ဒီဇာတ်ကားက FB series ရဲ့ဒုတိယမြောက်ကားဖြစ်ပြီးတော့ တစ်ကယ်လို့ဘာမှမသိသေးဘူးဆိုရင် ဆက်ဖတ်ကြည့်ရအောင်။
ဇာတ်ကားနာမည်ကို ဂရင်းဒဲလ်ဝေါ့၏ ပြစ်မှုများလို့ခေါ်ပါတယ်။ နာမည်အရ ဂရင်းဒဲလ်ဝေါ့ (Johnny Deep) က ဒီဒုတိယကားမှာ အဓိကဖြစ်လာပါလိမ့်မယ်။ မာကုဇာ (MACUSA – အမေရိကန်မှော်အစိုးရ) က သူ့ကိုဖမ်းနိုင်ခဲ့ပြီးတဲ့နောက် အကြာကြီးထိန်းမထားနိုင်ခဲ့တာ ရှင်းပါတယ်။ ဂရင်းဒဲလ်ဝေါ့မှာ မှော်လောကကို မက်ဂယ်လောကကသိအောင် ဖော်ထုတ်ပြချင်တဲ့ဆန္ဒကတော့ ဆက်ရှိနေဦးမှာပါပဲ။
ဒါဆို နောက်အပိုင်းမှာသူဘာဆက်လုပ်မလဲ။ ဇာတ်ကားနာမည်အရတော့ ကောင်းတာတစ်ခုမှမပါဘူး။ ဂရင်းဒဲလ်ဝေါ့က အချုပ်ကနေဖောက်ပြေးပြီးတဲ့နောက် နောက်လိုက်တွေကိုစုပါလိမ့်မယ်။ သူ့နောက်လိုက်သူတွေက သူရဲ့တကယ့်ဆန္ဒဖြစ်တဲ့ မှော်မတတ်သူတွေအပေါ် မှော်သွေးစစ်တွေက အုပ်စိုးရမယ်ဆိုတာကို သိမှာမဟုတ်ဘူး။
ဟယ်ရီပေါ်တာစာအုပ်တွေကနေ ကျွန်တော်တို့သိထားတာက ဂရင်းဒဲလ်ဝေါ့အုပ်စိုးတဲ့ကာလဆိုတာ မှော်လောကအတွက်မှောင်မိုက်တဲ့အချိန်တွေ – ဗိုဒီမော့အုပ်စိုးတဲ့အချိန်လိုပဲလို့ သိထားပြီးသား။ ဒါကြောင့် ဒီဇာတ်မှာ စပြီးကြမ်းတော့မယ်လို့ဆိုရမယ်။
ဒမ်လဲလ်ဒိုးက သူ့ရဲ့တပည့်ဖြစ်ခဲ့ဖူးသူ နျု့ကို အကူအညီတောင်းပါလိမ့်မယ်။ သူတို့နှစ်ယောက်ကလဲ အတိတ်မှာအကြောင်းအရာတွေရှိခဲ့ပုံရတယ်။ အရင်ဇာတ်ကားထဲမှာ ဒမ်ဘဲလ်ဒိုးက နျု့ကိုကျောင်းထုတ်တဲ့ကိစ္စအတွက် အတိုက်အခံလုပ်ခဲ့ကြောင်း ပါတယ်လေ။
ဒီထပ်ထပ်ပြီးသိချင်ရင်တော့ BS ရဲ့ ဇာတ်ကားကွာလတီနဲ့သာဆက်လက်ကြည့်ရှုပါတော့…
အညွှန်းကိုတော့ MM Potterhead’s Realm Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
File Size – 2.12 GB
Quality- Blu-Ray 1080p 6CH
Running Time – 2hr 14min
Format – mkv
Genre – Adventure, Family, Fantasy
Translator – Aung Myint Oo
Encoder – Robinn Hood