Exit print mode Print Data A+ A- Undo all

Fury (2014)

War never ends quietly.
Fury (2014)Fury (2014)

Synopsis:

၁၉၄၅ ခုုနှစ်၊ ဧပြီလ။  ဒုုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုုင်ငံဖြစ်တဲ့  နာဇီ ဂျာမနီနိုုင်ငံအား အမေရိကန်မှ နောက်ဆုုံးထိုုးစစ်ဆင် တိုုက်ခိုုက်နေတဲ့အချိန်။

အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လိုု့ခေါ်တဲ့ တင့်ကား ကိုုဦးဆောင်ကာ တိုုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒိုု (Gordo) တိုု့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုုက်ပွဲဝင်ခဲ့ကြတဲ့ ၀ါရင့်စစ်သားတွေပဲဖြစ်ပါတယ်။

ဖျူရီ ရဲ့လက်ထောက်ကားမောင်းသမား ကျဆုုံးသွားတဲ့အချိန်မှာတော့ လူစားထိုုးအနေနဲ့  တပ်လက်နှိပ်စက်စာရေး နော်မန် ( Norman ) ရောက်လာပါတယ်။ ဖျူရီ ရဲ့ အဖွဲ့သားတွေက အတွေ့အကြုံမရှိ တဲ့ နော်မန်ကိုု မလိုုလားကြပါဖူး။ တစ်ရက်တော့ ကင်းထောက်ထွက်ရင်း ဖျူရီပေါ်မှ ကင်းတာဝန်ယူထားတဲ့ နော်မန်က ရန်သူကိုုမြင်လိုုက်ပေမယ့် ဆယ်ကျော်သက်အရွယ်ဖြစ်နေတာမိုု့ သတ်ဖိုု့လက်မရဲတဲ့အတွက် အမေရိကန်တပ်မှ တင့်ကားတစ်စီးပျက်စီးကာ စစ်သားများလည်း အနိုုင်ရသွားပါတယ်။ ကော်လီရာက နော်မန်ကိုု ဒေါသတကြီးဆူပူကာ အရှင်မိထားတဲ့ ဂျာမန်သုုံ့ပန်းတစ်ယောက်ကိုု သူ့ရှေ့မှာတင် သေနတ်နဲ့ပစ်ခိုုင်းခဲ့ပါတယ်။ နောက်ဆုုံးမှာတော့  ရန်သူကိုုမသတ်ရဲတဲ့ နော်မန်ကိုု ကော်လီယာကိုုယ်တိုုင် အတင်းဖမ်းချုပ်ပြီး လက်ထဲကိုုသေနတ်အတင်းထည့်ကာ ရန်သူကိုုပစ်သတ်လိုုက်ပါတယ်။

ဖျူရီအပါအဝင် တခြားတင့်ကားတပ်ဖွဲ့တွေက ရိက္ခာပိုု့ယဉ်တွေကိုု ကာကွယ်ဖိုု့ အရေးပါတဲ့လမ်းကြောင်း တစ်လေ ျှာက် စစ်ဆင်ရေးလုုပ်ခဲ့ရာ ဂျာမနီဘက်မှ အကြီးစားတင့်ကား Tiger 1 နဲ့ရင်ဆိုုင်ရတဲ့အတွက် တခြားတင့်ကားတွေအားလုုံး ပျက်ဆီးကာ ဖျူရီတစ်စီးပဲ ကျန်ရစ်ပါတယ်။ အပြန်လမ်းှာ မြေမြှုပ်မိုုင်းတစ်ခုုကိုု နင်းမိပြီး ဖျူရီရဲ့ ဘီးတွေပျက်ဆီးသွားပါတယ်။

ကော်လီရာက နော်မန်ကိုု အနားက တောင်ကုုန်းပေါ်မှာ ကင်းစောင့်ခိုုင်းထားပြီး ကျန်တဲ့သူတွေနဲ့ ဖျူရီကိုု ပြင်ဖိုု့ကြိုးစားပါတယ်။ နော်မန်ကင်းစောင့်နေစဉ်အတွင်း ဂျာမန်စစ်သား သုုံးရာကျော်ဟာ စစ်သီချင်းသံပြိုင်ဆိုုကာ ဖျူရီရှိတဲ့ လမ်းတည့်တည့်ကိုု ချီတက်လာနေကြောင့် တွေ့လိုုက်ရပါတော့တယ်။

အဲ့ဒီအကြောင်းကိုု နော်မန်က ကော်လီရာဆီ အချိန်မီရောက်အောင် အမြန်သတင်းပိုု့လိုုက်ပါတယ်။ ကော်လီရာက ဖျူရီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဘိုုင်ဘယ် ၊ ကွန်းအက်စ်  ၊ဂေါ်ဒိုု  နဲ့ နော်မန်တိုု့ကိုု လက်နက် ကျည်ဆံအပြည့်ပေးပြီး အကာအကွယ်ရှိရာ တောတန်းဆီကိုု ဆုုတ်ခွာခိုုင်းပါတယ်။ သူကိုုယ်တိုုင်ကတော့ ဖျူရီပေါ်မှ စက်သေနတ်ကိုု ကျည်ဖြည့်ကာ စောင့်နေခဲ့ပါတယ်။

လက်တွဲညီတဲ့ ဖျူရီ ဘက်တော်သားတွေက ခေါင်းဆောင်ဖြစ်တဲ့ ကော်လီရာကိုုမထားခဲ့ နိုုင်ကြပဲ ဘီးတွေပျက်ဆီးသွားလိုု့ မရွေ့လျားနိုုင်တော့တဲ့ ဖျူရီပေါ်မှနေပြီး ရန်သူအင်အား သုုံးရာကျော်ကိုု ခုုခံဖိုု့ ဆုုံးဖြတ်လိုုက်ကြပါတော့တယ်။

သူတိုု့ ၅ယောက်က လက်နက်၊ ကျည်၊ လက်ပစ်ဗုုံး ရသမ ျှစုုစည်းကာ ဖျူရီကိုုလည်း တင့်ကားအပျက်သဖွယ် ပြင်ဆင်ပြီး ရန်သူတပ်ကြီးအလာကိုု တင့်ကားအတွင်းမှ တိတ်ဆိတ်စွာစောင့်ဆိုုင်းနေပါတော့တယ်။

တင့်ကားကိုု သန့်ရှင်းရေးလုုပ်ဖိုု့အသွား ကားအတွင်းမှ ခန္စာကိုုယ်အပိုုင်းအပြတ်ကိုု မြင်ပြီး ကြောက်လန့်ကာထွက်ပြေးခဲ့ရတဲ့ နော်မန်က အခုုတော့ ဖျူရီရဲ့ အားကိုုးရတဲ့ စစ်သားတစ်ယောက်ဖြစ်နေပါပြီ။ ခေါင်းဆောင်ဖြစ်တဲ့ ကော်လီရာက ဖျူရီကိုုရောက်လာတဲ့ သူ့လက်အောက်ငယ်သားအားလုုံးကိုု ဘေးကင်းစေရမယ်လိုု့ အာမခံကာ သူကိုုယ်တိုုင်က တင့်ကားအတွင်းမှာဘယ်တော့မှမနေပဲ တင့်ကားအမိုုးမှာခေါင်းထွက်ကာ တိုုက်ပွဲမြင်ကွင်းကိုု သေချာကြည့်ပြီး ကြီးကြပ်ကွပ်ကဲတဲ့အတွက် ရန်သူ့တပ်နဲ့တွေ့တိုုင်း ဖျူရီက အနိုုင်ရခဲ့တာချည်းပဲဖြစ်ပါတယ်။

ဒီတစ်ခါ တိုုက်ပွဲကတော့ ဖျူရီအတွက် နောက်ဆုုံးတုုိက်ပွဲဖြစ်မလား ။ ရန်သူဘက်မှအင်အားများပေမယ့် တင့်ကားမပါတဲ့အတွက် ဖျူရီအတွက် မေ ျှာ်လင့်ချက်ရှိနိုုင်မလား။ ကော်လီရာရဲ့ ကွပ်ကဲမှုနဲ့ဖျူရီတပ်ဖွဲ့ဝင်တွေ အရင်လိုုပဲ အောင်ပွဲခံနိုုင်မလား ဆိုုတာကိုုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားကြည့်စေလိုုပါတယ်။

ဖျူရီက စစ်ပွဲ ရိုုက်ကွင်းအပြင်အဆင်၊ သရုုပ်ဆောင်တွေရဲ့ ပီပြင်မှု တွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကိုု ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်မင်းသား ဘရက်ပစ်ရဲ့ ကော်လီရာဇတ်ရုုပ်အပေါ် ပီပြင်မှုကလည်း ဇာတ်ရှိန်ကိုု မြင့်တက်စေပါတယ်။ ပါဝင်တဲ့ သရုုပ်ဆောင်တွေကတော့ ဖျူရီဇာတ်ကားရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကိုုတွေ့ကြုံခံစားရတဲ့ သာမန်မိသားစုုတွေလိုုပဲ ဖျူရီတပ်ဖွဲ့ဝင်တွေကလည်း သူတိုု့ရဲ့ တင့်ကားနဲ့ မိသားစုုဝင်တွေဖြစ်တဲ့ တင့်ကားအဖွဲ့ဝင်တွေကိုု အချင်းချင်းကာကွယ်စောင့်ရှောက်ပုုံကိုု ရိုုက်ကူးထားတာဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။

ရုုပ်ရှင်အစအဆုုံး စစ်အနိဌာရုုံများကိုုလည်း ပီပြင်စွာ ကြည့်ရမယ့်ဒီဇာတ်ကားက လက်ရှိမှာ  IMDB rating 8.1 ရရှိထားပါတယ်။ မင်းသား ဘရက်ပစ် ဦးဆောင်ပါဝင်ပြီး End of Watch (2012) , Training Day (2001), The Fast and Furious (2001) တိုု့ရဲ့ နံမည်ကျော်ဒါရိုုက်တာ ဒေးဗစ်အိုုင်ယာက ထုုတ်လုုပ်သူ ဒါရိုုက်တာ အနေနဲ့ရိုုက်ကူးထားတာဖြစ်ပါကြောင်း…

(ရုပ်ရှင်အညွှန်းကို mmmovieguide မှကူးယူဖော်ပြပါသည်။)

Original title
Fury
Director
David Ayer
Stars
Brad Pitt, Brad William Henke, Jason Isaacs, Jim Parrack, Jon Bernthal, Kevin Vance, Logan Lerman, Michael Peña, Scott Eastwood, Shia LaBeouf, Xavier Samuel
Release Date
22 Oct 2014 (UK)
Rated
R
Runtime
134 min
Awards
5 wins & 23 nominations.
Country
United States / China / United Kingdom
Budget
USD $68 000 000,00
Revenue
USD $211 817 906,00
Popularity
66.354
Status
Released
ID IMDb.com
tt2713180
IMDB Rating
7.6
IMDB votes
417,557
ID Themoviedb.org
228150
TMDb Rating
7.5
TMDb votes
8419