Despicable Me 1 ကို ၂၀၁၀ ခုနှစ်မှာ ရိုက်ကူး ထုတ်လုပ်ခဲ့ပေမယ့် အဲ့ဒီတုန်းက ပရိတ်သတ်တွေ တော်တော်များများသတိမထား မိခဲ့ကြပါဘူး။ အထူးသဖြင့် မြန်မာပြည်က ပရိတ်သတ်တော် တော်များများက ၂၀၁၃ ခုနှစ် Despicable Me 2 ထွက်မှ ဒီဇာတ်ကားကို သတိထားခဲ့မိတာ ဖြစ်ပါတယ်။
ဒီဒုတိယဇာတ်လမ်းမှာတော့ Gru က ဒုစရိုက်သမားတစ်ဦးမဟုတ်တော့ပဲ ကလေးသုံးယောက် အဖေဖြစ်နေပြီး ကောင်းရောင်းကောင်းဝယ်လုပ် စားဖို့ ကြိုးစားနေပါတယ်။ ဒီမှာ သူ့ကို အစိုးရက သူတို့ရဲ့ စမ်းသပ်ခန်းတစ်ခု အခိုးခံလိုက်ရတာနဲ့ပတ်သက်ပြီး စုံစမ်းဖို့ ကမ်းလှမ်းလာပါတယ်။ Gru နဲ့အတူ အေးဂျင့် Lucy Wilde တို့ အတူတူ စုံစမ်းဖော်ထုတ်ရမှာဖြစ်ပါတယ်။
ဒုတိယကားမှာတော့ ဖခင်တဦးအဖြစ် သမီးတွေကို ထိန်းကျောင်းရပုံ၊ တစ်ဖက်ကလည်း အစိုးရကို ကူညီ စုံစမ်းပေးရင်းနဲ့ အေးဂျင့် Lucy နဲ့ သံယောစဉ်ဖြစ်သွားပုံ တွေအပြင် Minion လေးတွေရဲ့ ချစ်စဖွယ် စကားပြောသံ၊ သရုပ်ဆောင်ပုံလေးတွေကိုလည်း ပရိတ်သတ်တွေကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
Despicable Me ဇာတ်ကား ဒုတိယကားက က ကမ္ဘာအနှံ့က ကလေးတွေကိုပါမက လူကြီးတွေကိုပါ ဖမ်းစားနိုင်ခဲ့ပြီး လူတော်တော်များများကို Minion Crazy ဖြစ်စေခဲ့ပေမယ့်လည်း ပထမကားက လည်း ဒုတိယကားနည်းတူ စိတ်ဝင်စားဖို့ကောင်းပါတယ်။ နှစ်ကားလုံးကိုကြည့်မှလည်း ပိုပြီး အနှစ်သာရ ရှိမှာမို့လို့ တစ်ခါတည်း နှစ်ခုပေါင်းပြီး Review လုပ်လိုက်တာပါ။ နှစ်ကားလုံး ဟာသတွေကလည်း အဓိပ္ပာယ်ရှိရှိ ရီရပြီး၊ ဒုတိယကားမှာ Minion လေးတွေရဲ့ အခန်း ပိုများလာတာကိုလည်းတွေ့ရပြီး၊ Minion လေးတွေရဲ့ သရုပ်ဆောင်မှုကလည်း ချစ်စဖွယ်ကောင်းသလို ဇာတ်လမ်းကိုလည်း အဓိက အထောက်ကူပြုပေးနိုင်တာ တွေ့ရပါတယ်။ ရီရတဲ့အခန်းဆို Minion လေးတွေကြောင့်ပိုရီရသလို၊ ကြည်နူးစရာအခန်းဆိုလည်း သူတို့ကြောင့် ပိုပြီး ချစ်ဖို့ကောင်းသွားပါတယ်။
Review Credit to Original
File Size – 1.55 GB
Quality- Blu Ray 1080p 6CH
Running Time – 1hr 34min
Format – mkv
Genre – Animation, Comedy, Family
Subtitle – Myanmar (Hard Sub)
Translator – Okkar Min
Encoded By – Harry