Den of Thieves (2018)
You’re not the bad guys. We are.Synopsis:
R-rated ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကြောင်းမပြောခင် မင်းသားကြီး Gerard Butler အကြောင်း အရင်မိတ်ဆက်ပေးပါမယ်
ကျနော့်လို ရုပ်ရှင်ဂျိုးတွေကတော့ action ဇာတ်ကားတွေနဲ့တွဲသိထားပြီးဖြစ်ပေမဲ့ မသိသေးတဲ့လူတွေ သိသာအောင်ပြောရရင် Olynpus has fallen နဲ့စပြောရပါလိမ့်မယ်
အဲ့ဒီနောက်မှာ Gods of Egypt,London Has Fallen နဲ့ Geostorm တို့ကဆင့် ပိုပိုပြီးရင်းနှီးလာခဲ့တဲ့ action မင်းသားကြီးဖြစ်ပါတယ်
2019 ထဲမှာ Angel Has Fallen နဲ့ Den of Thieves 2 တို့ကိုလဲ ဆက်လက်ရိုက်ကူးလျက်ရှိနေပါတယ်
Den Of Thieves က သမားရိုးကျ အနည်းငယ်ဆန်သယောင်ရှိပေမယ့် ဖျော်ဖြေမှု ကောင်းကောင်းပေးနိုင်တဲ့ အမေရိကန် အက်ရှင်/Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။
Gerard Butler ကြီးကို အေးအေးဆေးဆေးကြည့်ရမဲ့ ဇာတ်ကားလဲဖြစ်ပါတယ်
အတော်လေး သတ္တိရှိတဲ့ နယ်ထိန်းရဲမှူးတစ်ယောက်
ရေတပ်ဗိုလ်ဟောင်းဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ ဓားပြအဖြစ်ရပ်တည်နေတဲ့ လူတစ်စု
ကမ္ဘာပေါ်မှာ လုံးဝ ဓားပြအတိုက်မခံရသေးတဲ့ ဘဏ်လေးတစ်ခု
ရဲမှူးနဲ့ ဓားပြတွေရဲ့ အားပြိုင်မှုကြားက ဓားစာခံဖြစ်သွားတဲ့ ဒီဘဏ်ဓားပြတိုက်မှုအကြောင်းကို အဆဲအဆိုစကားလုံးခပ်ကြမ်းကြမ်းတွေနဲ့ ကြည့်ရှုရမှာပါ
အညွှန်းကိုတော့ Myanmar Subtitle international Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
File Size – 2.37 GB
Quality – Blu-Ray 1080p 6CH
Running Time – 2h 20min
Format – mkv
Genre – Action, Crime, Drama
Subtitle – Myanmar (Hard Sub)
Translator – Aung Phyo Hein
Encoded By – Htet Aung Moe