Exit print mode Print Data A+ A- Undo all

Friend Zone (2019)

Friend Zone (2019)Friend Zone (2019)

Synopsis:






Review Credit to Behind the Movie Facebook Page

(Unicode)

သင်ဟာ Friendzone ထဲ ထည့်ခံထားရတဲ့သူလား ဒါဆို ဒီစာကို ဖတ်မနေတော့ပဲ တစ်ခါတည်း crush နဲ့ တူတူ ဒီကားကို သွားကြည့်ပါတော့

Friendzone ထဲလည်းမဟုတ် တခြားဇုန်နဲ့ ဘာဇုန်မှန်းကို မသိတဲ့သူတွေအတွက်ပြောပြပေးမယ်နော်
ခုရုံတင်တဲ့ ထိုင်းကား နှစ်ကားဖြစ်တဲ့ London Sweeties နဲ့ Friendzone ကတော့ ကြည့်သင့်တဲ့ထဲကိုပါ ပါတယ် နှစ်ကားလုံးကြည့်ပြီးတဲ့သူတွေကတော့ London Sweeties ကို ကြိုက်ကြတာ များပါတယ် ဒါပေမယ့် Friendzone ကိုတော့ မေ့ထားလို့မရပါဘူး

အာရှနိုင်ငံတော်တော်များများပါ ရိုက်ထားပြီး ဝင်ငွေများများရအောင် ရိုက်ထားတဲ့ ကားဆိုပေမယ့် လျှော့တော့ တွက်လို့မရပါဘူး မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေရဲ့ အလှတရား ဟာသလည်းနှောထားပြီး ဇာတ်လမ်း ဇာတ်ညွှန်းခိုင်ခိုင်မာမာနဲ့ မင်းသား မင်းသမီးချောချောလေးတွေနဲ့ဆို လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ခုပါ ဒါ့အပြင် တို့ရဲ့ ဖြူဖြူ လေးတောင်ပါသေးတယ်လေ

မင်းသားရဲ့ ဆယ်နှစ်ကျော် ဖရန့်ဇုန်ထဲက ပိတ်မိနေမှု
မင်းသမီးရဲ့ သဝန်တိုမှု စိတ်မချမှု
ကိုယ့်လိုပဲ ဖရန့်ဇုန်ထဲ ပိတ်မိနေတဲ့ သူငယ်ချင်းတွေကို တွေ့သွားတဲ့အခါ . . .
ကိုယ့် crush လေးရဲ့ တဇွတ်ထိုးလုပ်သမျှကို လိုက်ထိန်းနေရတဲ့ မင်းသား
နောက်ဆုံး Friendzoneထဲက ရုန်းထွက်နိုင်မလား ဆက်ပြီးပဲ ပိတ်မိနေမလားဆိုတာ . . .

အမြန်ပဲ crush လေးကိုခေါ်ပြီး ရေလာမြောင်းပေးလုပ်ကြပါစို့
စကားမစပ် ယူတို့ကရော ဘယ် zone ထဲ ရောက်နေတာလဲ

Original title
Friend Zone
Director
Chayanop Bunprakop
Stars
Jason Young, Naphat Siangsomboon, Nutthasit Kotimanuswanich, Pimchanok Leuwisetpaiboon
Release Date
14 Feb 2019
Rated
N/A
Runtime
118 min
Awards
N/A
Country
Thailand
Popularity
13.703
Status
Released
ID IMDb.com
tt9737688
IMDB Rating
7.6
IMDB votes
590
ID Themoviedb.org
582681
TMDb Rating
8.4
TMDb votes
8