လူသက်ကား သရဲကားတွေပဲကြည့်နေရတော့ ရိုးနေမှာ ဆိုးလို့ Netflix ကနေပူပူနွေးနွေးထွက်ရှိလာတဲ့ ငါးမန်း ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ငါးမန်းသုတေသနပညာရှင် ဒေါက်တာ ကောလင်းက သူမအဖွဲ့သားတွေနဲ့အတူ ငါးမန်းဖြူတွေကိုလေ့လာဖို့ ရေပေါ်ကျွန်းရွာလေးတစ်ခုကိုသွားခဲ့ကြတယ်။
သူတို့တွေလေ့လာတဲ့အခါမှာတော့ ငါးမန်းအရေအတွက်က အရင်နှစ်တွေထက် ရာခိုင်းတွေက သိသိသာသာရော့ကျ သွားတာကိုတွေ့ရတယ်။
သူတို့တွေသိရအောင်ရေထဲကိုဆင်းပြီးရှာဖွေကြည့်တဲ့အခါ မှာတော့ ငါးမန်းသေတွေကိုတွေ့ပြီး Bull ငမန်းကြီးတွေရဲ့ တိုက်ခိုက်မှုကြောင့် အဖွဲ့သားတစ်ယောက်သေသွားခဲ့တယ်။
နောက်တော့ သူတို့ရဲ့ကျွန်းကို ငါးမန်းဖမ်းတဲ့ သင်္ဘောတစ် စီးဆိုက်ရောက်လာခဲ့တယ်။အခြေအနေတွေအားလုံးကပိုပြီး ရှုပ်ထွေးလာခဲ့တယ်။
အဲ့ဒီငါးမန်းကြီးတွေက သာမန်ငါးမန်းကြီးတွေလား ဒါမှမဟုတ် စမ်းသပ်ခံထားရတဲ့အကောင်ကြီးတွေလား။ ဘယ်သူတွေက ကြိုးကိုင်နေတာလဲ။
ငမန်းကြီးတွေရဲ့ ရန်လိုမှုနဲ့အတူ မသမာသူတွေကြောင့် ရွာလေးပျက်စီးသွားပြီး ငါးမန်းကြီးတွေနဲ့ဘယ်လိုရင်ဆိုင်ကြရ မလဲ။ငါမန်းတောထဲကရောထွက်နိုင်ကြပါ့မလား။
ဘယ်သူတွေအသက်ရှင်ကျန်ရစ်ခဲ့ကမလဲဆိုတာကတော့ စိတ်ဝင်စားစွာ နဲ့ကြည့်ရှုရမှာပါ။
Movie Review By Sharr Htet