“အချစ်ဟာလိုက်လို့ပြေးတာလား အော်…
ပြေးလို့လိုက်တာလား ” ဘာမှမဟုတ်ဘူးသီချင်းဆိုတာ
လူတစ်ယောက်ကိုနှစ်နှစ်ကာကာ ချစ်ဖူးပြီလား
လူတစ်ယောက်ကိုချစ်လွန်းလို့ ကိုယ့်အသက်စွန့် တဲ့အထိဖြစ်ပြီလား
မဖြစ်သေးရင် တကယ်မချစ်သေးလို့ဘဲ…
ကိုယ့်ကောင်လေးတွေ၊ ကိုယ့်ကောင်မလေးတွေကိုမန်းရှင်းပြီး ဒီကားကိုပြလိုက်ပါ
လုံးဝ ကိုယ့်အပေါ်ချစ်သွားစေရမယ်လို့အာမခံတယ်ဗျာ
ဒါမှမချစ်သေးရင်တော့ သတ်ပလိုက်တော့ LOL
ဒီကားလေးကတော့ သာမန် သမရိုးကျ နေထိုင်နေတဲ့ ချစ်သူစုံတွဲ ၂ဦးဟာ
အချစ်ရက် ခရီးရှည်ကို ပျော်ရွှင်စွာ ဖြတ်သန်းပြီးနောက်မှာတော့
မမျှော်လင့်ထားတဲ့ရောဂါဆိုးကြီး ကကောင်မလေးစီကိုရောက်ရှိလို့လာပါတယ်
ဒီလိုဖြစ်လာတဲ့အခါမှာ သင့်ကောင်လေးဆိုရင်ကောဘယ်လိုဖြေရှင်းမယ်ထင်တုန်း
ဒီထဲမှာတော့ကောင်လေး Nicholas Hoult က ကောင်မလေး Felicity Jones အတွက်
ရောဂါပျောက်ကင်းဖို့ရာ သမရိုးကျ ပိုက်ဆံရှာမရတဲ့အဆုံး ဒုစရိုက်မှုတွေကိုဘယ်လို
အသက်ပါပါ လုပ်ဆောင်မလဲ ဘယ်လိုဉာဏ်ကောင်းမလဲ ရင်သပ်ရှုမောဖွယ်ကြည့်လိုက်ရအောင်