ပထမဦးဆုံးပြောချင်တာက
IMDB – 6.3 ရထားတဲ့ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်ပါတယ်
ဒီကားလေးက ထွက်တာကြာနေပါပြီ ဒါပေမယ့် Old but Gold ဆိုတဲ့အတိုင်း အဟောင်းထဲက အကောင်းလေးလို့ပြောပါရစေ ကျွန်တော်အကြိုက် Romance ကားထဲက တစ်ကားပါ John လို့ခေါ်တဲ့ကောင်လေးက သူအလုပ်ကနေခွင့်ရလို့ သူ့ဇာတိကို ပြန်လာတဲ့အချိန်မှာ သက္ကသိုလ်ကျောင်းသူလေးတစ်ယောက်နဲ့တွေ့ပြီး နောက်ပိုင်းကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက်စာလေးတွေရေးပို့ပြီးတော့ သံယောဇဉ်တစ်ခုကို တည်ဆောက်ကြတယ်…. ဆရာ တက္ကသိုလ်ဘုန်းနိုင် ရေးထားတဲ့ စာလေးမှာ “လောကမှာ ဖြစ်နိုင်တာရှိတယ် မဖြစ်နိုင်တာရှိတယ် ဖြစ်ချင်တာရှိတယ် မဖြစ်ချင်တာရှိတယ်.. ဖြစ်သင့်တာရှိတယ် မဖြစ်သင့်တာရှိတယ်.. မဖြစ်နိုင်တာတွေကို လျှောက်မလုပ်ထိုက်သလို ကိုယ်ဖြစ်ချင်တာတွေချည်းပဲ လျှောက်လုပ်နေလို့မကောင်းဘူး” ဆိုတဲ့အပိုင်းလေးကို သတိရမိတယ်.. သူတို့ရဲ့ချစ်ခြင်းတွေ သံယောဇဉ်တွေက နောက်ဆုံးတိုင်အထိ တည်မြဲသွားမလား ကြံကမ္မာအလှည့်အပြောင်းမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့……
အညွှန်းနဲ့ဘာသာပြန်သူကတော့ Sai Wunna ဘဲဖြစ်ပါတယ်
File Size : 1.39GB (1080p)
Quality : Blu-ray 1080p
Running Time : 1hr 48 minute
Format : Mp4
Genre : Drama, Romance, War
Translated By : Sai Wunna
Encoded By : Burmese Subtitle Team