Exit print mode Print Data A+ A- Undo all

Geostorm (2017)

Some things were never meant to be controlled.
Geostorm (2017)Geostorm (2017)

Synopsis:

ဒီတစ်ပတ်တော့ ပရိသတ် တွေကို အကြိုက်တွေ့စေမယ့် သဘာဝဘေးအန္တရာယ်ကို အခြေခံရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကား Geostorm ကြည့်ဖို့ ညွှန်းချင်ပါတယ်။

၂၀၁၉ မှာ မကြုံစဖူးတဲ့သဘာဝဘေးအန္တရာယ်မျိုးစုံကို ကြုံတွေ့အပြီးမှာတော့ နိုင်ငံပေါင်း ၁၈ နိုင်ငံက ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကမ္ဘာမြေကြီးနဲ့ လူသားတွေကို သဘာဝဘေးက ကာကွယ်နိုင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာ့ရာသီဥတုကို ဂြိုဟ်တုကွန်ရက်ဖန်တီးပြီး ထိန်းချုပ်ထားဖို့ပဲဖြစ်ပါတယ်။

ရာသီဥတု ထိန်းချုပ်မှုစနစ် ကို Dutch Boy လို့အမည်ပေးထားပြီး ကမ္ဘာတစ်လွှားမှာအခြေစိုက်စခန်းတွေထားပြီး ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီဂြိုဟ်တုတွေကို ဂျိတ်ခ်လော်ဆန်က ဒီဇိုင်းဆွဲဖန် တီး တည်ဆောက်ထားတာဖြစ်ပြီး  အခြေစိုက်စခန်းတွေအားလုံးကို ညွှန်ကြားလုပ်ဆောင်နေတာပါ။ နောက်တော့ဂျိတ်ခ်နဲ့ ခေါင်း ဆောင်အချို့အဆင်မပြေဖြစ်ပြီး  ဂျိတ်ခ်နေရာကိုသူ့ညီ မက်စ်လော်ဆန်နဲ့အစားထိုး လုပ်ဆောင်စေခဲ့ပါတယ်။ သုံးနှစ်လောက်အကြာမှာတော့ ဖလော်ရီဒါမှာနေနေတဲ့ဂျိတ်ခ်ကို မက်စ်က လာရှာပြီး အလုပ်ပြန်လုပ်ဖို့ တောင်းပန်ခဲ့ပါတယ်။

ဒါနဲ့ပဲ ဂျိတ်ခ်က အလုပ်ပြန်လုပ်ဖြစ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဟောင်ကောင်မှာ ရာသီဥတုအရမ်းပူလာတဲ့အတွက် ဓာတ်ငွေ့တွေယိုစိမ့်ပြီး မြို့တစ်စိတ်တစ်ပိုင်းပျက်စီးသွားရုံသာမက ဟောင်ကောင်အခြေစိုက်စခန်းကိုပါ ထိခိုက်ပါတော့တယ်။

ဟောင်ကောင်မှာရှိတဲ့ ရာသီဥတုထိန်းချုပ်မှုဂြိုဟ်တုစနစ် ချွတ် ယွင်းသွားတာမို့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အရေး ဂျိတ်ခ်၊ မက်စ်တို့တစ်တွေ အသည်းအသန် ကြိုးပမ်းကြရပါတော့တယ်။ စနစ်ချွတ်ယွင်းတာကို အချိန်မီမပြင်ဆင်နိုင်ဖူးဆိုရင်တော့ Geostrom ဆိုတဲ့ကမ္ဘာဖျက်မုန်တိုင်းကြီးနဲ့ရင်ဆိုင် ရမယ့်အနေအထားရှိနေပါတယ်။

ဂျိတ်ခ်တို့အဖွဲ့တွေ ကမ္ဘာဖျက်မုန်တိုင်းကြီးကို ကာကွယ်ပေးနိုင်ပါ့မလား၊ ကမ္ဘာမြေကိုကာကွယ်ဖို့ အနာဂတ်မှာဖြစ်လာနိုင်တာတွေကို စိတ်ကူးယဉ် ဖန်တီးတင်ဆက်ထားတာမို့ ပရိသတ်တွေကိုယ်တိုင်ကြည့်ပြီး အကဲဖြတ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

ဒါရိုက်တာဒင်းန်ဒက်ဗ်လင်ရိုက်ကူးထားတဲ့ဒီဇာတ်ကားမှာ ဂါရက်ဘတ်တလာ၊ ဂျင်မ်စတာဂက်စ်၊ အက်ဘီကော်နစ်ရှ်၊ အက်ဒ်ဟဲရစ္စစတဲ့ သရုပ်ဆောင် တွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအညွှန်းကိုတော့ 7Daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 1.72 GB
Quality – Blu-Ray 1080P 6CH
Running Time – 1h 49min
Format – mkv
Genre – Action, Sci-Fi, Thriller
Subtitle – Myanmar (Hard Sub)
Translator – K#/4nt_M1nn_K0
Encoded By – K#/4nt_M1nn_K0

 

Original title
Geostorm
Director
Dean Devlin, Sam Sullivan, Suzanne Bingham
Stars
Abbie Cornish, Alexandra Maria Lara, Andy García, David S. Lee, Ed Harris, Eugenio Derbez, Gerard Butler, Jim Sturgess, Robert Sheehan, Zazie Beetz
Release Date
20 Oct 2017
Rated
PG-13
Runtime
109 min
Awards
N/A
Country
USA
Budget
USD $120 000 000,00
Revenue
USD $221 600 160,00
Popularity
16.57
Status
Released
ID IMDb.com
tt1981128
IMDB Rating
5.3
IMDB votes
70,577
ID Themoviedb.org
274855
TMDb Rating
5.8
TMDb votes
1874