Burmese Subtitle
BluRay 1080p 6CH Das Boot (1981)
Report error

Das Boot (1981)

Das Boot    

R 149 min AdventureDramaThriller

8.4
IMDB: 8.4/10 208,930 votes

,

, , , , , , , , ,

Nominated for 6 Oscars. Another 13 wins & 5 nominations.

West Germany

754

Report error

Das Boot
**********

ဒုတိယကမ္ဘာစစ်နောက်ခံ ရေငုပ်သင်္ဘောဇာတ်ကား ဖြစ်ပါတယ် ၁၉၈၁ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ထူးခြားတာက ဒီကားကို ဂျာမနီဘက်က ရိုက်ကူးတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်ယူဘုတ်တစ်စီးရဲ့ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းက နေ့စဉ်ဖြတ်သန်းမှုနဲ့ တိုက်ပွဲတွင်းအခြေအနေတွေကို ကြည့်ရူခံစားရမှာပါ။

ရေငုပ်သင်္ဘောအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တော်တော်များများ ရှိပါတယ်။ ကျွန်တော်ကြည့်ဖူးသလောက်ဆိုရင် မနှစ်ကထွက်တဲ့ Hunter Killer လိုကားကနေ အိန္ဒိယဘက်ကရိုက်တဲ့ Ghazi Attack ၊ အမေရိကန်ဘက်ကရိုက်တဲ့ U-571 ကားတွေက လူသိများတဲ့ကားတွေ ဖြစ်မှာပါ။

Hunter Killer ကိုကြည့်ရင် အမေရိကန်နံ့သင်းတဲ့ ခေတ်သစ်ရေငုပ်သင်္ဘော စစ်ဆင်ရေးအကြောင်း မြင်ရမယ်၊ U-571 ကိုကြည့်ရင် အင်နစ်ဂမာကုတ်ကို ချိုးဖောက်နိုင်ဖို့ စွန့်စားခဲ့ကြတဲ့ အမေရိကန်ရေတပ်သားတွေ အကြောင်း မြင်ရမယ်။ Ghazi Attack ကားကိုကြည့်ရင် အိန္ဒိယရေတပ်သားတွေရဲ့ သူရဲကောင်းဆန်ဆန် စွန့်စားမှုတွေကို မြင်ရပါမယ်။ ဒီဇာတ်ကားသုံးကားကိုကြည့်မိရင် ခံစားရမှာက တိုင်းပြည်နဲ့တပ်မတော်ဆိုတာ ဘာညာသာတကာ ၊ စွန့်လွှတ်မှုနဲ့ သူရဲကောင်းဆန်မှုဆိုတာ ဘာညာသာတကာ၊ ခေါင်းဆောင်ဆိုတာ စံနမူနာပြပြီး လက်အောက်က အဖွဲ့အစည်းကို ရည်မှန်းချက်အောင်မြင်မှုဆီ ဦးဆောင်သွားနိုင်တယ် ဘာညာနဲ့ နောက်ဆုံးမှာ ဇာတ်လိုက်တွေ အမြဲနိုင်တယ် ဆိုတဲ့ Theme ကို အတုံးလိုက်အတစ်လိုက်ဖြစ်ဖြစ် ပါးပါးလေးပဲဖြစ်ဖြစ် အဓိက ဇောင်းပေးသွားတာကို ခံစားရမှာပါ။ တကယ်တမ်း လက်တွေ့ဘဝတွေကရော ဒီလိုပဲလား?

Das Boot ဇာတ်ကားမှာတော့ လက်တွေ့ဘဝကို အနီးစပ်ဆုံး ချဉ်းကပ်ပုံဖော်ထားတာကို မြင်တွေ့ရမှာပါ။ ဒီလိုပုံဖော်နိုင်ဖို့အတွက်လဲ ဒုတိယကမ္ဘာစစ်အတွင်းမှာ ယူဘုတ်ကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေရဲ့ အကြံဥာဏ်တွေအတိုင်း ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ မှတ်တမ်းတွေအရ ပြောရရင် ဒီဇာတ်ကားဟာ (ကနေ့အထိ) ဂျာမန်ရုပ်ရှင်တွေထဲမှာ အကောင်းဆုံး ဇာတ်ကားတစ်ကားအဖြစ် သတ်မှတ်ခံထားရပြီး Rating အနေနဲ့ IMDB မှာ 8.4/10 နဲ့ Rotten Tomatoes မှာ 98% ရရှိထားပြီး ရေငုပ်သင်္ဘောဇာတ်ကားတွေထဲမှာတော့ ထိပ်ဆုံးမှာရှိနေတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဒီကားလေးကို အသိတစ်ယောက်ရဲ့ တိုက်တွန်းမှုနဲ့ ဘာသာပြန်စာတန်းထိုးမိပါတယ်။ မူရင်းအနေနဲ့ ဂျာမန်စကားပြောကား ဖြစ်တဲ့အပြင် ရေတပ်ရဲ့ အသုံးအနှုန်း အခေါ်အဝေါ်တွေကလဲ သိပ်မရင်းနှီးတဲ့အတွက် အမှားအယွင်းတွေ ပါနိုင်ပါတယ်။ အတတ်နိုင်ဆုံးတော့ မှန်ကန်ဆီလျှော်အောင် ကြိုးစားထားပြီး မှားယွင်းမှု၊ မပြည့်စုံမှု ရှိရင်တော့ နားလည်ခွင့်လွှတ်ဖို့ ပြောချင်ပါတယ်။

အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ကျွန်တော်တို့ BS ရဲ့ စစ်ကားတွေကို ပင်တိုင် ဘာသာပြန် အကောင်းဆုံးနဲ့တင်ဆက်ပေးနေတဲ့ ကိုဥက္ကာကျော်ကြီးဘဲဖြစ်ပါတယ်။

Das Boot (1981)
Das Boot (1981)
Das Boot (1981)
Das Boot (1981)
Das Boot (1981)
Das Boot (1981)
Das Boot (1981)
Das Boot (1981)
Das Boot (1981)
  • Download Links Server Size Quality