သူရဲကောင်းဆိုတဲ့ အဓိပ္ပါယ်နောက်ကွယ်မှာ နာကျင်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ ခါးသီးတဲ့ လောကဒဏ်တွေ ရင်းခဲ့ရတာ ဘယ်သူသိမှာလဲ။ လူဆိုတာ သိပ်ကို ကြီးကျယ်မြင့်မြတ်ချင်တဲ့ သတ္တ၀ါတွေပဲ။ ကိုယ့်ကို တစ်လောကလုံးက လေးစားကိုးကွယ်ဖို့ ဘာမဆို ရင်းရဲတာလည်း လူပါပဲ။ ယုတ်စွအဆုံး ကိုယ့်ဖခင်ကိုတောင် ပြန်သတ်ပြီးမှလေ။ မားကတ်အော်ရဲလိယက်စ် ဆိုတာ ရောမမှာ ကြီးကျယ်မြင့်မြတ်တဲ့ ဘုရင်ကြီးတစ်ပါးပဲ။ သူ့ရဲ့ အတွေးအခေါ်တွေ တိုင်းသူပြည်သားတွေ အပေါ်ထားတဲ့ ကရုဏာတွေကြောင့် ရောမတစ်ပြည်လုံး လေးစားကိုးကွယ်ကြတဲ့ သူရဲကောင်းကြီးပေါ့။ သူ့ရဲ့ လက်ရုံးတော် ရဲရင့်တဲ့ စစ်သူကြီး မက်ဇီမက်ဇ်ဆိုတာလည်း တိုက်ပွဲတိုင်း အောင်နိုင်ပေမယ့် မာန်မာနမရှိဘဲ သူ့မိသားစုနဲ့ အေးချမ်းစွာ နေချင်တဲ့ လူရိုးကြီးပါ။ တစ်တိုင်းပြည်လုံးဟာ ဒီလို လက်ရုံးရည် နှလုံးရည်ပြည့်စုံတဲ့ သူရဲကောင်းများနဲ့ ဂုဏ်ယူဝင့်ကြွားနိုင်ပေမယ့် ဘုရင်ကြီး အသက်ကြီးလာတဲ့အခါ နောင်ဆက်ခံမယ့် ဘုရင်ကိုလည်း မက်ဇီမက်ဇ်ကိုသာ မဲပေးချင်ကြပါတယ်။ အေးချမ်းစွာ နေလိုတဲ့ စစ်သူကြီးကလည်း ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ဖို့ ရိုးသားစွာ ငြင်းဆိုလိုက်တဲ့အခါ ဘုရင်အသစ်ရွေးချယ်ဖို့ ပြဿနာဟာ မထင်မှတ်ဘဲ ကြီးထွားလာပါတော့တယ်။
အခွင့်အရေးကို ချောင်းမြောင်းနေသူ ကောက်ကျစ်ယုတ်မာတဲ့ ဘုရင့်သားတော် ကောမိုဒက်ဟာ ဘုရင်ကြီးကို စစ်သူကြီးက သတ်ပြီး ဘုရင်လုပ်ဖို့ ကြိုးစားနေပါတယ်လို့ ထောင်ချောက်ဆင်ကာ ဖခင်အရင်းခေါက်ခါက်ကို ပြန်သတ်ပြီး မက်ဇီမက်ဇ်ကို ချောက်တွန်းပါတော့တယ်။ အပြစ်မဲ့သူ စစ်သူကြီးဟာ သူ့ဖခင်လို လေးစားတဲ့ ဘုရင်ကြီးလည်း အသတ်ခံရရုံမက သူ့မိသားစုကိုပါ ဆုံးရှုံးလိုက်ရကာ သူကိုယ်တိုင်လည်း ကျွန်တစ်ယောက်အဖြစ် ရောင်းစားခံလိုက်ရတယ်။ အရာအားလုံးဆုံးရှုံးပြီးသား လူတစ်ယောက်မှာ မျှော်လင့်စရာ ဘာများကျန်သေးလို့လဲ။ နာကျည်းမှုဒဏ်ရာတွေနဲ့ အသက်မသေအောင် ရုန်းကန်ရမှာက ခြသေ့င်္တွေနဲ့ လက်ချည်းသက်သက် တိုက်ခိုက်ရမတဲ့။ သားရဲတိရစ္ဆာန်တွေကို အနိုင်ရရင် လူလူချင်း တိုက်ရပြန်မတဲ့။ လူလူချင်း တိုက်လို့ နိုင်ပြန်ရင်လည်း လက်နက်ချင်း တိုက်ရဦးမယ်။ လောကဓံဟာ တစ်ခါတစ်လေမှာ ရေနစ်သူကို ၀ါးကူလို့ ထိုးတယ်။ မျှော်လင့်ချက်မရှိတဲ့သူကို ပေးလိုက်တဲ့ အရာက သူရဲကောင်းတဲ့လား။
Gladiator ဟာ သူရဲကောင်းဆိုတဲ့ အဓိပ္ပါယ်ကို အလှပဆုံးနဲ့ ကြေကွဲစရာ အကောင်းဆုံးဖြစ်အောင် ဖော်ကျူးပြသွားနိုင်တဲ့အတွက် အော်စကာ ၁၂ ဆု လျာထားတဲ့အထဲက အကောင်းဆုံးရုပ်ရှင်နဲ့ မင်းသားဆုအပါအ၀င် အော်စကာ ၅ ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားခဲ့ပါတယ်။ မင်းသား ရပ်ဆဲလ်ခရိုး ကို ဒုတိယအကြိမ်မြောက် အော်စကာရစေခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်သလို ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်ကားစာရင်းထဲမှာလည်း ထိပ်တန်းကနေ ပါဝင်ခဲ့ပါတယ်။ သုံးနာရီစာ ကြာမြင့်တဲ့ ဒီရုပ်ရှင်ဟာ ပရိသတ်များ မလွဲမသွေ သိမ်းဆည်းထားသင့်တာမို့ အကောင်းဆုံး အရည်အသွေးရအောင် ကြိုးစားပေးထားတဲ့အတွက် ဆိုဒ်တော့ ကြီးနေပါလိမ့်မယ်။
Review Credit to Waiyan Philip
File Size – 2.71 GB
Quality- Blu-Ray 1080p 8CH
Running Time – 2hr 50min
Format – mkv
Genre – Action, Adventure, Drama
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – K#/4nt_M1nn_K0