IMDb…8.4,,,Rotten….89%
((ဇိမ်းဆိုတဲ့ကောင်လေးသရုပ်ဆောင်ထားတဲ့
ဖြစ်ရပ်မှန်ဒီဇာတ်ကားဟာ လူသားဆန်တဲ့ ကျွန်တော်တို့အားလုံးရဲ့
နှလုံးအိမ်ကို သိမ်းယူနိုင်စွမ်းရှိခဲ့တယ်..
ဒီကားနဲ့ဆုတွေရခဲ့သလို သားသားနားနား ကျောင်းတက်နေရတဲ့ ဇိမ်းရဲ့ဖြစ်အင်ကိုမြင်ရတော့ ကျွန်တော်တို့ အတိုင်းမသိဝမ်းသာမိပြန်တယ်…
ကားကောင်းလေးဖြစ်သည်နှင့်အညီ မကြည့်ရသေးတဲ့သူတွေကိုလည်း ကြည့်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းခဲ့ကြတယ်…
ခုကတော့ ဇိမ်းရဲ့ ပရိတ်သတ်တွေအတွက် အမှတ်တရအကြည်လေး သိမ်းဆည်းထားဖို့နှင့်မကြည့်ရသေးတဲ့သူတွေအတွက်လည်း အကောင်းမွန်ဆုံးခံစားစေဖို့ရာ Blu-Ray လေး ထွက်လာလို့ Update ပေးလိုက်ပါသည်…)))
***************************************************
ဇာတ်လမ်းအညွှန်း
*****************
တရားရုံးတွင် အမှုတစ်ခုကိုစစ်ဆေးနေသည်…….တခြားအမှုများနှင့်မတူ …အတော်ထူးခြားသည်…အဘယ့်ကြောင့်ဆိုသော် တရားလိုက ၁၂နှစ်အရွယ် ထောင်ကျနေသည့်ကောင်လေးတစ်ယောက်ဖြစ်သည်….တရားအစွဲခံရတဲ့သူတွေက ဒီကောင်လေးရဲ့ မိဘတွေပင်….ပြောရရင် သားက မိဘ (၂)ပါးကို တရားပြန်စွဲဆိုခြင်းဖြစ်သည်….တရားသူကြီးက မိဘတွေဖြစ်တဲ့သူကိုမေးတယ်…”ခင်ဗျားတို့ တရားလိုဖြစ်တဲ့ဒီကောင်လေးကိုသိလား””သိပါတယ် ကျွန်မတို့သား ဇိမ်းပါ ထောင်ကျနေတဲ့ ကျွန်မတို့သားပါ”” ဘာဖြစ်လို့ ထောင်ကျတာလဲ သိလား””သိပါတယ် သူက ကလေးဆန်ခဲ့ပြီးတော့ တခြားတစ်ယောက်ကိုဓါးနဲ့ထိုးခဲ့လို့ပါအဲ့ဒီအချိန်တုန်းက ရုံးချိန်းမှာတောင် ကျွန်မတို့ လင်မယား(၂)ယောက်သက်သေပါခဲ့ပါသေးတယ်အခုက ဘာကိစ္စကျွန်မတို့ကိုတရားရုံးကိုခေါ်မှန်းနားမလည်ဘူးတရားသူကြီးမင်းရှင့်”အဲ့ဒီနောက် တရားသူကြီးက တရားလိုဖြစ်တဲ့ကောင်လေးကိုမေးတယ်….”သားခု တရားရုံးကို ဘာလို့ရောက်နေတာလဲသိလား””ဟုတ်ကဲ့သိပါတယ်.. ကျွန်တော်မိဘတွေကိုတရားစွဲချင်လို့ပါ””မိဘတွေကို ဘာလို့တရားစွဲချင်ရတာလဲ””ကျွန်တော့်ကိုမွေးဖွားခဲ့လို့ပါ”အသက်(၁၂)အရွယ်ကောင်းလေး ပြောရရင် လူမမယ်အရွယ်လေးလို့တောင်ဆိုရမည်ထင်သည်….ဒီလိုကောင်လေးက ဒီလိုပြောတာ တကယ်အံအားသင့်စရာပင်…ဒီလိုပြန်ဖြေလိုက်တဲ့ ဂျစ်ကန်ကန်ကောင်လေးရဲမျက်နှာမှာ နာကျင်ကြွေကွဲခြင်းတွေအတိုင်းသားမြင်နေရတယ်…ဇာတ်လမ်းအရဲ့အစပိုင်းမှာတင် မိဘနဲ့သားသမီးကြားထူးခြားတဲ့ဆက်ဆံရေးကိုတွေ့နိုင်သလိုစိတ်ဝင်စားစရာတွေ ဆက်ကြည့်ချင်စိတ်တွေအများကြီးပေါက်အောင်ဆွဲဆောင်နိုင်တယ်..ဘာကြောင့်တရားစွဲချင်ရတာလဲ…မိဘတွေကရော တရားရုံးမှာဖြေတဲ့ပုံစံက အပိုအလုပ်တွေလာလုပ်နေရတဲ့ပုံ..သူတို့ရှင်သန်ကြီးထွားကြတဲ့ပုံစံတွေက ဘယ်လိုမျိုးတွေလဲ….ဒီလိုနဲ့ ဆက်ကြည့်တာ တကယ်လည်းအရမ်းကိုကောင်းလွန်းတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့တယ်…ဒီကားက အကောင်းဆုံးနိုင်ငံခြားအော်စကာဆု ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၂၂)ဆုလည်းရရှိခဲ့တယ်..Ratingတွေကလည်းမြင်တဲ့အတိုင်းပဲ…ကားကောင်းမို့ စပွိုင်လာဖြစ်မယ်စိုးလို့ ကိုယ်တိုင်ပဲခံစားကြည့်ပါ….
Review Credit to Channel Myanmar