Exit print mode Print Data A+ A- Undo all

Black Mirror: Bandersnatch (2018)

Relax.
Black Mirror: Bandersnatch (2018)Black Mirror: Bandersnatch (2018)

Synopsis:

????? ??????: ????????????(2018) မြန်မာစာတန်းထိုး
*************************************************

Black Mirror: Bandersnatch ဟာ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ထွက်လာပြီး Black Mirror ပရိသတ်အတွက် နှစ်ကူးလက်ဆောင်လို့ သတ်မှတ်လို့ရပါတယ်။ ကြည့်ပြီးတော့ အရမ်းသဘောကျတယ်၊ လူတွေ နှစ်ပေါင်းများစွာ ငြင်းခုံနေကြတဲ့ ဖြစ်ရပ်တွေဟာ တခုခုက ကြိုတင်စီစဉ်ပေးထားတာ ဒါမှမဟုတ် ကိုယ်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်လို့ ဖြစ်လာတဲ့ အကျိုးဆက်လားဆိုတဲ့ ကိစ္စကို ဒီမှာ ပိုစဉ်းစားလို့ရတယ်။

ဂိမ်းမှာ ဒီသေနတ်ကို ကောက်မလား နောက်ပြန်လှည့်ပြေးမလား ဆိုတာမျိုး ကစားသူကို ပေးရွေးချယ်တယ်။ သူရွေးချယ်တဲ့အတိုင်း ဇာတ်လမ်းက ပြောင်းသွားတယ်။ ကိုယ်နောက်ပိုင်းဖြစ်မယ်ဲ့ ကိစ္စတွေဟာ အခု ကိုယ်ရွေးချယ်မှု အပေါ်မူတည်တယ်။ Interactive games တွေကိုဆော့ဖူးကြမှာပါ။ Telltales series က ထုတ်တဲ့ Walking Dead မှသည် အခု ၂၀၁၈ ရဲ့ အမိုက်ဆုံးဂိမ်း life is strange ထိလိုမျိုးတွေပေါ့။

ဂိမ်းတွေမှာ ဒါမျိုး ကမထူးဆန်းပေမဲ့ ဒါကို ရုပ်ရှင်အဖြစ် ကြည့်ရှုသူနဲ့ Interactive ဖြစ်ပြီး ကြည့်သူက ဇာတ်ကာင်ရဲ့ ဘ၀ကို ၀င်စီမံပေးရတာကတော့ ဒါပထမဆုံးပဲ။ အဲ့ဒီလို ရွေးချယ်မှုအပေါ်မူတည်ပြီး ဘ၀ဟာ အပြောင်းအလဲရှိပုံကို Mr Nobody ဇာတ်လမ်းမှာ ကြည့်ဖူးပေမဲ့ ကိုယ်က ၀င်စီမံပေးရတာကတော့ ဒါကသာလျှင် ပထမပဲ။

ရုပ်ရှင်ဆိုတာ ဖွင့်လိုက်တာနဲ့ ဇာတ်ကားမှာ ပါလာတာကို ပဲ ထိုင်ကြည့်ရတဲ့ အရာမျိုးပါ။ ဒါကို ခုနကလို interactive games ဆန်ဆန် ကိုယ်တိုင်ရွေးချယ်မှု ဝင်လုပ်ချင်တဲ့ အခါ အဓိက အကြီးမားဆုံး အခက်အခဲကတော့ ကြားခံ medium ပါပဲ။ games တွေထဲမှာတော့ ရွေးချယ်မှုတွေ လုပ်လို့ရပေမဲ့ ရိုးရိုး video file မှာတော့ လုပ်ဆောင်ချက်က အကန့်အသတ် ရှိပါတယ်။ ဒါကို ဖြေရှင်းပီး ဒီ movie ကို ထုတ်လိုက်တာက Netflix ပါ။ Netflix ဆိုတာ video streaming service တခုပါ။ Netflix ကနေ movie ကြည့်ချင်ရင် PC browser, Netflix mobile app, Smart TV စသည်ဖြင့် ကြားခံ medium တခုခုကို သုံးပီး တိုက်ရိုက်ကြည့်ရှုလို့ ရပါတယ်။ Netflix ဟာ ဒီကြားခံ medium မှတဆင့် video file တွေမှာ ရှိတဲ့ လုပ်ဆောင်ချက် အကန့်အသတ်ကို ကျော်လိုက်ပါတယ် .. ဒီလို ကြားခံ medium တွေကို အသုံးချလိုက်တဲ့ အတွက် ကြည့်ရှုသူတွေ ကိုယ်တိုင် movie ကို ကြည့်နေရင်း ဇာတ်လမ်းကို စိတ်ကြိုက် ရွေးချယ်မှုတွေ ဝင်လုပ်နိုင်တဲ့ interactive movie ဆန်ဆန် တွေ ထွက်ပေါ်လာပါတော့တယ်။

အဲလိုဆိုတော့.. ကိုယ်ရွေးချယ်မှုပေါ်မူတည်ပြီး ဇာတ်ကောင်ရဲ့ ဘ၀ဟာကောင်းလား ဆိုးသွားမှာလား.. ဘ၀ကြီးကို နောက်ပြန်လှည့်ပြီး ရွေးချယ်မှုတွေ လုပ်ရရင်ရော.. ကိုယ်ထင်သလို ဖြစ်လာမှာ သေချာရဲ့လား၊ ဘယ်လိုပဲ လျှောက်ပြောင်းပြောင်း ဖြစ်ရမဲ့ဟာက ဖြစ်ကိုဖြစ်လာရမှာလား၊ ဘယ်လိုအကြောင်းတရားတွေက ဖြစ်ရမဲ့ဟာလို့ သတ်မှတ်တာလဲ စသည်ဖြင့် mind-blown ဖြစ်စရာတွေချည်းပါပဲ။

ဇာတ်လမ်းမှာ အဆုံးသတ် ငါးခု ပါပြီး ကြားထဲမှာ ရွေးချယ်မှု တွေ အများကြီးရှိပါတယ်။ ကိုယ့်ရွေးချယ်မှုဟာ ဘာနဲ့ အဆုံးသတ်မယ်ဆိုတာလည်း ကြိုမမှန်းနိုင်တော့ လျှောက်ရွေး လျှောက် လုပ် မူးနောက်နေရတာမျိုးလည်း ခံစားကြရမှာပါ။ တချို့ ရွေးချယ်မှုတွေကတော့ ဇာတ်ကောင်ရဲ့ဘ၀ကို သိပ် မပြောင်းလဲစေပါဘူး တချို့ရွေးချယ်မှုတွေကတော့ ကြီးမားတဲ့ အဆုံးသတ်အပြောင်းအလဲတွေ ဖြစ်စေပါတယ်။

ရုပ်ရှင်ကို ဂိမ်း ဆန်ဆန် ကြည့်နေရရုံ စိတိကြိုက်ရွေးချယ်ခွင့် ရရုံသာမက ဒီရုပ်ရှင် ဇာတ်ကားထဲက ဇာတ်ကောင်ဟာ ကိုယ့်ရဲ့ ဖြစ်တည်မှု ( ကြည့်ရှုသူ) ကိုပါ သိပီး ထုတ်ဖော်ပြော ဉာဏ်ရည် ပြိုင်တာမျိုးပေါ့

ဒီ ဇာတ်ကားရဲ့ အသက်ဟာ choices တွေပါ .. ရွေးချယ်မှုပေါ်မူတည်ပီး ၁၅ မိနစ်နဲ့ ending တစ်ခု ရသွားနိုင်သလို နာရီနဲ့ချီ ဇာတ်လမ်းတွေဆက်ပီး ending ပေါင်းများစွာတွေဆီကိုလည်း ဦးတည်ကောင်း ဦးတည် သွားပါလိမ့်မယ် ..

အရင်ကတော့ ရုပ်ရှင်ဆိုတာမုန့်လေးစား ကော်ဖီလေးသောက်ရင်း screen ပေါ်မှာ ပေါ်လာသမျှ ကို ထိုင်ကြည့်ခံစားရုံပါပဲ .. အခု ဒီရုပ်ရှင်ကတော့ ကြည့်နေရင်း ကိုယ်ရွေးချယ်တဲ့ choices တွေမှတဆင့် ဇာတ်လမ်းအမျိုးမျိုး ဇာတ်ကားအတိုအရှည် အမျိုးမျိုး ပြောင်းသွားနိုင်သလို endings မျိုးစုံပါ ခံစားခွင့် ရနိုင်မှာပါ

ဒီလိုမျိုး ဇာတ်ကားတွေကို games ဆန်တယ်ပြောပြော ရုပ်ရှင်ဇာတ်ကား မဆန်ဘူး ပြောပြော ကိုယ့်အကြိုက်နဲ့ ကိုယ်ပါပဲ ..

ဒါပေမဲ့ ဒါဟာ ရုပ်ရှင်ဇာတ်ကားတွေရဲ့ next level ဆိုတဲ့ အချက်ကတော့ ငြင်းလို့မရတဲ့ အမှန်တရားပါ။

အညွန်းကိုတော့ m-mdb page မှရေးသားပေးထားပါတယ်

ဒီဇာတ်ကားလေးကို ဘာသာပြန်ပေးထားသူကတော့ DoFla Mingo ဖြစ်ပြီး Sai Wunna[NK]မှတင်ဆက်ပေးထားပါတယ်

File Size – 1.48 GB
Quality- Web-HD 1080p 6CH
Running Time – 1:33:12
Format – mkv
Genre –  Drama, Mystery, Sci-Fi
Subtitle – Myanmar (Hard Sub)
Translator – DoFla Mingo
Encoded By – Sai Wunna[Nokime Kugachichiki]

Original title
Black Mirror: Bandersnatch
Director
David Slade
Stars
Alan Asaad, Alice Lowe, Asim Chaudhry, Catriona Knox, Craig Parkinson, Fionn Whitehead, Jonathan Aris, Paul Bradley, Tallulah Haddon, Will Poulter
Release Date
28 Dec 2018
Rated
N/A
Runtime
90 min
Awards
N/A
Country
USA
Popularity
108.409
Status
Released
ID IMDb.com
tt9495224
IMDB Rating
7.8
IMDB votes
38,847
ID Themoviedb.org
569547
TMDb Rating
7.5
TMDb votes
481