Fantastic 4 ဟာ MCU မှာ မပါသေးတဲ့ Marvel ရဲ့ အကျော်ကြားဆုံး အဖွဲ့တစ်ခုပါ။Leader Mr fantastic ဟာဆိုရင်လည်း 21 ရာစုရဲ့ အတော်ဆုံး လူတွေထဲက တစ်ယောက်ပါပဲ။Reed နဲ့ Sunsan တို့ရဲ့ သား Frenklin Richard ကလည်း Mravel မှာ အစွမ်းဆုံး Omega Level Hero ပါပဲ။
ဒါဆို F4 ဆိုတာ Marvel မှာ မသေတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့..Reed နဲ့ Susan တို့ရဲ့ လက်ထက်ပွဲ ကျင်းပတော့မဲ့ အချိန်နဲ့ မရှေးမနှောင်းကာလ.. ဂြိုလ်တွေကို စားသုံးတဲ့ Galactus ရဲ့ ရှေ့ပြေးအနေနဲ့ Silver Surfer ဟာ ကမ္ဘာပေါ်ကို ရောက်လာခဲ့တယ်။
F4 အဖွဲ့အနေနဲ့ Silver Surferရဲ့ Power ကို ဘယ်လိုမှ မယှဉ်နိုင်တဲ့အခါ စစ်တပ်က F4 ရဲ့ ရန်သူတော်ကြီး Victorn Von Doom (ဝါ) Dr Doom ကို ကူညီဖို့ ခေါ်ခဲ့တယ်…Marvel ရဲ့ အစွမ်းဆုံး Villain တွေထဲ အပါအဝင် ဖြစ်တဲ့ Doom, Galactus တို့အပြင် Silver Sufer ကိုပါ F4 အနေနဲ့ ရင်ဆိုင်ရမှာပါ။ Invisible Woman အဖြစ်ပါတဲ့ Jessica Alba နဲ့တင် ဒီကားက ကျွန်တော့်အတွက်တော့ တော်တော်တန်နေပါပြီ။စကားမစပ် Chris Evan ကြီးရဲ့ ပြောင်စပ်စပ် အခန်းတွေလည်း ပါပါတယ်။
မူရင်းအညွှန်းရေးသားထားသူအား Credit ပေးပါတယ်ခင်ဗျာ