Exit print mode Print Data A+ A- Undo all

Dunkirk (2017)

Survival is Victory
Dunkirk (2017)Dunkirk (2017)

Synopsis:

ခရစ်စ်တိုဖာ နိုလန် ရဲ့ Dunkirk (2017)
—————————————-

ဒီရုပ်ရှင်ရဲ့ poster ကိုပဲ အရင်ကြည့်ပါ။

When 400,000 men couldn’t get home, home came for them.

နိုလန်က ဒီကားကို perspective 3 ခုနဲ့ ရိုက်ပြသွားတယ် ။
The land, The Sea, The Air ဆိုပြီး သုံးခု ခြွဲမင် ပြတယ်။
ရှင်းအောင်ပြောရရင် The Land ကို Harry Styles အပိုင်း၊ The Sea ကို Mark Rylance အပိုင်း၊ The Air ကို Tom Hardy အပိုင်းဆိုပြီး ခြွဲမင်ကြည့်လိုက်ပါ။

တစ်ချို့လူတွေ အနေနဲ့တော့ ဒီကားက ပျင်းစရာကောင်းရင် ကောင်းနေလိမ့်မယ်။ ဒါပေမယ့် နိုလန် ပြချင်တာကို မြင်အောင် ကြည့်မယ်ဆိုရင် ဒီကားဟာ တော်တော်ကောင်းတဲ့ ကား အမျိုးအစားဝင်ပါတယ်။ war film ဆိုတော့ Saving Private Ryan တို့ Fury တို့နဲ့ သွားယှဉ်ကြမယ်။ ပြီးတော့ မနှစ်ကမှ ထွက်ထားတဲ့ Hacksaw Ridge၊ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက Dunkirk ဟာ အဲ့ဒီ ၃ ကားနဲ့ tension ပေးပုံချင်း မတူဘူး ဆိုတာပဲ။ နိုလန် ကိုယ်တိုင် တစ်ခါ ပြောခဲ့တာရှိတယ်။ သူ SPR ကို ကြည့်တဲ့အခါ ရလိုက်တဲ့ ခံစားမှုက Dunkirk ကို ကြည့်တဲ့အခါ သူ ပေးချင်တဲ့ ခံစားမှု မဟုတ်ဘူး တဲ့။

Dunkirk ဟာ များသောအားဖြင့် စစ်ရဲ့ အနိဌာရုံ ထက် အကြောက်တရားတွေ၊ စွန့်လွှတ် အနစ်နာခံမှုတွေ၊ အခက်အခဲတစ်ရပ်ကို ဦးတည် ရင်ဆိုင်ရတဲ့အခါမှာ အလိုအလျောက်ပြုမူတတ်တဲ့ လူတွေရဲ့ သဘောသဘာဝတွေကို အများဆုံး ပြသွားတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။

ဇာတ်လမ်းအကျဉ်းက ပြောရရင် ဒုတိယ ကမ္ဘာစစ် တွင်းက ပြင်သစ်နိုင်ငံ Dunkirk မြို့မှာ ပိတ်နေတဲ့ မဟာမိတ်စစ်သားတွေကို ကယ်တင်ကြတဲ့ကား၊ ဂျာမန်တွေရဲ့ ပတ်လည် ဝန်းရံမှုနဲ့အတူ
အင်္ဂလန်နဲ့ ပြင်သစ်စစ်သား ၄သိန်း ကျော်ဟာ Dunkirk မြို့မှာ ပိတ်မိနေခဲ့တယ်။ လေကြောင်းအဆက်အသွယ်မရ၊ ရေကြောင်းအဆက်အသွယ် မရနဲ့၊ စစ်သားတွေဟာ Dunkirk မြို့ကနေ အိမ်ကို ပြန်လို့မရဘူး၊ မပြန်နိုင်ကြဘူး၊ အဲ့တော့ ရှင်းအောင်ပြောရရင် အိမ်က သူတို့ဆီ လာခဲ့တယ်။ စစ်တပ် ကယ်ဆယ်မှုက ထင်သလောက် ခရီးမပေါက်တဲ့အခါမှာ ပင်လယ်တစ်ဘက်ကမ်းက မြို့သူ၊ မြို့သားတွေဟာ Dunkirk ဆိပ်ကမ်းက စစ်သားတွေကို လာရောက်ကယ်ဆယ်ခဲ့ကြတယ်။

The Land အပိုင်းမှာ Fionn နဲ့ Harry Styles က အဓိကပဲ၊ သူတို့နှစ်ယောက် ကြုံရတဲ့ဟာတွေ၊ စစ်ရဲ့ ရက်စက်မှုတွေ၊ Dunkirk ဆိပ်ကမ်းမှာ သူတို့ကြုံရတဲ့ ကာလကို တစ်ပတ် ကြာတယ်လို့ ပြတယ်။

The Air အပိုင်းက Tom Hardy အဓိက၊ Fighter လေယာဉ်မှူး၊ ဂျာမန်ဘက်က လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရင်ဆိုင်ရတဲ့သူ၊ မျက်နှာ သိပ်မပါရပေမယ့် သူတော်တော်ကောင်းတယ်။ သူ့အတွက် ကြာချိန်က တစ်နာရီစာပဲ။

The Sea အပိုင်းက Mark Rylance ၊ Dunkirk ကို သွားဖို့ မြို့ကနေထွက်ခဲ့တယ်။ Dunkirk ဟာ စစ်ပွဲဇုန်ဆိုတာ သူသိတယ်။ သူ့ သားနှစ်ယောက်နဲ့အတူ ပင်လယ်ထဲကို ထွက်ခဲ့တယ်။ သူက အသက် ၆၀ လောက်အဖိုးကြီး၊ ပထမဆုံး ကယ်တင်ခဲ့တဲ့ စစ်သားတစ်ယောက်က သူ့အတွက် ဆုံးရှုံးမှုအကြီးကြီးတစ်ခု ဖြစ်စေခဲ့တယ်။ ဒါပေမယ့် သူ Dunkirk ကို ဆက်သွားတယ်။ စစ်သားတွေကို ကယ်ခဲ့တယ်။ သူ့အတွက် က တစ်ရက်စာ ဖြတ်သန်းမှု၊

2015 ခုနှစ် OSCAR တုန်းက Tom Hardy နဲ့ Mark Rylance အပြိုင် Supporting Role အတွက် Nominate ဖြစ်တယ်။ Bridge of Spies နဲ့ Mark Rylance ရသွားခဲ့တယ်။ ဒီကားမှာ သူတို့နှစ်ယောက် ပြန်လာတွေ့တယ်။ MR ကတော့ ဘာမှ အပြစ်ပြောစရာမရှိ၊ လုံးဝ ပြည့်စုံ၊ Tom Hardy လည်း နောက်ဆုံး သူ လေယာဉ် ဆင်းပြီးတဲ့အချိန်မှာ သူပြတဲ့ ခံစားချက်၊ သူ့အနစ်နာခံမှု၊ တစ်ကယ်မိုက်တယ်။

ဒီကားက ဘယ်သူကတော့ မင်းသား၊ ဘယ်သူကတော့ ဗီလိန်ဆိုပြီး ပါတဲ့ကားမဟုတ်ဘူး၊ ဖြစ်ရပ်မှန် ကယ်ဆယ်ရေးကား၊ အကုန်လုံးက သူ့ Role နဲ့သူ ညီတူညီမျှ သရုပ်ဆောင်ရတယ်၊ Harry Styles လည်း ပထမဆုံးလို့ မထင်ရအောင် ကောင်းခဲ့တယ်။
နိုလန်ကြီးကလည်း ဇာတ်ကားကြည့်နေရင်း လူကို လုံးဝစီးမျောအောင် လုပ်ခဲ့တယ်။

လက်ရှိမှာ IMDb Rating 7.9/10 နဲ့ Rotten Tomatoes 93% အထိ ရရှိထားတဲ့ ကားဖြစ်တယ်။

Credit to Original

Original title
Dunkirk
Director
Alexis Chelli, Alina Gatti, Amaury Capel, Christopher Nolan, Clément Comet, Eric Richard Lasko, Nicolas Baldino, Nilo Otero, Sean Singery, Steve Gehrke, Willem Quarles van Ufford, William Pruss
Stars
Aneurin Barnard, Barry Keoghan, Cillian Murphy, Fionn Whitehead, Harry Styles, Jack Lowden, James D'Arcy, Kenneth Branagh, Mark Rylance, Tom Glynn-Carney
Release Date
21 Jul 2017
Rated
PG-13
Runtime
106 min
Awards
Won 3 Oscars. Another 51 wins & 197 nominations.
Country
UK, Netherlands, France, USA
Budget
USD $100 000 000,00
Revenue
USD $525 573 161,00
Popularity
26.636
Status
Released
ID IMDb.com
tt5013056
IMDB Rating
7.9
IMDB votes
442,551
ID Themoviedb.org
374720
TMDb Rating
7.4
TMDb votes
8475