Exit print mode Print Data A+ A- Undo all

Gravity (2013)

Don't Let Go
Gravity (2013)Gravity (2013)

Synopsis:

Gravity အပြင်ဘက် ခုန်ထွက်!!!

 

Gravity (2013)
—————-

“မတ်ရေ ရှင့်ရဲ့ အတောမသတ်နိုင်တဲ့
ပုံပြင်တွေကို ဒီအပတ်အတွင်း အတော်နားထောင်လိုက်ရတာမို့ ကျွန်မကို တစ်ခုပြန်ကူညီပါ။ ဆံပင်အညိုရောင်ရယ်
ခပ်ပေပေ ခပ်တန်တန်းနေတဲ့ ကောင်မလေးတစ်ယောက်ကို ရှင်တွေ့ရလိမ့်မယ်။
သူ့နာမည်က ဆာရာတဲ့။ မေမေက သူ့ရဲ့ ဖိနပ်အနီရောင်လေးကို ပြန်တွေ့ပြီလို့ သူ့ကိုရှင်တစ်ချက်လောက် ပြောပေးစမ်းပါ။
သူက ဒီဖိနပ်အတွက်သိပ်ကို စိတ်ပူနေတာ မတ်ရဲ့။
ဖိနပ်က သူ့ကုတင်အောက်မှာတင်ရှိတာကို။
ပြီးတော့ သူ့ကို ကျမကိုယ်စား အနမ်းလေးတစ်ပွင့်ပေးပေးစမ်းပါ။
နောက်ပြီး မေမေက သူ့ကိုသိပ်လွမ်းနေတယ်လို့လည်း ပြောလိုက်ပါအုန်း။ သူက မေမေ့ရဲ့ နတ်သမီးလေးပါလို့။
နောက်ပြီး ကျမက နောက်ဆုံးအချိန်ထိ အရှုံးမပေးဘူးဆိုလည်း သူမကို ပြောလိုက်ပါအုန်း။
မတ်ရေ မေမေက သူ့ကိုသိပ်ချစ်ပါတယ်ဆိုတာလည်း ပြောဖို့မမေ့နဲ့အုန်းနော်”

_________________

SIMPLE !!!
AWESOME !!!

ဒီစကားလုံးနှစ်ခုကို စာကြောင်းတစ်ကြောင်းတည်းမှာ အရာဝတ္ထုတစ်ခုတည်းကို ညွန်းတဲ့မနေနဲ့ တွေ့ရခဲပါလိမ့်မယ်။
ရှုပ်မှ ……
ပုံပြင်တွေအများကြီးရှိမှ……
ဇာတ်ကောင်တွေအများကြီးပါမှ
Awesome လို့သုံးနေတဲ့အချိန်ကြီးမှာ
ရိုးရှင်းလွန်းတဲ့ ဇာတ်လမ်းနဲ့ ရုပ်ရှင်ဟာ ဘယ့်နှယ့် Awesome ဖြစ်မလဲပေါ့ ……

Gravity ရုပ်ရှင်ဟာ တကယ့်ကို Simple and Awesome ပါဘဲ။ ဇာတ်လမ်းကတော့ အာကာသယာဉ်ပျက်စီးသွားတဲ့ လူတစ်ယောက်ဟာ အမိကမ္ဘာမြေကိုပြန်လာဖို့ကြိုးစားတာ … ဒါပါဘဲ။

ဒေါက်တာရိုင်ယန်ဟာ ကျန်းမာရေးအင်ဂျင်နင်ယာတစ်ယောက်။ ဒီခရီးစဉ်ဟာ သူ့ရဲ့ ပထမဦးဆုံး အာကာသခရီးစဉ်တစ်ခု။
မတ်ကတော့ ဒီခရီးစဉ်ဟာ သူ့ရဲ့ နောက်ဆုံးခရီးစဉ်တစ်ခု။ ဒါပြီးရင် သူကအနားယူပြီ။ သူတို့တွေ Open Space လို့ခေါ်တဲ့ ယာဉ်ပြင်ပမှာ ပစ္စည်းတပ်ဆင်နေတုန်း ရုရှားတို့ပစ်ခွင်းလိုက်တဲ့ ဂြိုလ်တုရဲ့ အပိုင်းအစတွေဟာ သူတို့ရှိရာလမ်းဘက်ကိုလာစင်ခဲ့တယ်။
သူတို့ ဗဟိုတည်ရာယာဉ်ရော အပေါင်းအပါတို့ရော သေဆုံးသွားခဲ့ရပြီး မတ်နဲ့ရိုင်ယန်ဘဲကျန်ပါတော့တယ်။

အရာအားလုံးဟာ သိပ်ကိုမြန်ဆန်လွန်းတယ်။
မိနစ် ၉၀တိတိကြာတဲ့ ဒီဇာတ်ကားမှာ သူတို့ကို အပိုင်းအစတွေလာမှန်တဲ့အထိဆို ၁၃ မိနစ်လောက်ဘဲရှိလိမ့်မယ်။ ကျန်တဲ့အပိုင်းမှာ ရိုင်ယန်နဲ့မတ်တို့ ကမ္ဘာမြေကိုပျံဖို့ကြိုးစားတာပါဘဲ။

ဒီတော့ နှစ်ယောက်လုံးပြန်ရောက်မလား မရောက်ဘူးလား ဒါမှမဟုတ် တစ်ယောက်ယောက်များ တစ်ခုခုဖြစ်မလားဆိုတာကတော့ ဇာတ်ကားမှာဘဲစောင့်ကြည့်ပါလေ။

___________

Gravity ဟာ ဒီစာရင်းထဲမှာပါတဲ့ Alfonso ရဲ့ ဒုတိယမြောက် ဇာတ်ကားပါ။
၃၆၅ ကားစာရင်းကို Alfonso ရဲ့
နောက်ဆုံးကားဖြစ်တဲ့ Roma နဲ့စတင်ဖွင့်လှစ်ခဲ့ပါတယ်။
အဲ့ဒိမှာ ပြောခဲ့တဲ့အတိုင်းဘဲ ဒီမှာလည်းပြောပါမယ်။

ရုပ်ရှင်ဇာတ်ကားတစ်ခုရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ ရုပ်ရှင်ဇာတ်လမ်းပေါ်မှာ ၂၀% မျှသာသက်ဆိုင်ပါတယ်။
အဓိကကတော့ ဇာတ်လမ်းကို ပရိသတ်အရှေ့ချပြပုံတွေ
ဇာတ်လမ်းကို ချယ်သပုံတွေမှာသာ အများအားဖြင့် သက်ဆိုင်ပါတယ်။ ဒီနေရာမှာ Alfonso Cuaron ဟာ ဆရာတစ်ဆူလို့ဘဲဆိုရမယ်။ Harry Potter and the Prisoner of Azkaban – Gravity – Roma အစရှိတဲ့ ဇာတ်ကားတွေကို အကောင်းဆုံး ထွင်းထုနိုင်ခဲ့တဲ့ Alfonso ဟာ သိပ်ကိုပညာပါတယ်။

သူပြချင်တဲ့ အရာဟာ ဇာတ်လမ်းကျောရိုးကျယ်ကျယ်ပြန့်ပြန့်မရှိတိုင်လည်း ပရိသတ်ဟာ ပင်လယ်ပြင်ကူးနေရသလို ကျယ်ပြန့်နေသယောင်ခံစားမိနေမှာဘဲ။ Gravity ကိုဘဲကြည့် Ryan (Sandra Bullock) —
Matt (George Clooney) နှစ်ယောက်တည်းရယ် မှောင်မဲနေတဲ့ ကမ္ဘာ့ပြင်မရယ်နဲ့တင် အကောင်းဆုံးသော သမိုင်းဝင် ရုပ်ရှင်ကားတစ်ချပ်ကို ထွင်းထုပြခဲ့တယ်။
ဒီအတွက်လည်း သူဟာ ဒီဇာတ်ကားအတွက် ၂၀၁၄ မှာ အကောင်းဒါရိုက်တာဆုအတွက် အောစကာရခဲ့ပါသေးတယ်။
ဒါ့အပြင် Gravity ဟာ ထိုနှစ်က အောစကာ ၇ ဆုတိတိနဲ့ အိမ်ပြန်ခဲ့နိုင်တဲ့အထိ အောင်မြင်ခဲ့တယ်။

ဒါနဲ့ ရုပ်ရှင်နာမည်က ဘာလို့ Gravity ဖြစ်နေတာတုန်း ?
ကျုပ်တို့ မွေးကတည်းကနေ အလကားရနေတဲ့ အရာတွေကို သိပ်အလေးမပြုနိုင်ခဲ့ဘဲ ပေါ့တိပေါ့ရဲ့နေခဲ့တဲ့အထဲမှာ Gravity ဆိုတဲ့ ကမ္ဘာမြေဆွဲအားဟာ အကြီးဆုံးအရာတစ်ခုပါဘဲ။ အလကားရတဲ့ လေတွေ ရေတွေရဲ့ အရေးပါမှုကို တဖြေးဖြေးသိလာခဲ့ပေမယ့် Gravity ဆိုတာကြီးကိုမေ့ထားလို့ကောင်းတုန်းပါဘဲ။
ဒီတော့ ရိုင်ယန်နဲ့မတ်တို့ ကမ္ဘာအပြင်ရောက်သွားတဲ့အခါ အရာကြီးတစ်ခုမရှိတော့ပါဘူး။ ဟုတ်ပါတယ် ကမ္ဘာ့ဆွဲအားပါ။ ဒီတော့ ဒါရိုက်တာလည်းဖြစ်
Co writer လည်းဖြစ်တဲ့ Alfonso ဟာ Gravity ကို သတိပေးချင်တာ မဆန်းပါဘူး။

ဒီဇာတ်ကားရဲ့ Background Score ကို
Steven Price က ဖန်တီးပေးထားတာပါ။
Steve ဟာ Gravity မှာ သူ့ရဲ့ အတိုင်းအထက်အလွန် ကောင်းလွန်းတဲ့ Score ကြောင့် အောစကာရခဲ့ပါသေးတယ်။
Fury / Suicide Squad / Baby Driver တို့ရဲ့ Score တွေကို ဖန်တီးပေးခဲ့တဲ့ Steve ဟာ Gravity အတွက် အပြစ်ပြောစရာမရှိတဲ့ Score တစ်တွဲကို ဖန်တီးခဲ့တယ်ဆ်ုလည်း မမှားပါဘူး။
ဒီဇာတ်ကားကို လှေကားထစ် လေးထစ်တက်နိုင်ခဲ့တယ်ဆိုရင် သေချာတာတော့
Steve ဟာ ကမ္ဘာမြေဆွဲအားမရှိတဲ့ကြားက
Gravity ဇာတ်ကားကို တစ်ထစ်တွန်းတင်ပေးနိုင်ခဲ့တယ်လို့ ပြောရင်မမှားပါဘူး။

Alfonso ကတစ်ထစ် ……
ဆန်ဒြာဘူးလော့က တစ်ထစ် ……
Steve က တစ်ထစ် ……
နောက်တစ်ထစ် ဘယ်သူဖြစ်မလဲ ??

Lubezki ဆိုတဲ့သူပါ။
သူဟာ Gravity ရဲ့ Cinematographer ဖြစ်သလို Alfonso ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်တယ်။
Gravity ကြည့်ရင်း အိပ်ပျော်သွားသူတွေအနေနဲ့ နောင်တရသင့်တာတော့ Lubezki ရဲ့ မှော်ဆန်တဲ့လက်ရာကိုမတွေ့ရတာဘဲဖြစ်ပါလိမ့်မယ်။
စ လယ် ဆုံး မျက်တောင်မခတ်ရဲလောက်အောင် ဒါမှမဟုတ် အသက်ရှုဖို့မေ့လောက်တဲ့ Scene တွေကို ပေးဆပ်နိုင်ခဲ့တဲ့ Lubezki ရဲ့ ဒီလက်ရာဟာ ၂၀၁၄ အောစကာညက သူ့ကို ရွှေစင်ရုပ်တုတစ်ခု အိမ်သယ်ပေးသွားနိုင်ခဲ့ပါသေးတယ်။

တကယ်တော့ Gravity ဟာ Sci-fi ဇာတ်ကားမဟုတ်ပါဘူး။ ကမ္ဘာ့အပြင်ဘက်မှာအခြေတည်တဲ့ Thriller ဆိုရင် ပိုမှန်ပါလိမ့်မယ်။ Sandra Bullock ရဲ့ သရုပ်ဆောင်အားဟာ အံ့အားသင့်ချင်စရာကောင်းလောက်အောင်ကို ကောင်းလွန်းပါတယ်။ ဒီလို ကားကြီးတစ်ခုရဲ့ ဝန်ထုပ်တစ်ခုလုံးကို သူ့တစ်ယောက်တည်းရဲ့ ခေါင်းပေါ်ရွက်ထားပြီး သရုပ်ဆောင်သွားတာဟာ လိုအပ်ချက်တစ်စုံတစ်ရာတောင် မတွေ့ရပြန်ဘူး။
(သိပ္ပံဆိုင်ရာ အလွဲတစ်ချို့ကလွဲလို့ပေါ့။ မည်သို့ပင်ဆိုစေကာမှု ရသပေးနိုင်တဲ့ အဆင့်မှာတောင်
ကြယ် ၅ပွင့်အပြည့်ရထိုက်ပါတယ်)

ဇာတ်ကားအစကနေ အဆုံးအထိ
Alfonso ရဲ့ ဒါရိုက်တာပညာ …
Steve ရဲ့ အသက်ပါတဲ့ Score တွေ ……
Lubezki ရဲ့ မှော်ဆန်တဲ့ Scene ဖန်တီးချက်တွေ
Sandra Bullock ရဲ့ အပိုအလိုကင်းတဲ့ သရုပ်ဆောင်မှုတွေပေါင်းလိုက်တဲ့အခါမှာတော့
Gravity ဟာ သိပ်ကိုလှပတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်။

အညွှန်းရေးသားထားသူအား Credit ပေးပါတယ်ခင်ဗျာ

Translator — Aung Myat Thu

Encoder — K#/4nt_M1nn_K0

Original title
Gravity
Director
Alfonso Cuarón, Ben Howard, Edward Brett, Josh Robertson, Laura Miles, Marcia Gay, Stephen E. Hagen, Toby Hefferman, Tom Brewster
Stars
Amy Warren, Basher Savage, Ed Harris, George Clooney, Orto Ignatiussen, Phaldut Sharma, Sandra Bullock
Release Date
04 Oct 2013
Rated
PG-13
Runtime
91 min
Awards
Won 7 Oscars. Another 232 wins & 175 nominations.
Country
UK, USA
Budget
USD $105 000 000,00
Revenue
USD $716 392 705,00
Popularity
18.969
Status
Released
ID IMDb.com
tt1454468
IMDB Rating
7.7
IMDB votes
697,494
ID Themoviedb.org
49047
TMDb Rating
7.2
TMDb votes
9177