Burmese Subtitle
BluRay 1080p 6CH Crime Story (1993)
Report error

Crime Story (1993)

Jung on zo    

R 103 min ActionCrimeDrama

6.8
IMDB: 6.8/10 5341 votes

, , , , , , , , ,

2 wins & 8 nominations

Hong Kong

211

Report error

ဒီဇာတ်ကားကတော့ ဒါရိုက်တာကတ်ဝမ် ရိုက်ကူးခဲ့တဲ့ ၁၉၉၃သဲထိတ်ရင်ဖိုရာဇဝတ်အက်ရှင်ကားပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်ကတော့ လူတိုင်းနီးပါးသိတဲ့ အက်ရှင်မင်းသားကြီးဂျက်ကီချန်းပဲ ဖြစ်ပါတယ်။ အခြားအက်ရှင်ကားတွေနဲ့မတူတာက ဒီကားဟာ ၁၉၉၀ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် တရုတ်စီးပွားရေးသမားကြီးတတ်ဒီဝမ် ပြန်ပေးဆွဲမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
နောက်ထပ်ထူးခြားတာတစ်ခုက ဒီကားထဲမှာပါဝင်တဲ့ ကားနှစ်စီးတိုက်မိတဲ့အခန်း ရိုက်ကူးရာမှာ မင်းသားကြီးဂျက်ကီချန်းရဲ့ ခြေထောက်ကျိုးကြေသွားခဲ့ရတယ့်အထိ ဖြစ်ခဲ့ရတယ်လို့ ဂျက်ကီချန်းရေးသားထားတဲ့ I Am Jackie Chan : My life in action စာအုပ်မှာ ဖော်ပြထားပါတယ်။
ဒီဇာတ်ကားကို ဟောင်ကောင်၊ ထိုင်ဝမ် နဲ့ ကွန်းလွန်ဝေါမြို့တို့မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားတွင် ရိုက်ကူးရေးမစတင်ခင် စစ်ဆေးရေးအရာရှိအက်ဒီချန်နေရာမှာ အက်ရှင်မင်းသားကြီဂျက်လီနဲ့ ရိုက်ကူးရန်ပြင်ဆင်ထားပေးမဲ့ နောက်ဆုံးမှာ အက်ရှင်မင်းသားကြီးဂျက်ကီချန်းကို ရွေးချယ် ရိုက်ကူးဖြစ်ခဲ့တာပါ။ ဤဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူအများအပြား ဆုရရှိခဲ့ပါတယ်။
ဇာတ်ကားအစမှာတော့ ပစ်ခတ်မှုကြီးတစ်ခုအပြီး စိတ်ဖိစီးမှုများနေတဲ့ စစ်ဆေးရေးအရာရှိအက်ဒီချန်ဟာ ပြန်ပေးဆွဲခံရသူစီးပွားရေးသမားကြီးဝမ်ရဲ့ဖေးရဲ့ အမှုကိုကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ကျလာပါတယ်။ အက်ဒီချန်ဟာ ငွေကြေးအာဏာာတောင့်တင်းတဲ့ လူဆိုးဂိုဏ်းအများအပြားနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီး အဆိုးဆုံးကတော့ ရဲတပ်ဖွဲ့လှုပ်ရှားမှုတိုင်း ခြေရာခံပေးနေတဲ့ သူနဲ့အတူအမှုလိုက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ ပြန်ပေးဆွဲမှုထဲ ပါဝင်နေခဲ့တာပါ။ ဒီဇာတ်ကားကတော့ အခက်အခဲများစွာကြားက ရာဇဝတ်မှုကိုဖော်ထုတ်အရေးယူသည့် သဲထိတ်ရင်ဖိုအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။

Review Credit to GC

Crime Story (1993)
Crime Story (1993)
Crime Story (1993)
Crime Story (1993)
Crime Story (1993)
Crime Story (1993)
No downloads available

Related movies