Exit print mode Print Data A+ A- Undo all

Bohemian Rhapsody (2018)

Fearless lives forever
Bohemian Rhapsody (2018)Bohemian Rhapsody (2018)

Synopsis:

ဒီကားလေးမှာ Queen အဖွဲ့ရဲ့ သီချင်းများစွာပါဝင်မှာမို့ သင်တို့ ချစ်သူနဲ့အတူ သွားရောက်နားစဉ်ကြည့်ရူ့သင့်ပါတယ်။Love of my life လို သီချင်းမျိုးရုံမှပြပြီးရင် အကြင်နာပေးကြပေါ့ ?

PG – 13 လည်းပါတာမို့ မိဘတွေအနေနဲ့ ကျွန်မတစ်ခုတောင်းဆိုပါရစေ။နောက်မျိုးဆက်ကလေးတွေကို ဂီတရဲ့အနှစ်အရသာ အပြည့်အဝခံစားစေနိုင်ဖို့ သင်တို့ သားသမီးလေးတွေကို ဂရုပြုပြီး ဒီကားလေးလိုက်ပြပေးပါလို့ တောင်းဆိုချင်ပါတယ်။

Bohemian Rhapsody (ဘောင်မရှိသော ဂီတ)
————————————————–

“Bohemiam Rhapsody”သီချင်းဟာ ၁၉၇၅ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် ထွက်ရှိခဲ့ပြီး အခြေခံအားဖြင့်တော့ “Bohemian”ဆိုတာ “အစီအစဉ်မကျ စည်းဘောင်အနားသတ်မရှိသော”ကိုဆိုလိုပြီး “Rhapsody”ကတော့ “ဂီတ”ကို ဆိုလိုပါတယ်….”ဘောင်မရှိသော ဂီတ”လို့ ခေါ်ဝေါ်ပါရစေ….

ဒီသီချင်းဟာ ခေါင်းစဉ်နဲ့လိုက်အောင် solo guiterလေးနဲ့ စလိုက်….operaသံစဉ်တွေဖြည့်လိုက်….Hard Rock နဲ့ ထပေါက်ကွဲ လိုက်နဲ့ အတော်လေး ထူးဆန်းတဲ့ rockသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်….

“သီချင်းရဲ့ စာသားအတိုင်း အဓိပ္ပာယ်” နဲ့ “တကယ့်သီချင်းက ပြောနေတဲ့ အဓိပ္ပာယ်” နှစ်ခုကို ပြောပြပေးပါမယ်…

ကောင်လေး တစ်ယောက်ရှိပါမယ်….

မိသားစုကလည်းဆင်းရဲလွန်းလို့ သူဟာလည်း ဘဝပေးအရဆင်းရဲလာခဲ့ရပါတယ်...

ဒါပေမယ့် တတ်နိုင်သမျှ ဖြူစင်ရိုးသားစွာရုန်းကန်ရင်း မဖြစ်မနေကြောင့် လူတစ်ယောက်ရဲ့ ဦခေါင်းတည့်တည့်ကို သေနတ်တစ်လက်နဲ့ တည်ပြီး မောင်းဖြုတ်ခဲ့ရတယ်….

သူ့အမေကို သနားလွန်းလို့ ရင်ဖွင့်မိခဲ့ပါတယ်…

“မေမေ…သား လူတစ်ယောက်ရဲ့ခေါင်းကို သေနတ်နဲ့တည်ပြီး မောင်းခလုတ်ဖြုတ်မိတယ်…သူသေသွားခဲ့ပြီ…မေမေ…ဘဝက အခုမှ စခါနီးလေးရှိသေးတယ်..သား ဘဝ ကို သားဖျက်စီးစွန့်ပစ်မိပြီ”

“မေမေ…မေမေ့ကို မျက်ရည်ကျစေချင်လို့ ပြောမိတာမဟုတ်ပါဘူး….သား မနက်ဖြန် အိမ်ကို ပြန်မလာနိုင်တော့ရင် မေမေ….အတတ်နိုင်ဆုံး မြန်မြန် မေ့ပျောက်ပေးပါ…”

“ညည့်နက် လို့ ကျောရိုးထဲထိ ခိုက်ခိုက်တုန်အောင်ချမ်းနေရပါပြီ…ခန္တာကိုယ်လည်း တဆစ်ဆစ် ကိုက်ခဲလို့နေပြီ..”
(ကြောက်စိတ်ဖြင့်)

“အားလုံးကို နှုတ်ဆက်ပါတယ်…ငါထွက်သွားရတော့မယ်…အားလုံးကို နောက်မှာချန်ထားပြီး ငါအမှန်တရားနဲ့ပဲ ရင်ဆိုင်လိုက်တော့မယ်…”

“မေမေ….သား သေရမှာကြောက်တယ်….သား သာ မွေးမလာခဲ့ရင် ကောင်းမယ် ထင်ပါရဲ့”
(နောင်တ,ဒေါသစိတ်တို့ဖြင့်)

ဒိစာသားတွေအပြီးမှာတော့ opera သံစဉ်တွေနဲ့ Hard Rockတို့ကို ပေါင်းစပ်ပြီး ဆိုသွားခဲ့ပါတယ်….

အဲဒီတော့….သီချင်းဟာ နားထောင်လို့ တကယ်ကောင်းပါတယ်…အဓိပ္ပာယ်ကတော့ ထူးဆန်းတယ်ပေါ့….
သီချင်းက ထူးဆန်းသလို ရေးတဲ့ “Freddie Mercury”ကလည်း ထူးဆန်းပြီး သည်သီချင်းဟာ သူ့ဘဝအကြောင်းကို ထည့်သွင်းရေးစပ်ထားတာပဲဖြစ်ပါတယ်….

သည်လိုဆိုလို့ “Freddie Mercury” က လူသတ်ဖူးတယ်လို့တော့ မထင်လိုက်ပါနဲ့….

Freddie ဟာ အလွန်လျှို့ဝှက်တတ်သူမို့ ပရိတ်သတ်မပြောနဲ့ bandတစ်ဖွဲ့သားချင်းတောင် သူ့အကြောင်းအရာ ခံစားချက်တွေကို မသိခဲ့ကြပါဘူး….
ဒါပေမယ့် ဒီသီချင်းက သူ့ဘဝအကြောင်း တစ်ပိုင်းတစ်စ ပါဝင်တာကိုတော့ လူတိုင်းသိရှိလက်ခံထားကြပါတယ်….
သူဟာ ဂီတရာဇဝင်မှာ ဂန္တဝင်တွင်သူပီပီ သီချင်းရေး အထူးကျွမ်းကျင်ပါတယ်….
Queen ရဲ့ “Crazy Little Thing Called Love”သီချင်းဟာ Freddieတစ်ယောက် ဟိုတယ်ရဲ့ ရေချိုးခန်းထဲမှာ အာရုံရရင်း ရေဇလားထဲကနေ စန္ဒယားတီးကာ ရေးခဲ့တာဖြစ်ပါတယ်….

အညွှန်းကိုတော့ Hollywood Dope Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 2.14 GB
Quality- BluRay 1080p 6CH
Running Time – 2hr 15min
Format – mkv
Genre – BiographyDramaMusic
Subtitle – Myanmar (Hard Sub)
Translator – Zwe Paing
Encoded By – Robinn Hood

Original title
Bohemian Rhapsody
Director
Bryan Singer, Claire Frayn, Dexter Fletcher, Jack Ravenscroft
Stars
Aaron McCusker, Aidan Gillen, Allen Leech, Ben Hardy, Gwilym Lee, Joseph Mazzello, Lucy Boynton, Mike Myers, Rami Malek, Tom Hollander
Release Date
02 Nov 2018
Rated
PG-13
Runtime
134 min
Awards
N/A
Country
UK, USA
Budget
USD $52 000 000,00
Revenue
USD $835 137 710,00
Popularity
187.315
Status
Released
ID IMDb.com
tt1727824
IMDB Rating
8.3
IMDB votes
202,893
ID Themoviedb.org
424694
TMDb Rating
8.2
TMDb votes
4883