ဒီတစ်ခါ ပရိသတ်တွေ ကြည့်ဖို့ ညွှန်းချင်တဲ့ ဇာတ်ကားကတော့ အမေရိကန်စူပါဟီးရိုးဇာတ်ကားသစ်လေးဖြစ်တဲ့ Doctor Strange ပါ။မာဗယ်လ် စတူဒီယိုကနေ ထုတ်လုပ်ကာ ဝေါ့လ်ဒစ္စနေ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာဖြစ်ပါတယ်။ ကန်ဒေါ်လာ ၈၇ ဒသမ ၇ သန်း ဝင်ငွေရရှိခဲ့သလို ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ကောင်းတဲ့မှတ်ချက်ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
——————-
စတီဗင်စရိန့်ခ်ျဟာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာ ဝန်တစ်ယောက်ဖြစ်ပြီး တစ်ရက် မှာတော့ ကားအက်ဆီးဒင့်ဖြစ် ကာ သူ့ရဲ့တန်ဖိုးရှိလှတဲ့ ခွဲစိတ်တဲ့ လက်တွေ လုံးဝအသုံးပြုလို့မရ အောင် ထိခိုက်ဒဏ်ရာရသွားခဲ့ပါ တယ်။ သူ့ရဲ့ချစ်သူဟောင်းလည်း ဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် တဲ့ ခရစ္စတင်းပယ်လ်မာက သူ့ကို အားပေးနှစ်သိမ့်ခဲ့ပေမယ့် စိတ် ကြီးတဲ့ ဒေါက်တာစရိန့်ခ်ျကတော့ သူ့လက်က ဒဏ်ရာကို ကုသဖို့ လုပ်ခဲ့ပါတယ်။
လက်တွေကို ကြိုးတွေနဲ့ ထိန်းပြီး ခွဲစိတ်ထားပေမယ့် အ ရင်လိုပြန်ပြန်မဖြစ်နိုင်တဲ့ အခြေ အနေမို့ စရိန့်ခ်ျတစ်ယောက် စိတ် ဓာတ် ကျခဲ့ပါတယ်။ ခွဲစိတ်ကုသပြီး တစ်လလောက်အကြာမှာ သူ့ရဲ့အဆက်အသွယ်တွေ လိုက် ချိတ်ရင်း ကိုယ်အောက်ပိုင်းသေ နေရာကနေ ထူးဆန်းစွာနဲ့ လမ်း ပြန်လျှောက်နိုင်လာတဲ့ ပါဒရက် ဝေဒနာရှင် ဂျိုနုသန်ပန်ဘွန်ဆိုသူ ကို လိုက်ရှာခဲ့ပါတယ်။
အဲဒီလူဟာ တစ်ချိန်က စရိန့်ခ်ျဆီကို လာရှာဖူးတဲ့ လူနာ တစ်ယောက်ဖြစ်ပြီး စရိန့်ခ်ျက အဖက်မတန်သလို လုပ်ခဲ့ဖူးကာ အဲဒီလူက စရိန့်ခ်ျကို စကားဆက် မပြောချင်ပေမယ့် လက်ကိုအရင် လိုပြန်ကောင်းနေချင်တဲ့ စရိန့်ခ်ျ ကို Kamar-Taj ဆိုတဲ့ နေရာတစ် ခုကို လမ်းညွှန်ခဲ့ပါတယ်။ Ka-marTaj က နီပေါနိုင်ငံ ခတ္တဗန္ဒုမှာရှိတာကြောင့် စိတ်အားထက်သန်နေတဲ့ စရိန့်ခ်ျတစ်ယောက် အဲဒီကို ခရီးဆန့်ခဲ့ပြီး ခက်ခက်ခဲခဲ လိုက်ရှာခဲ့ရပါတယ်။
လမ်းမှာ မှော်ဆရာ တစ် ယောက်နဲ့ဆုံခဲ့ပြီး အဲဒီလူက စရိန့်ခ်ျကို မှော်ဆရာချုပ် AncientOne ဆီကို ခေါ်သွားခဲ့ပါတယ်။ စရိန့်ခ်ျက သူ့ကို ကူညီဖို့ပြောခဲ့ သလို အထက်စီးဆန်ဆန်ပြုမူခဲ့ တာကြောင့် ထူးဆန်းတဲ့ တုံ့ပြန်မှု တွေ လုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ စရိန့်ခ်ျတစ်ယောက် ထူးခြားဆန်း ကြယ်တဲ့ အခြေအနေတွေနဲ့ ကြုံ တွေ့ရပါတော့တယ်။
ကမ္ဘာကြီးကို Sanctums လို့ ခေါ်တဲ့ ပဉ္စလက်ဆန်ဆန် အ ဆောက်အအုံသုံးခုနဲ့ ကာကွယ် စောင့်ရှောက်ထားပြီး နယူး ယောက်၊ လန်ဒန်နဲ့ ဟောင် ကောင်တို့မှာ အခြေစိုက်တာဖြစ် ကာ မှော်ဆရာအဖွဲ့တွေက အဲဒီ Sanctums တွေကို စောင့်ရှောက် နေတာ ဖြစ်ပါတယ်။ နောက် တော့ မှော်ဆရာအဖွဲ့တွေနဲ့အတူ ဆန်းကြယ်တဲ့ ရှေးဟောင်းပညာ ရပ်တွေကို ဒေါက်တာ စရိန့်ခ်ျ လည်း လေ့လာသင်ယူခဲ့ပါတော့ တယ်။
လက်ပြန်ကောင်းချင်ရုံတစ် ခုတည်းနဲ့ Kamar-Taj ကို သွား ပြီး ရှေးဟောင်းပညာရပ်တွေ သင်ယူခဲ့တဲ့ ဒေါက်တာစရိန့်ခ်ျတစ် ယောက် သူမျှော်လင့်သလို လက် ပြန်ကောင်းနိုင်မှာလား၊ ဆန်း ကြယ်တဲ့ဖြစ်ရပ်ကြားကို ရောက် သွားတဲ့ စရိန့်ခ်ျတစ်ယောက် ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမှာလဲ ဆိုတာ ဆက်ကြည့်ဖို့အတွက် ညွှန်းပေးလိုက်ပါတယ်။
ဒီဇာတ်ကားမှာ ဘန်နီဒစ် ကမ်ဘာဘက်ခ်ျ၊ ရေချယ်မက်အ ဒမ်စ်၊ ဘန်နီဒစ်ဝမ်၊ ချီဝီတယ်အီ ဂျိုဝီဖော် စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ စူပါဟီးရိုးဇာတ်ကားဖြစ်တဲ့အတွက် အထူးပြုလုပ် ချက်တွေ အများကြီးနဲ့မို့ တချို့ ပရိသတ်တွေအတွက်တော့ မျက် စိနောက်စရာဖြစ်နိုင်ပေမယ့် စိတ် ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်း ပုံစံမို့ စိတ်ဝင်စားကြမယ်ထင်ပါ တယ်။
(ဇာတ်လမ်းအကျဉ်းကိုတော့ 7DayDaily မှကူးယူဖော်ပြထားတာဖြစ်ပါတယ်)
File Size – 1.82 GB
Quality – Blu-Ray 1080P 6CH
Running Time – 1h 55min
Format – mkv
Genre – Action, Adventure, Fantasy
Translator – Aungmyintoo
Encoded By – Khant Minn Ko