Burmese Subtitle
Web-DL 1080p 6CH Brother of the Year (2018)
Report error

Brother of the Year (2018)

Brother of the Year    

N/A 125 min ComedyDramaRomance

6.8
IMDB: 6.8/10 789 votes

, ,

N/A

Thailand

96

Report error

Plot
မောင်နှမ ၂ ယောက်ရှိတယ်။ ညီမက နေရာတကာ ထူးချွန်၊ ထက်မြတ်၊ စာတော်၊ သဘောကောင်းသလောက် အကိုလုပ်သူက ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ရည်းစားတွေပွေပြီး ဘာမှသေချာလုပ်ကိုင်တဲ့သူမဟုတ်။ ညမ ကပဲ အိမ်ကိစ္စတွေ အကုန်လုပ်ကိုင်ဖြေရှင်းပေးရတယ်။ ဒါပေမဲ့ ညမဖြစ်သူ အိမ်ထောင်ပြုပြီး အိမ်ခွဲနေတော့မယ်ဖြစ်လာတဲ့အခါမှာတော့ ညမနဲ့ မတည့်သလောက် ခွဲလည်းမနေနိုင်တဲ့ အကို ဘယ်လိုရှေ့ဆက်သွားမလဲ။ ညမကရော သူမရှိရင် မဖြစ်တဲ့ ပေါတောတော အူကြောင်ကြောင် အစ်ကိုကို ဘယ်လိုလုပ်ထားခဲ့မလဲ။

Review

BOTY ဟာ ရိုက်ကူးဖန်တီးမှုအပိုင်းမှာရော၊ ဇာတ်လမ်းပိုင်းမှာပါ တော်တော်လေး ပေါ့ပေါ့ပါးပါးရှိတယ်။ အထူးသဖြင့် ရိုက်ချက်တွေ၊ အထာတွေက တစ်ချက်တစ်ချက် Edgar Wright ရုပ်ရှင်တွေကို သတိရမိစေတယ်။ ခပ်မြန်မြန် cut တွေ၊ editing တွေ၊ နောက်ခံတီးလုံးတွေ သုံးထားတဲ့ပုံတွေရောပေါ့။ အရောင်အသွေးကလည်း အရမ်းကြီး cute ဖြစ်မနေပေမဲ့ ပေါ့ပေါ့ပါးပါး drama ရောင်လေး သုံးထားတယ်။ တချို့ shot တွေ တော်တော်ကိုလန်းတယ်။ အလင်းအမှောင်သုံးတာ အကုန်မိုက်တယ်။

ဇာတ်လမ်းပိုင်းကတော့ ကျွန်တော့်အထင်နဲ့ သိပ်မတူခဲ့ဘူး။ ထင်ထားမိတာကတော့ ၂ ယောက်သား မတည့်လို့ ပြဿနာတွေဖြစ်ရင်း တစ်ခုခုကြောင့် ပြန်တည့်သွားမယ်၊ တစ်သက်လုံးဖော်မပြထားတဲ့ မောင်နှမ ၂ ယောက်ကြားက ချစ်ခြင်းတွေ၊ သံယောဇဉ်တွေဘာညာ ပေါ်လာမယ်ဆိုတာမျိုးပေါ့။ (mainstream ပုံစံအရမ်းမျှော်ထားမိခဲ့တယ်လို့လည်း ပြောရမယ်ထင်တယ်.)။ ဒီကားကတော့ အပေါ်က plot မှာပြောခဲ့သလိုပဲ ညမက အရမ်းကောင်းနေသလောက် အစ်ကိုက တကယ့် တလွဲ။ ဆိုတော့ နည်းနည်းလေး တစ်ဖက်သက်ရောက်နေသလိုမျိုးဖြစ်နေတယ်။ ထားပါ ဒါက သိပ်ကိစ္စမရှိဘူး။ နည်းနည်းလေး ပိုအားနည်းသွားတာက ဒီ ၂ ယောက်ကြားက ပြဿနာတွေတက်ပြီး တစ်ချိန်ချိန်မှာ ပြန်ကောင်းသွားမယ်ဆိုပေမဲ့ ဇာတ်လမ်းက နည်းနည်းဖရိုဖရဲဖြစ်နေတယ်။ ဇာတ်လမ်းတစ်ဝက်လောက်ရောက်တဲ့အချိန်မှာ ကြည့်တဲ့သူက နည်းနည်းလမ်းပျောက်နေသလိုပဲ ဇာတ်လမ်းဦးတည်ချက်က ဘယ်ကိုသွားနေလဲ မသိရဘူး။ ပြီးတော့မှာလား မပြီးသေးဘူးလား၊ နောက် ဇတ်ရှိန်အတက်အကျက သိပ်မငြိမ်ဘူး။ ဇာတ်လမ်းက သိပ်မရှိတာလည်း ပါမယ်။

ဒါပေမဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရပိုင်းကတော့ တော်တော်လေး မိုက်တယ်ပြောရမယ်။ မောင်နှမတွေကြား ရှိကြတဲ့ အမြင်၊ မောင်နှမမရှိတဲ့ တစ်ဦးတည်းသောတွေက မြင်တဲ့ အမြင်၊ မိသားစု အမြင် ဆိုတာလေးတွေပါတယ်။ ရုပ်ရှင်ကြည့်တဲ့သူ ညီအကိုမောင်နှမတွေရှိရင် ဒီကားကြည့်ပြီး တစ်ခုခုပိုခံစားရမယ်ထင်တယ်။ (at least for me) ။ နောက်ဆုံး ဇာတ်သိမ်းပိုင်းဆို တော်တော်လေး မိုက်တယ်။

BOTY ရုပ်ရှင်က ဇာတ်လမ်းလေး သိပ်မရှိတာကလွဲရင် တော်တော်လေးကြည့်ကောင်းတဲ့ကားတစ်ကားပါ။ Korea ကားတွေလောက် စွတ်ပြီး drama ခင်းတာမျိုး မပါဘူး။ နည်းနည်း ပါးပါးလေးနဲ့ ထိထိမိမိလေးလုပ်ထားတာလောက်ပဲ။ ရိုက်ချက်တွေလည်း တော်တော်မိုက်တယ်။ မင်းသားမင်းသမီးတွေရဲ့ performance လည်း ကောင်းတယ်။ ပရိတ်သတ်ကြီးက ပိုက်ဆံပေး အချိန်ကုန်ခံပြီး “ပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိမဲ့ ကားမျိုး” ကြည့်ချင်တယ်ဆို ပေါကားတွေသွားကြည့်မဲ့အစား ဒီကားပဲသွားကြည့်ကြပါလို့။

(အညွှန်းကိုတော့ DatShin Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)

File Size – 1.96 GB
Quality- WEB-DL 1080p 6CH
Running Time – 2hr 03min
Format – mkv
Genre – ComedyDramaRomance
Subtitle – Myanmar (Hard Sub)
Translator – Thant Zin Phyo
Encoded By – Htet Aung Moe

 

Brother of the Year (2018)
Brother of the Year (2018)
Brother of the Year (2018)
Brother of the Year (2018)
Brother of the Year (2018)
No downloads available

Related movies