Burmese Subtitle
BluRay 1080p 6CH Downfall (2004)
Report error

Downfall (2004)

Downfall    

R 156 min BiographyDramaHistory

8.2
IMDB: 8.2/10 296,052 votes

, ,

, , , , , , , , ,

Nominated for 1 Oscar. Another 21 wins & 29 nominations.

Germany, Austria, Italy

362

Report error

ဒီဇာတ်​လမ်းကိုမကြည့်​ဖူး​သေးရင်​​တောင်
အစည်းအ​ဝေးခန်းကျဉ်း​လေးတစ်​ခုထဲမှာ
ဟစ်​တလာကြီး ​အော်​ဟစ်​​ပေါက်​ကွဲ​နေတဲ့
အခန်းကို တခြားဟာသစာသား​တွေထည့်​ပြီး
တင်​ကြတာကိုမြင်​ဖူး​တော့ရင်းနီး​နေကြမယ်​ထင်​ပါတယ်​။

ဇာတ်​လမ်းကိုကြည့်​ပြီးထားတဲ့လူအချို့က​ပြောတယ်
ဒီ​နေရာမှာဘယ်​လိုစာသားထည့်​ထည့်
သူတို့မရယ်​မိ​တော့ပါဘူးတဲ့ ကိုယ်​တိုင်​လည်း
မကြည့်​ရ​သေးခင်​အထိ အဲ့ဒီစကားကိုအနည်းငယ်
ပိုတယ်​ထင်​​ပေမယ့်​ အပြစ်​​တော့မဆိုမိပါဘူး။

ဒီလိုနဲ့​စောင့်​ကြည့်ဖို့ကြုံလာလို့ကြည့်​ပြီးသွားတဲ့အခါ
သူတို့​ပြောတာ ပိုတယ်​လို့မထင်​​တော့ပဲ
ဖြတ်​ညှပ်​ထည့်​ထားတဲ့ ဟာသစကား​တွေကို
မမြင်​​တော့ပါဘူး ​သွေးပျက်​စွာ​အော်​ဟစ်​​နေတဲ့
ဟစ်​တလာကြီးရဲ့အတ္တကြီးမှု​တွေကိုသာမြင်​ပြီး
ကြက်​သီး​တွေ​ထမိတဲ့အထိဖြစ်​လာတယ်​။

အရင်​က ဂျူး နဲ့ ဂျာမန်​ ဇာတ်​လမ်း​တွေကို
အ​တော်​များများကိုကြည့်​ဖူး​ပေမယ့်
ဂျူး​တွေဘက်​က ဇာတ်​နာမှုအများစုကို
မျက်​ရည်​ဥ​လောက်​​အောင်​မြင်​ခဲ့ရတာများပါတယ်​။

အခုတစ်​ဖန်​ ဂျာမန်​​တွေရဲ့ဖြစ်​ရပ်​ကိုမြင်​ရတဲ့အခါလည်း
စိတ်​ချမ်း​မြေ့စရာတစ်​စက်​မှကိုမရှိပါဘူး။

ယမ်း​ငွေ့ကြားထဲအတုံးအရုံးလဲပြိုကျ​နေတဲ့
ဘာလင်​မြို့သူမြို့သား​တွေ လူမမယ်​က​လေး​တွေနဲ့
ခိုကိုးရာမဲ့တဲ့သက်​ကြီးရွယ်​အိုပြည်​သူ​တွေဟာ
မြေဇာပင်​အဖြစ်​နဲ့ အနာဂတ်​​ပျောက်​ခဲ့ရတယ်​။

ဒီလိုအဖြစ်​ဆိုး​တွေနဲ့ ကြုံ​တွေ့ရတဲ့
ရင်​နာစရာမြင်​ကွင်း​တွေကိုမြင်​​တွေ့ပြီးတဲ့အခါ
သေချာပါတယ်​ အထက်​က​ပြောခဲ့သလို
ဒီ​နေရာမှာ ဘယ်​လိုဟာသစာသားထည့်​ထည့်
ရယ်​မိကြမှာမဟုတ်​​တော့ပါဘူး။

ဟစ်တလာ ကျဆုံးခန်း!!!

၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။

ဘာလင်က Third Reich မြို့ တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။

” Downfall”မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။

Hitler ကိုယ်တိုင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ သံသယတွေများလာ.. အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူကနေ သတ်သေဖို့ရန်အထိ စိတ်ဓါတ်ကျလာတဲ့အခါမှာတော့…….။

ဒီဇာတ်ကားဟာ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ခံစားရမယ့် ကမ္ဘာ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။

Director: Oliver Hirschbiegel
Main actors: Bruno Ganz, Alexandra Maria Lara, Ulrich Matthes

(အညွှန်းကို Momolay နှင့်HOLLYWOOD DOPE မှကူးယူဖော်ပြပါသည်။)

File Size – 2.47 GB
Quality- Blu Ray 1080p 6CH
Running Time – 2hr 35min
Format – mkv
Genre – BiographyDramaHistory
Subtitle – Myanmar (Hard Sub)
Translator – Hitler
Encoded By – K#/4nt_M1nn_K0

Downfall (2004)
Downfall (2004)
Downfall (2004)
Downfall (2004)
Downfall (2004)
Downfall (2004)
Downfall (2004)
Downfall (2004)
Downfall (2004)
Downfall (2004)
No downloads available

Related movies