Burmese Subtitle
BluRay 1080p 8CH Despicable Me 3 (2017)
Report error

Despicable Me 3 (2017)

Despicable Me 3    

PG 89 min ActionAdventureAnimation

6.3
IMDB: 6.3/10 85,541 votes

, , ,

, , , , , , , , ,

25 nominations.

USA

1041

Report error

ဒီတစ်ခါတော့ရုပ်ရှင်ချစ်ပရိသတ် အတွက် သရီးဒီအန်နီမေးရှင်းဟာ သဇာတ်ကားလေးဖြစ်တဲ့ Des-picable Me 3 အကြောင်း ညွှန်းချင်ပါတယ်။ Illumination En-tertainment ကနေ ထုတ်လုပ်ပြီး ယူနီဗာဆယ် စတူဒီယိုကနေ ဖြန့်ချိတဲ့ Despicable Me ဇာတ်ကားကို ပရိသတ်တွေအနေနဲ့ ၂၀၁၃ ကတည်းက ရင်းနှီးပြီးသားဖြစ်ကာ အခု ဇာတ်လမ်းကတော့ တတိယမြောက်အဖြစ် ထွက်ရှိလာတာပါ။

အရင် ဇာတ်လမ်းတွေကို ပြန်ဆက်ရရင် ဂရူနဲ့သူ့ဇနီးလူစီတို့ ဟာ ဗီလိန်တွေကို ရှင်းလင်းသုတ် သင်တဲ့အဖွဲ့ (AVL)က အေးဂျင့် တွေဖြစ်ပြီး တစ်ရက်မှာတော့ ဘာလ်သာဖာဘရတ်ဆိုတဲ့ စူပါ ဗီလိန်တစ်ယောက်ကို ရှင်းလင်းဖို့ စေခိုင်းခံရပါတယ်။

ဘရတ်ဟာ အရင်တုန်းက ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နာမည်ကျော် စူပါဗီလိန်ရုပ်သံစီးရီးက သရုပ်ဆောင် တစ်ယောက်ဖြစ်ကာ နောက်ပိုင်းမှာတော့ လူပျိုပေါက်အရွယ် ရောက်လာတဲ့အတွက် သရုပ်ဆောင်လောကကနေ ရပ်နားခံလိုက်ရတာပါ။ အဲဒီနောက် သူဟာအပြင်မှာလည်း စူပါဗီလိန် တစ်ယောက်ဖြစ်သွားခဲ့ပြီး အဖိုးတန်စိန်တစ်လုံးကို ခိုးယူသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးဂရူတို့ဇနီးမောင်နှံက ဖမ်းဆီးနှိမ်နင်းဖို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်းဘရတ်ကို မဖမ်းနိုင်ခဲ့တဲ့အတွက်ဂရူရော၊ လူစီကိုပါ AVL ရဲ့ ဒါရိုက်တာသစ် ဗာလာရီဒါဗင်ချီက အလုပ်ထုတ် ပစ်ခဲ့ပါတယ်။

အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဂရူနဲ့လူစီဟာ သူတို့ရဲ့ သမီးသုံး ယောက်ဖြစ်တဲ့ မာဂို၊ အီဒစ်၊ အက်ဂ်နက်စ်တို့ကို အလုပ်ပြုတ် သွားတဲ့အကြောင်း ပြောပြခဲ့ပြီး အလုပ်သစ်ထပ်ရှာဖို့လည်း စီစဉ် ခဲ့ပါတယ်။ ဂရူဟာအလုပ်ပြုတ် သွားပေမယ့်လည်း ဗီလိန်ပြန်မ လုပ်တော့တဲ့အတွက် သူ့ရဲ့မီနီ ယန်အများစုဟာ ဂရူဆီကနေ ထွက်သွားခဲ့ပါတယ်။

ဗီလိန်ကောင်ဘရတ်ဟာ ဂရူပြန်ယူပေးထားတဲ့ စိန်ပွင့်ကြီး ကို လာထပ်ခိုးသွားတဲ့အကြောင်း သတင်းစာထဲမှာ ပါလာတဲ့အ တွက် ဂရူဒေါသထွက်ခဲ့ရပါတယ်။

တစ်ရက်မှာတော့ ဂရူတို့ မိသားစုဆီကို လူတစ်ယောက် ရောက်လာခဲ့ပြီး သူကတော့ ဂရူနဲ့ ဟိုးငယ်ငယ်လေးကတည်းက ကွဲ သွားခဲ့တဲ့ အမြွှာညီအစ်ကို ဒရူရဲ့ ဘဏ္ဍာစိုးပဲဖြစ်ပါတယ်။ ဂရူတို့ အမြွှာညီအစ်ကိုဟာ မိဘနှစ်ပါး လမ်းခွဲချိန်မှာ ဂရူက အမေဆီ၊ ဒရူက အဖေဆီပါသွားခဲ့တာပါ။ အဲဒါနဲ့ ဂရူတို့မိသားစုဟာ ဒရူရှိ ရာကို လိုက်သွားခဲ့ပြီး ဒရူဟာ အိမ်ကြီးရခိုင်နဲ့နေတဲ့ သူဌေးတစ် ယောက်ဖြစ်နေခဲ့ပါတယ်။

ဒရူဟာလည်း ဂရူလိုမျိုး တီ ထွင်ဖန်တီးအားကောင်းသူဖြစ် တာမို့ သူ့ရဲ့ အလန်းစားယာဉ် တွေကို ပြတဲ့အခါမှာ ဂရူသဘော ကျသွားခဲ့ပါတယ်။ ဒရူက ဂရူကို ဗီလိန်တစ်ယောက်ဖြစ်ဖို့ ဘာတွေ လုပ်ရမယ်ဆိုတာ မေးမြန်းခဲ့ပြီး ဂရူကတော့ လမ်းဟောင်းကို ပြန် မလျှောက်ချင်တော့တဲ့အကြောင်း ပြောခဲ့ပါတယ်။ နောက်တော့ ညီအစ်ကိုနှစ်ယောက် ဒရူရဲ့ယာဉ်တွေ၊ ကားတွေ လျှောက်စမ်းမောင်းခဲ့ပါတယ်။ ဂရူတို့ညီအစ်ကိုနှစ်ယောက် ဟာ ဗီလိန်ဘရတ်ခိုးသွားတဲ့စိန်ကို အတူပြန်ယူဖို့ အစီအစဉ်တွေဆွဲခဲ့ ပြီး ဘရတ်ရှိရာ အဆောက်အအုံ ဆီကို တိတ်တဆိတ်ဝင်ခဲ့ပါတယ်။

စိန်ပြန်ယူဖို့ ညီအစ်ကိုနှစ် ယောက်ရဲ့ စွန့်စားခန်းတွေက အ လွဲလေးတွေနဲ့မို့ ပရိသတ်တွေရယ် ရင်း မောရင်း ကြည့်ရဦးမှာပါ။ ဘရတ်ကလည်း ခေသူမဟုတ်တဲ့ အတွက် စိန်တုံးကြီး ဂရူတို့ညီအစ် ကိုဆီပါသွားတဲ့အခါမှာ ဘယ်လို တွေ ကြံစည်ပြီး ဒုက္ခပေးဦးမှာလဲ။ ရုပ်သံစီးရီးရပ်နားခံလိုက်ရတဲ့ ကိစ္စကို အခဲမကျေဖြစ်ပြီး လက် စားချေချင်တဲ့ဘရတ်က ဟောလိ ၀ုဒ်မှာ ဘာတွေလုပ်ဦးမှာလဲ၊ ဂရူ တို့မိသားစုဝင်တွေ ဘာတွေဆက် ဖြစ်မယ်ဆိုတာ ကိုယ်တိုင် ဆက် ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။

အရင်ဇာတ်ကားတွေလိုပဲ ကြည့်လို့ကောင်းတဲ့ အန်နီမေး ရှင်းဇာတ်ကားလေးမှာ စတိဗ်ကာ ရဲလ်၊ ခရစ္စတန်ဝစ်၊ ထရေးပါကာ၊ မီရန်ဒါကော့ဂရုဖ်၊ ဒါနာဂိုင်ရာ စ သူတွေက အသံသရုပ်ဆောင်ပေး ထားပါတယ်။           ။

(အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားပါတယ်။)

File Size – 1.41 GB
Quality- Blu Ray 1080p 8CH
Running Time – 1hr 29min
Format – mkv
Genre – AnimationComedyFamily
Subtitle – Myanmar (Hard Sub)
Translator – A.S.O
Encoded By – Harry

Despicable Me 3 (2017)
Despicable Me 3 (2017)
Despicable Me 3 (2017)
Despicable Me 3 (2017)
Despicable Me 3 (2017)
Despicable Me 3 (2017)
Despicable Me 3 (2017)
Despicable Me 3 (2017)
Despicable Me 3 (2017)
No downloads available

Related movies