Exit print mode Print Data A+ A- Undo all

Cloud Atlas (2012)

Everything is Connected
Cloud Atlas (2012)Cloud Atlas (2012)

Synopsis:

ဒီCloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင်
၆ ယောက်ရဲ့ ဇာတ်လမ်းကိုု ရုုိက်ပြထားပြီး

အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ၂၁၀၀၊
နောက်တော့ လူ့ယဉ်ကျေးမှုုပျက်ဆီးသွားတဲ့ ခေတ် စတဲ့ မတူညီတဲ့ ခေတ် ၆ ခေတ်ကဖြစ်ပါတယ်။

ဇာတ်လမ်းဆင်ထားတဲ့ ပုုံကအရမ်းအံ့အော်စရာ
ကောင်းပါတယ်။ ဇာတ်ကားတစ်ကားတည်းနဲ့ ဇာတ်ကား ၆ ကားကိုု တစ်ခါတည်းကြည့်ရသလိုု
ပါပဲ။ အဲ့ဇာတ်ကား ၆ ကား ဟာလည်း တစ်ခုုနဲ့တစ်ခုု theme မတူညီတဲ့အတွက်

အပေါ်မှာရေးထား သလိုု
Adventure, Drama, Thriller, Scifi, Action, Mystery, Fantasy, Comedy ခံစားမှုုပေါင်းစုုံနဲ့ ရုုိက်ကူးထားပါ
တယ်။ ကျွန်တော်အကြိုက်ဆုုံးအချက်ကတော့ ဒီလိုုမတူညီတဲ့ ခေတ် ၆ ခေတ်မှာ မတူညီတဲ့ ဇာတ်ကောင် ၆
ယောက်ရဲ့ ဇာတ်လမ်းကိုု တစ်ပြိုင်တည်း တင်ဆက်ထားတာမှာ

ဇာတ်လမ်းအတက်အကျတွေဟာ တစ်ပြေးညီဖြစ်

နေတာပါပဲ။ ဇာတ်လမ်း ၇ ပုုဒ်ကိုု တစ်ခါတည်းပြဖိုု့ ကြိုးစား ထားတာဖြစ်တဲ့အတွက်

စစချင်းတော့ ဘယ်သူက ဘာတွေမှန်းမသိ ခေါင်းတွေမူးနောက်နေခဲ့ပေမယ့် ဇာတ်ကြောင်းတွေပေါ်လာလေလေ

နောက်ဘာဆက်ဖြစ်မလဲဆိုုပြီး ၇ ပုုဒ်လုုံး ဇာတ်ကောင် ၆ ယောက်လုုံးကိုု စိတ်ဝင်စားလာအောင်၊

ပြီးတော့ အဲ့ ဇာတ်ကောင် ၆ ယောက်ကိုု ဘယ်လိုု ချိတ်ဆက်ထားလဲဆိုုတာကိုု သိချင်လာအောင် ရုုိက်ပြထားပါတယ်။

ဒီကားမှာသုုံးထားတဲ့ Make-up ကိုုတော့ တော်တော်လေးကြိုက်
ပါတယ်။ မင်းသား၊ မင်းသမီး အတူတူပေမယ့် Make-up ကြောင့် နောက်ဆုုံးစာတမ်းထိုုးတော့မှ သြော်၊ အဲ့တာလည်း

သူတိုု့ပါပဲလားဆိုုပြီး သိရတာပါ။ အချုပ်ပြောရရင်တော့ Cloud Atlas ဟာတော်တော်ကောင်းတဲ့ကား၊ ထူးခြားတဲ့ကားတွေထဲမှာပါပါတယ်။

ဇာတ်လမ်းက ခေတ် ၇ ခေတ်ကိုု တစ်ခါတည်းရိုုက်ပြထားတာဆိုုတော့ ကြည့်ရူလို့ကောင်းမဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့်ညွန်းဆိုပေး
လိုက်ပါတယ်။

Review Credit

Original title
Cloud Atlas
Director
Caroline Veyssière, Julie Brown, Julie Heskin, Lana Wachowski, Lilly Wachowski, Rickie-Lee Roberts, Terry Needham, Tom Tykwer
Stars
Bae Doo-na, Ben Whishaw, Halle Berry, Hugo Weaving, James D'Arcy, Jim Broadbent, Jim Sturgess, Keith David, Tom Hanks, Zhou Xun
Release Date
26 October 2012
Rated
R
Runtime
172 min
Awards
Nominated for 1 Golden Globe. Another 16 wins & 75 nominations.
Country
USA
Budget
USD $102 000 000,00
Revenue
USD $130 482 868,00
Popularity
16.758
Status
Released
ID IMDb.com
tt1371111
IMDB Rating
7.4
IMDB votes
333,751
ID Themoviedb.org
83542
TMDb Rating
6.8
TMDb votes
4898