ဒီဇာတ်ကားလေးကတော့ Disney ရဲ့ နာမည်ကျော် Animation ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ Cinderella ဇာတ်ကားလေးကို
ရုပ်ရှင်ကားအဖြစ် Kenneth Branagh, Anna Worley, Nicoletta Mani တို့မှပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
IMDB Rating 6.9 ရရှိထားတဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။
Cinderella Animation ဇာတ်ကားကိုကြည့်ဖူးတဲ့လူတွေအတွက်ကတော့ဒီဇာတ်ဝင်ခန်းတွေကသိပ်ပြီးတော့မစိမ်းဘူးလို့ထင်ပါတယ်။
အညွှန်း
အယ်လာ တို့မိသားစုလေးဟာအလွန်တရာမှ သာယာကြည်နူးဖွယ်ကောင်းတဲ့မိသားစုလေးတစ်ခုဘဲဖြစ်ပါတယ်။
တစ်ရက်မှာတော့ မမျှော်လင့်တဲ့ ကံကြမ္မာ မုန်တိုင်းကြီးတစ်ခုဟာ အယ်လာရဲ့အမေကိုခေါ်ဆောင်သွားခဲ့ပါတယ်။
ဒီလိုနဲ့ အယ်လာတို့ သားအဖနှစ်ယောက်တည်း နှစ်ရက်ရှည်များစွာဖြတ်သန်းလာပြီးနောက်မှာတော့
အယ်လာရဲ့ အဖေက နောက်အိမ်ထောင်ပြုဖို့ အယ်လာကိုတောင်းဆိုလာခဲ့ပါတော့တယ်။
မြင့်မြတ်လှတဲ့ နှလုံးသားပိုင်ရှင်လေး အယ်လာကတော့ သူ့အဖေရဲ့ ဆန္ဒတွေကိုလိုက်လျောပေးခဲ့ပါတယ်။
ဒါပေမယ့် အယ်လာ့ရဲ့ မိထွေးဖြစ်လာမယ့်သူက အကင်းပါးပြီး သူ့ရဲ့ သမီး၂ယောက်ကလွဲလို့
အယ်လာ့အပေါ်မှာ ဘာချစ်ခြင်းမေတ္တာမှမပါဝင်ခဲ့ပါဘူး ၊ဟန်ဆောင်ကောင်းလွန်းတဲ့သူပေါ့။
ဒီလိုနဲ့ တစ်ရက်မှာ အယ်လာ့အဖေက ခရီးတစ်ခုသွားပြီး အပြန်လမ်းမှာ နာမကျန်းဖြစ်ပြီးဆုံးပါးသွားခဲ့ပါတယ်။
မိထွေးလုပ်သူရဲ့ ချယ်လှယ်မှုကြောင့် အယ်လာတစ်ယောက် အိမ်ကြီးရဲ့ ထပ်ခိုးလေးမှာဘဲသွားနေရရှာပါတယ်။
ဒီလိုနဲ့ မင်းသားလေးက ကြင်ရာရွေးချယ်တဲ့အခါမှာတော့…..ရုပ်ရှင်ထဲမှာဆက်လက်အားပေးကြပါခင်ဗျာ။
File Size – 2.64GB , 0.96GB
Quality – Blu-Ray 1080P 5.1CH , Blu-Ray 720P
Running Time – 1h 45min
Format – mp4
Genre – Drama, Family, Fantasy
Translator – Burmese Subtitle Team
Encoded By – Burmese Subtitle Team