Charlie and the Chocolate Factory (2005)
Willy Wonka is semi-sweet and nuts.Synopsis:
အခုတင်ထားပေးတဲ့ ဇာတ်ကားလေးကတော့ ချာလီနဲ့ချောကလက်စက်ရုံကြီးအကြောင်းဘဲဖြစ်ပါတယ်။
အားလုံးလည်းကြည့်ဖူးပြီးသားဖြစ်လောက်မှာပါ။ ကွာလတီအလန်းစားနဲ့ပြန်ကြည့်လို့ရအောင်လို့
တစ်ဖန်ပြန်လည်တင်ဆက်ပေးထားတာပါ။
ဇာတ်လမ်းအကျဉ်း
——————–
ချာလီဆိုတဲ့ အညတရ ကောင်လေးတစ်ယောက်အကြောင်းနဲ့ အလွန်တရာမှာ ပညာပါရမီရင့်သန်လှတဲ့
ချောကလက်စက်ရုံပိုင်ရှင်တို့အကြားက ဖြစ်ပေါ်လာတဲ့ ဘဝ ကံကြမ္မာသဘောတရားတွေနဲ့ လူတွေ
ကိုပြောချင်တဲ့ သဘောတရားကိုထိမိပိုင်နိုင်စွာဖော်ပြထားတဲ့ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။
လူကုန်ထံအသိုင်းမဟုတ်တဲ့ ချို့တဲ့ တဲ့မိသားစုကပေါက်ဖွားလာခဲ့တဲ့ ကလေးလေး ချာလီဘက်ကက်က
သူတို့မိသားစုမှာ ဖအေဖြစ်သူရဲ့ လုပ်စာလေးနဲ့မိသားစုတစ်ခုလုံးကိုရုန်းကုန်နေကြရတာပါဘဲ။
ဒီလိုနဲ့ တစ်ရက်မှာ ချောကလက်စက်ရုံပိုင်ရှင်ဖြစ်တဲ့ ဝီလီဝန်ကာ က သူရဲ့ ချောကလက်ထုပ်ထဲမှာ
ထာဝရပိတ်သိမ်းထားတယ်လို့ဆိုရတဲ့ သူ့ရဲ့ ချောကလက်စက်ရုံကြီးကိုတစ်နေ့တာလည်ပတ်ခွင့်
ဆိုပြီးတော့ ကံစမ်းမဲအနေနဲ့ ရွှေရောင်ကဒ် ၅ခု ကလေး ၅ယောက်စာကို တစ်ကမ္ဘာလုံးကိုဖြန့်ဝေ
စေခဲ့ပါတယ်။
ဒီထဲကမှ အညတရကောင်လေး အပါအဝင် ၅ဦးသူ့ရဲ့အုပ်ထိန်းသူအပါ ၁၀ဦးတို့ချောကလက်စက်ရုံ
ကြီးထဲအလည်အပတ်သွားရောက်တဲ့အခါမှာတော့…
ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ BS ပရိတ်သတ်ကြီးလည်းကြည့်ရှုခံစားအားပေးလိုက်ရအောင်။
အညွှန်းနဲ့ ဘာသာပြန်သူကတော့ နေမျိုးကျော်ဘဲဖြစ်ပါတယ်။