွင့်၊ မုန့်လေးစားနဲ့ အေးဆေးပဲ။ ဆိုတော့ တချက်တချက်ဆို သာမန် Zombie ကားတစ်ကားနဲ့တောင် သွားဆင်သလိုလိုရှိတယ်။ အိမ်တွင်းအောင်းနေကြတာကိုး။ Plot ကလည်း လျော့တိလျော့ရဲ နိုင်တာတွေ အများကြီးပဲ။
နောက်ထပ် အဲဒီ မမြင်ရဘူးဆိုတဲ့ အချက်က A Quiet Place လောက်ကြီး တိကျ ကြမ်းတမ်းမှု မရှိခဲ့ဘူး။ ခုနကလိုမျိုး အဲကောင်တွေကို မြင်တယ်ဆို သတ်သေကြတယ်။ ဆိုတော့ မမြင်ရတော့ သတ်မသေကြတော့ဘူး။ အဲအတွက် အကောင်ကြီးတွေကလည်း သူတို့ကို မကြည့်ကြည့်အောင် အမျိုးမျိုး လှည့်စားကြတယ်။ မျက်လုံးဖွင့်ကြည့်ပါ ဆိုပြီး။ အဲလို ပိုကြမ်းအောင်လုပ်လိုက်တဲ့ အချက်ကြီးက တကယ်တမ်းတော့ ပိုပြီး weak ဖြစ်သွားစေတယ်။ အဲအကောင်ကြီးတွေက ဒီအတိုင်း ရန်မပြုနိုင်ဘဲ သူတို့ကို လူတွေကြည့်မှ လူတွေသေကြမှာ မလား။ ဆိုတော့ ဘာမှမမြင်ရတဲ့ မျက်မမြင်တွေအတွက်တော့ ရှယ်ပဲလေ။
မင်းသမီးကြီး Sandra Bullock က တော်တော်လေးမိုက်အောင် သရုပ်ဆောင်ထားနိုင်ခဲ့ပေမဲ့ ရုပ်ရှင်က အပေါ်မှာ ပြောခဲ့သလို ထင်သလောက် ပေါ်မလာခဲ့ဘူး။ တစ်ကားလုံးနီးပါး လူကို ပင်ပန်းအောင်၊ ဇာတ်ကောင်တွေရဲ့ အခက်အခဲ သိသာပေါ်လွင်အောင် မပြထားနိုင်ဘဲ စိတ်မပါ လက်မပါနဲ့ အဆုံးအထိ ကြည့်လိုက်ရသလိုပဲ ဖြစ်သွားစေခဲ့တယ်။ အဲအတွက် Bird Box ဟာ just another apocalypse ရုပ်ရှင်တစ်ကားပါပဲ။ မကြည့်မိလည်း ဘာမှမဖြစ်တဲ့ ကားပါ။
Admin KPK
Movie Rating:
DatShin: 2/5
IMDB: 6.8/10
Rotten Tomatoes: 62%
Movie Info:
Director: Susanne Bier
Screenplay: Eric Heisserer
Cast: Sandra Bullock, Trevante Rhodes, John Malkovich, Vivien Lyra Blair, BD Wong, Julian Edwards
Music: Trent Reznor, Atticus Ross
Cinematographer: Salvatore Totino
Production: Bluegrass Films, Chris Morgan Productions
Distribution: Netflix
Running Time: 2hrs 4mins
Budget: $19.8 millions
(အညွှန်းကိုတော့ DatShin Page မှကူးယူဖော်ပြလိုက်ပါတယ်။)
File Size – 1.96 GB
Quality- WEB-Rip 1080p 6CH
Running Time – 2hr 03min
Format – mkv
Genre – Drama, Horror, Sci-Fi
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – Htet Aung Moe