Exit print mode Print Data A+ A- Undo all

Captain Phillips (2013)

Out here survival is everything.
Captain Phillips (2013)Captain Phillips (2013)

Synopsis:

၂၀၀၉ နှစ်တုန်းက ဆိုမာလီဓားမြတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့အကြောင်းလေးကို
ပြန်ရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇတ်ကားလေးပါ။
Richard Philips ဟာ ဇနီးနဲ့ သားနှစ်ယောက်ရှိပြီး သားနှစ်ယောက်စလုံး တက္ကသိုလ်တက်မယ့်အရွယ်ရောက်လို့နေပါပြီ။
Philips ဟာ အမေရိကန်အခြေစိုက်င်္ဘာလိုင်း Maersk လိုင်းရဲ့ Alabama သင်္ဘောမှာ ကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူတို့သဘောင်္ဟာ Oman ကနေ Mombasa ကို ကုန်သေတ္တာတွေသယ်ပြီး သွားရမှာဖြစ်ပါတယ်။ သဘောင်္ဓားမြတိုက် ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်လေ့ရှိတဲ့ ဆိုမာလီပင်လယ်ပြင်ဘက်ကနေ ဖြတ်သန်းသွားရဖို့ရှိတဲ့အတွက် Philips ဟာ သေချာဂရုစိုက်ပြီး လုံခြုံရေးအစရှိသည်တို့ကို ကြိုတင်ပြင်ဆင်ထားပါတယ်။

ပင်လယ်ဓားမြရန်ကို အမြဲတမ်းသတိထားနေတဲ့ Philips ဟာ မော်တော် ၂ စီး သူတို့သဘောင်္ဆီကို အရှိန်နဲ့ မောင်းလာတာတွေ့တော့ သူ့လက်အောက်ငယ်သားတွေကို သတိပေးပြင်ဆင်ခိုင်းပြီး အကူအညီတွေရဖို့အတွက် ဖုန်းဆက်ပြီး ဆက်သွယ်နေပါတော့တယ်။ သင်္ဘော အရှိန်မြင့်မောင်းလိုက်တာကို နောက်ကလိုက်လာတဲ့ မော်တော် ၂ စီးကို Philips က ပရိယာယ်ဆင်လိုက်တာကြောင့် မော်တော် ၁ စီးသာပါလာပါတော့တယ်။ ထိုတစ်စီးကလည်း မော်တာချွတ်ယွင်းသွားတာကြောင့် နောက်က လိုက်မလာနိုင်တော့ပါဘူး။
တကယ်တော့ ပင်လယ်ဓားမြတွေဟာ ငါးဖမ်းသမားတွေသာဖြစ်ပြီး သူတို့အထက်က လူတွေနဲ့ပေါင်းပြီး သင်္ဘောပြန်ပေးဆွဲမှုတွေကို လုပ်ကိုင်နေတာပါ။
ပင်လယ်ဓားမြတွေဟာ နောက်တစ်ကြိမ်မှာတော့ မော်တော်တစ်စီး လူ ၄ ယောက်သာ သယ်ဆောင်လာပြီး အရှိန်မြင့်လိုက်နိုင်ဖို့အတွက် အင်ဂျင် ၂ လုံးတပ်ပြီး Philips တို့သင်္ဘောနောက်ကို လိုက်လာပါတော့တယ်။ ခေါင်းဆောင်လာသူကတော့ Muse ပါ။ အရှိန်မြင့်လိုက်ပါလာပြီး သေနတ်တွေပါ သယ်ဆောင်လာတဲ့ဓားမြတွေကို Philips တစ်ယောက် ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ ဒါကြောင့် သူ့လူအများစုကို အင်ဂျင်ခန်းထဲရှိတစ်နေရာမှာပုန်းနေခိုင်းပါတော့တယ်။
သူတို့သင်္ဘောမှာဒေါ်လာ ၂၃၀၀၀ သာပါလာတဲ့အတွက် အဲ့ပိုက်ဆံအကုန် ဓားမြတွေကို အကုန်ပေးမယ်ပြောပြီးညှိသော်လည်းအဆင်မပြေပါ။ သင်္ဘော control ခန်းမှာ Philips ရဲ့ လုပ်ကိုင်ဖော်တစ်ချို့ကိုဖမ်းထားပြီး ကျန်တဲ့သူတွေ လိုက်ရှာဖို့အတွက် Philips ကို လမ်းပြပြီးသွားခိုင်းပါတော့တယ်။ Philips ကဘယ်လိုအချိန်ဆွဲသွားပေမယ့်လည်း Muse ကတော့ အင်ဂျင်စက်ခန်းကိုသာ သွားခိုင်းတဲ့အတွက် Philips ဟာ အင်ဂျင်ခန်းကိုအရင် သွားလိုက်ရပါတော့တယ်။
အင်ဂျင်ခန်းတံခါးဖွင့်အ၀င်မှာ ကြမ်းပြင်မှာဖန်ကွဲစတွေချထားတဲ့အတွက် ဓားမြတစ်ယောက်ဟာ ခြေထောက်ရှသွားပါတော့တယ်။ ထို့နောက် Philips လုပ်ဖောက်ကိုင်ဖက်တစ်ယောက်က မီးတွေအကုန်ဖြတ်ပစ်လိုက်တဲ့အတွက် အင်ဂျင်ခန်းတစ်ခုလုံးမှောင်မဲလို့သွားပါတယ်။ ခြေထောက်ဒဏ်ရာရတဲ့တစ်ယောက်က အနည်းငယ်များတဲ့အတွက် Philips နဲ့ တူတူ Control ခန်းကို ပြန်လွှတ်လိုက်ပါတော့တယ်။ အင်ဂျင်ခန်းမှာ Muse တစ်ယောက်တည်း ဓါတ်မီးတစ်လက်နဲ့ ပုန်းအောင်နေတဲ့သူတွေကို လိုက်ရှာပါတော့တယ်။

အင်ဂျင်ခန်းပုန်းအောင်နေတဲ့သူတွေဟာ လက်ဦးမှုရယူပြီး Muse ကို ဖမ်းဆီးလိုက်နိုင်ပါတော့တယ်။ တခြားဖမ်းဆီးခံထားရတဲ့သူတွေကို Muse နဲ့ လဲ ဖို့အတွက်ဆက်သွယ်လိုက်ပါတော့တယ်။ ပင်လယ်ဓားမြတွေဟာ ဓားစာခံလူလဲပြီး ဒေါ်လာ ၂၃၀၀၀ ရယူတာ အသက်ကယ်မော်တော်နဲ့အတူ ပြန်လည်ထွက်ခွာသွားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပင်လယ်ဓားမြတွေဟာ အသက်ကယ်မော်တော်နဲ့အတူ ကပ္ပတိန် Philips ကိုပါ ဓားစာခံအဖြစ်ခေါ်ဆောင်ပြီး ပင်လယ်ထဲကို ထွက်ခွာသွားပါတော့တယ်။

ထိုအချိန်မှာပဲ အမေရိကုန်ရေတပ်နဲ့ အဆက်အသွယ်ရပြီ ထိုနားတ၀ိုက်ကင်းလှည့်နေသော အမေရိကန်စစ်သင်္ဘောမှ လာရောက်ကူညီမှာဖြစ်ပါတယ်။ ပင်လယ်ဓားမြတွေဟာ Philips ကို ဆိုမာလီယာကိုခေါ်ဆောင်သွားပြီး ပြန်ပေးငွေ ၁၀ မီလီယမ်အထိ တောင်းဆိုဖို့စီစဉ်ထားပါတော့တယ်။
IMDB Ratings: 8.1/10 အထိရရှိထားသော်ဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓားမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန် ပီပြင်ကြပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။
၂၀၀၉ နှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပြီး နှစ် ၂၀၀ အတောအတွင်း အမေရိကန်ကုန်တင်သင်္ဘော ပထမဆုံးအကြိမ် ပြန်ပေးဆွဲခံရတာဖြစ်ပါတယ်…
ရုပ်ရှင်အညွန်းကို mmmovieguide.com မှကူးယူဖော်ပြပါသည်…

Original title
Captain Phillips
Director
Annie Penn, Julia Chiavetta, Paul Greengrass
Stars
Barkhad Abdi, Catherine Keener, Chris Mulkey, Corey Johnson, David Warshofsky, John Magaro, Max Martini, Michael Chernus, Tom Hanks, Yul Vazquez
Release Date
11 Oct 2013
Rated
PG-13
Runtime
134 min
Awards
Nominated for 6 Oscars. Another 16 wins & 144 nominations.
Country
USA
Budget
USD $55 000 000,00
Revenue
USD $95 000 000,00
Popularity
13.12
Status
Released
ID IMDb.com
tt1535109
IMDB Rating
7.8
IMDB votes
383,661
ID Themoviedb.org
109424
TMDb Rating
7.6
TMDb votes
3816