အသစ်ဘယ်လောက်ကောင်းကောင်း
အဟောင်းလေးကို မမှီဘူးဆိုတဲ့
စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့
ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက
အကောင်းလေး တစ်ကားကို ပြန်လည်
တင်ဆက်လိုက်ပါတယ် …
နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ …
အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် …
ဇာတ်လမ်းအကျဉ်းလေးကတော့
Clown fish လေးဖြစ်တဲ့ မိတဆိုးသားလေး
နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ
လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ
ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်…
ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ
တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း
ဇာတ်အိမ်ကောင်းကောင်းနဲ့
စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ
သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ …
ဒီတော့ အားပေးကြပါဦး..
ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့
ရဲကျော်ထက်ဖြစ်ပါတယ်
Credit