Burmese Subtitle

First Man (2018)

First Man    

PG-13 141 min BiographyDramaHistory

7.4
IMDB: 7.4/10 100,721 votes

, , , , , , , , ,

N/A

USA, Japan

137

Report error

Synopsis

အချိန်​ကာလကတော့ ၁၉၆၉ ခုနှစ်​ ….. ဇူလိုင်​လ ၁၆ရက်​ ၁၃:၃၂နာရီ ခန့်​ပေါ့………… စိတ်​ကူးယဉ်​ခဲ့ရတဲ့ လမင်းကြီးဆီကို သမိုင်းရဲ့ ပထမဆုံးအနေနဲ့ ကျွန်​တော်​ ထွက်​ခွာသွားရတော့မှာ …. အောင်​မြင်​မှာလား ကျရှုံးမှာလား.. …ကျွန်​တော်​ ဆက်​မတွေးတော့ပါဘူး…….
ဆုံးသွားတဲ့ ကျွန်​တော့်​ရဲ့သမီးလေးကို ဝမ်းနည်းစွာ သတိရနေတာလား…. ….ကျွန်​တော့်​ထက်​အရင်​ လကမ္ဘာကိုသွားရောက်​ဖို့ ကြိုးစားခဲ့တဲ့ သူငယ်​ချင်းတွေရော.. .ကောင်းမွန်​တဲ့ဘုံဘဝမှာ ပျော်​ရွှင်​ကျေနပ်​နေပြီလား….. ဒါမှမဟုတ်​ ကျွန်​တော်​ပဲ ဒီအခန်းကျဉ်းလေးထဲမှာ စက်​နှိုးမဲ့အချိန်​ကို စောင့်​စားရင်း ခြောက်​ခြားနေမိတာလား … .ကျွန်​တော်​တို့ရဲ့ အမြင်​အာရုံကလဲ အကန့်​အသတ်​နဲ့ပဲမြင်​နေရတယ်​ လက်​တစ်​ဝါးသာသာလောက်​ မှန်​ပြတင်းလေးကနေ ကောင်းကင်​ကြီးကို မျှော်​ကြည့်​ရင်း ကမ္ဘာလောကကြီးကို နှုတ်​ဆက်​ထွက်​ခွာရတော့မယ်​ ကျွန်​တော်​ချစ်​ခင်​တဲ့ မိသားစုလေးကတော့ ကမ္ဘာမြေပေါ်က အိမ်​လေးထဲမှာ ကျန်​နေခဲ့မှာလေ ဘယ်​သူမှ မရှိတဲ့ လကမ္ဘာပေါ်မှာ ကျွန်​တော်​တို့ အထီးကျန်​နေမှာလား ပြီးတော့ ကမ္ဘာမြေပေါ် ပြန်​မရောက်​လာနိုင်​ခဲ့ရင်​ရော……. အဲ့လိုတွေးနေရင်းနဲ့ပဲ……ခရီးစဉ်​ထွက်​ခွာဖို့အတွက်​ တဆယ်​…..ကိုး….ရှစ်​……ဆိုပြီး… .အချိန်​မှတ်​နေတဲ့အသံကို မိုက်​ခရိုဖုန်းထဲကနေ ကြားလိုက်​ရတယ်​…… အတိတ်​ကိုတွေးပြီး လွမ်းဆွေးနေလို့ မဖြစ်​တဲ့အချိန်​ကို ရောက်​နေပြီလေ….. အာရုံကိုစုစည်းပြီး….လက်​ရှိပစ္စုပ္ပန်​ကိုပဲ ရင်​ဆိုင်​ဖြေရှင်းမှ ကျွန်​တော်​တို့ အသက်​ရှင်​နိုင်​မှာပေါ့….. သူ့နာမည်​က နေးလ်​ အမ်းစထရောင်း…တဲ့ ၁၉၃၀ ဩဂုတ်​လ ၅ရက်​နေ့မှာ အမေရိကန်​နိုင်​ငံ အိုဟိုင်းယိုးပြည်​နယ်​..ဝါပါကိုနီတာမြို့မှာ မွေးဖွားခဲ့ပါတယ်​ လူသားတို့ရဲ့သမိုင်းမှာပထမဦးဆုံးသော လကမ္ဘာပေါ် ခြေချနိုင်​ခဲ့သူလဲ ဖြစ်​တယ်​ အဲ့အချိန်​ကာလတုန်းက သိပ္ပံပညာရှင်​တွေဟာအာကာသအကြောင်းကို အများကြီး သိပ်​မသိကြသေးပါဘူး…. လေထဲပျံသန်းတဲ့ နည်းစနစ်​ကိုလည်း သူတို့ခေတ်​ကာလကနေ တွက်​ကြည့်​ရင်​ လွန်​ခဲ့တဲ့ နှစ်​ပေါင်း ၆၀ကျော်​ခန့်​ကမှ စတင်​သိရှိခဲ့ကြတာပါ အမေရိကန်​ဟာ ဆိုဗီယက်​နိုင်​ငံကို အနိုင်​ရချင်​တဲ့ဇောနဲ့သာ အချိန်​တိုလေးအတွင်းမှာ ထွက်​ခွာနိုင်​ဖို့ ပြင်​ဆင်​ခဲ့ကြပေမယ့်​ အရမ်းလွယ်​ကူတဲ့ အရာမျိုးတော့ မဟုတ်​ခဲ့ပါဘူး လကမ္ဘာပေါ်ခြေချနိုင်​ဖို့ ပေးဆပ်​ခဲ့ရတဲ့ တန်​ကြေးတွေလည်း မနည်းခဲ့ပါဘူး ငွေကြေးတစ်​ခုတည်းတင်​ မကဘဲ အာကာသယာဉ်​မှူးများစွာရဲ့အသက်​တွေကိုလည်း စတေးခဲ့ကြရပါတယ်​ နိုင်​ငံရေးအရ အဆင်​မပြေခဲ့တာတွေလဲ ရှိခဲ့ပါသေးတယ်​ အောင်​မြင်​တော့မှသာ ဝိုင်းဝန်းလက်​ခုပ်​တီးခဲ့ကြတာဖြစ်​ပြီး မအောင်​မြင်​ခင်​မှာတော့ အဓိပ္ပါယ်​မရှိဘူးလို့ လက်​ညှိုးထိုးခံခဲ့ရတဲ့ ကိစ္စတစ်​ခုပါ…. သူဟာ အဖက်​ဖက်​က ထိုးနှက်​တိုက်​ခိုက်​တာတွေကို နာကျည်းစရာလို့မမြင်​ဘဲ ခွန်​အားအဖြစ်​ပြောင်းလဲ အသုံးပြုခဲ့တဲ့သူတစ်​ယောက်​ပါပဲ ပြီးတော့နောက်​တစ်​ချက်​က ” အောင်​မြင်​တဲ့ ယောကျာ်းတစ်​ယောက်​ရဲ့ နောက်​ကွယ်​မှာ ထက်​မြတ်​တဲ့မိန်းမတစ်​ယောက်​ ရှိတယ်​”ဆိုတဲ့စကားအတိုင်းပဲ သူ့ရဲ့အမျိုးသမီးကလည်း အကောင်းဆုံးသော ပါရမီဖြည့်​ဖက်​တစ်​ယောက်​ဖြစ်​ခဲ့ပါတယ်​ ကိုယ့်​ယောကျာ်းအပေါ်ကို နားလည်​မှု အပေးနိုင်​ဆုံး မိန်းမတစ်​ယောက်​အဖြစ်​ ဒီရုပ်​ရှင်​လေးမှာ မြင်​ရမှာပါ….. အနှစ်​ချုပ်​ပြောရရင်​တော့ First Man ဇာတ်​ကားဟာ IMDB 7.6ရရှိထားပြီး အနှစ်​သာရပြည့်​ဝတဲ့ လကမ္ဘာပေါ် ပထမဆုံးခြေချခဲ့သူ “နေးလ်​ အမ်းစထရောင်း”ရဲ့အတ္ထုပ္ပတ္တိကို ပြန်​လည်​ရိုက်​ကူးထားတဲ့ ရုံတင်​ဇာတ်​ကားကောင်းလေးတစ်​ကားပဲဖြစ်​ပါတယ်

Review Credit to Original

File Size – 3.13 GB
Quality- 4K HDR 8CH
Running Time – 2hr 21min
Format – mkv
Genre – BiographyDramaHistory
Translator – Khine Min
Encoder – K#/4nt_M1nn_K0

First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
First Man (2018)
No downloads available

Related movies